ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ HAGL ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အစိုးရရဲ့ မူဝါဒအသစ်ချမှတ်တဲ့ ဆောက်လုပ်ခွင့် ယာယီရပ်ဆိုင်းတဲ့ အဆောက်အအုံများ စာရင်းမှာ ပါဝင်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
‘စီမံကိန်းအားလုံးနဲ့ ပတ်သက်ပြီး အားလုံးက ပုံမှန်အတိုင်း လည်ပတ်နေတယ်၊ ဆောက်လုပ်တဲ့ ဒီဇိုင်းပိုင်းတွေကတော့ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ဆောက်လုပ်ထားလို့ ရပ်ဆိုင်းထားရတာမျိုး မရှိဘူး ’ လို့ Director, Sale & Marketint Department က Le Thi Kim Hoa က ရှင်းပြပါတယ်။
လက်ရှိ HAGL အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေကို အပိုင်းလိုက် ဆောက်လုပ်ပြီး နှစ်ရှည်အငှား ငှားရမ်းတာတွေ ပြုလုပ်နေတာဖြစ်ပြီး မကြားသေးခင်က Lake Suites တာဝါ(၃) ကိုလည်း မိတ်ဆက်ခဲ့သလို ကြယ်ငါးပွင့်အဆင့်ရှိ MEIA ဟိုတယ်ကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ချမှတ်ခဲ့တဲ့ စည်မျဉ်းစည်းကမ်းတွေနဲ့ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတတ်ရေးဘဏ်(BIDV) ရဲ့ ဆိုင်းဘုတ်က ကိုက်ညီမှုမရှိခဲ့တာကြောင့် တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။သည်တရားစွဲခံရတဲ့ဘဏ်ရဲ့ အဆောက်အအုံက မြန်မာစင်တာပိုင်မြေပေါ်မှာ ဆောက်လုပ်ငှားရမ်းထားတာဖြစ်လို့ သည်ဘဏ်နဲ့ ပတ်သက်တဲ့ ဆိုင်းဘုတ်တွေကိုတရားဝင်သတိပေးစာနဲ့ ဖြုတ်ချသွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။
‘အခုကHAGLဘက်ကိုနားလည်မှုလွဲလို့ ပြန်လည်ဖြေရှင်းပေးတာ၊ အခုအဆောက်အအုံက မြန်မာပလာဇာနဲ့ မသက်ဆိုင်ပေမဲ့ ဆောင်းပါးတစ်ခုမှာ ပါသွားလို့ ဖြေရှင်းချက်ထုတ်တာ’ လို့ Echo Myanmar ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Credit:Kumudra