ကန်ထရိုက်တိုက်ခန်းဝယ်ယူရင် သတင်းစာထဲကြော်ငြာတာ ခိုင်မာမှုရှိ

ကန်ထရိုက်တိုက်ခန်းဝယ်ယူရင် သတင်းစာထဲကြော်ငြာတာ ခိုင်မာမှုရှိ - Property News in Myanmar from iMyanmarHouse.com
9 Aug 2016 11:08 am တွင် တင်ခဲ့သည်
1194 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တာတွေအပေါ်မှာ ယုံကြည်မှုကင်းမဲ့လာတာကြောင့် သတင်းစာထဲကနေ သတင်းပေးကြော်ငြာတွေ ကန့်ကွက်ကြော်ငြာစာတွေ ထည့်ကြပြီး ကြော်ငြာတာတွေများလာတဲ့အတွက် ဝယ်ယူထားသူတွေ သေချာ စိစစ်သင့်တယ်လို့ သိရတယ်။

ကန်ထရိုက်တာတွေက အရစ်ကြနဲ့ ကြိုပွိုင့် ရောင်းထားပြီး တချို့ကန်ထရိုက်တွေက အခန်းမအပ်ဘဲ ထပ်မံရောင်းချတာမျိုးတွေ ရှိတယ်။ဝယ်ယူထားပြီး အခန်းမရသေးတဲ့ သူတွေနဲ့ လက်ငင်းပေးဝယ်ယူသူတွေကပါ ကန်ထရိုက်တာတွေအပေါ် ယုံကြည်မှုနည်းတာကြောင့် သတင်းစာထဲကနေ ကြော်ငြာပြီး ဝယ်ကြတာလို့ ပြောပါတယ်။

ကန်ထရိုက်တာ ဦးဇော်နိုင်က ‘ဝယ်သူက ကြော်ငြာထည့်ပြီး သေချာမှ ငွေအကြေချေပြီး ဝယ်မယ်ပြောတယ်၊ အစကတော့ စိတ်တိုတာပေါ့၊ မယုံသလိုနဲ့ လုပ်တယ်ဆိုပြီး သူတို့ကလဲ သေချာအောင်လုပ်တာပေါ့၊ ခုနောက်ပိုင်းက အရှုပ်အရှင်းတွေများတော့ စိတ်ချရအောင်လို့ ပြောတယ်၊ ဈေးကွက်ထဲမှာက လုပ်စားနေသူတွေရှိတော့ တကယ်လုပ်နေတဲ့သူတွေပါ ထိခိုက်တယ်၊ သတင်းစာတွေထဲမှာ ကြည့်လိုက် ကန်ထရိုက်နဲ့ ပတ်သတ်တဲ့ အမှုတွေ ကြော်ငြာထားတာတွေ အများကြီး’ လို့ သူကြုံခဲ့ရတာတွေနဲ့ ဈေးကွက်အတွင်း အဖြစ်အပျက်တွေကို ပြောပါတယ်။

သတင်းစာတွေထဲမှာ ကန်ထရိုက်တာက ပြီးအောင်မဆောက်ပေးလို့ အသိပေးတာတွေ ဝယ်ထားသူက ငွေသွင်းထားပေမဲ့ အခန်းလက်ထဲမရသေးလို့ ကန်ထရိုက်ကို တရားစွဲဆိုတာတွေ၊ ဝယ်သူတွေက သူတို့ဝယ်မယ့် အခန်းဘယ်နေရာ၊ ဘယ်သူပိုင်မြေရှင်က လက်မှတ်ထိုးပေးထားတာတွေ ကန့်ကွက်လို့ရကြောင်းတွေကို ကြော်ငြာလာကြတာပါ။

တချို့မြေရှင်တွေက ကန်ထရိုက်နဲ့ ဖြေရှင်းလို့ မရတော့တာကြောင့် သူမြေကို သူပြန်သိမ်းလိုက်တာတွေကို ကြော်ငြာတာတွေလည်းရှိတယ်။ဝယ်ယူထားသူတွေက ကန်ထရိုက်နဲ့ပဲ ဖြေရှင်းကြဆိုပြီး တာဝန်ယူမှု မရှိတော့ကြောင်းကို ကြော်ငြာတာတွေလည်း ရှိလာပါတယ်။
အထက်တန်းရှေ့နေ ဒေါ်စန်းစန်းအေးက ‘လက်ခံထားတဲ့ အမှုမှာ ကြိုပွိုင့်ဝယ်ထားတဲ့ အခန်းနှစ်ခန်းကို ကန်ထရိုက်တာက မအပ်ဘဲ နောက်ဆုံးအရစ် ကျန်တာငွေသွင်းဖို့ကို အခန်းကမပြီးသေးဘူး၊ တခြားသူတွေကို ထပ်ရောင်းမှာစိုးလို့ အမှုလာအပ်ကြတာ၊ အခုတော့ ဒီအခန်းနှစ်ခန်းကို ရောင်းတာ၊ ဝယ်တာ၊ ငှားရမ်းတာ၊ ပေါင်နှံတာတွေ လုပ်ရင် လုပ်တဲ့သူရော လက်ခံသူကိုပါ တရားစွဲဆိုမယ်ဆိုပြီး ကြော်ငြာထည့်ပေးထားရတယ်’ လို့ ပြောပါတယ်။

ဝယ်သူတွေသတိထားဖို့ လိုတယ်ဆိုတာက အခုလို အရှုပ်အထွေးတွေများတဲ့ အခန်းတွေကို မသိဘဲ ဝယ်ယူမိတဲ့အခါ တရားစွဲဆိုခံရနိုင်တာကြောင့် ဖြစ်တယ်။ဝယ်သူတွေအနေနဲ့ သတိထားသင့်ပြီး သေချာစိစစ်သင့်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် တချို့တိုက်ခန်းဝယ်သူတွေက ဝယ်ယူတဲ့အခန်းကို ဝယ်ယူတော့မှာ ဖြစ်တာကြောင့် ကန့်ကွက်နိုင်ကြောင်းတွေ၊ ငွေပေးချေတော့မှာ ဖြစ်ကြောင်းတွေ ကြော်ငြာလာတာ ဖြစ်တယ်လို့ သိရပါတယ်။

Credit:Kumudar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Expo Singapore
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service