ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနှင့်ဒူဘိုင်းတို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ
အနေဖြင့် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း အလုပ်သမားများကို အမိုးအကာပြင်ပတွင် လုပ်ငန်းများခိုင်းစေခြင်းမပြုရန် ယခုနှစ်ဇွန်လ အတွင်းကတည်းက အမိန့်ထုတ်တားမြစ်ထားခဲ့သည်။
(အဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/487703 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ )
ယခုအခါ အဆိုပါတားမြစ်ချက်အမိန့်ကို လိုက်နာခြင်းမရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင် ၆၀ ကျော်ကိုပိတ်သိမ်းအရေးယူလိုက်ခြင်းလည်း ဖြစ်ကြောင်း ကာတာ အလုပ်သမားရေးရာစုံစမ်းရေးဌာနက ထုတ်ပြန်သည်။
နံနက်ပိုင်းတွင် ၁၁း၃၀ အထိသာ အလုပ်ခိုင်းစေရန်နှင့် ညနေပိုင်းတွင် ၃း၀၀ မတိုင်မီ အလုပ်ပြန်မစရန် တားမြစ်ထားခြင်းဖြစ်ပြီး တားမြစ်ထားသည့်ကာလမှာ ဇွန်လ ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ဖြစ်သည်။
အလုပ်သမားရေးရာ စုံစမ်းရေးဌာနသည် ဆောက်လုပ်ရေးခွင်များကို ပုံမှန်သွားရောက်ကာ အစိုးရ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းရှိ၊ မရှိစစ်ဆေးခဲ့သည်ဟု ကာတာအလုပ်သမားရေးရာစုံစမ်းရေးဌာန၏ ညွှန်ကြားရေးမှူး အယ်လ်မာက ပြောကြားသည်။
ယခုနှစ်ဇွန်လ ၁၅ ရက်မှ စတင်ပြီး အမိုးအကာပြင်ပတွင် အလုပ်လုပ်ရသော အလုပ်သမားများခန့်ထားသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါအလုပ်သမားတို့၏ အလုပ်ချိန်များကို ချိန်ညှိပေးရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးဖွံ့ဖြိုးမှု၊ အလုပ်သမားနှင့် လူမှုရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့သတ်မှတ်ရခြင်းမှာ ဆောက်လုပ်ရေးလုပ်သားများတွင် ချွေးထွက်လွန်ခြင်းကြောင့် နှလုံးဖောက်ခြင်းနှင့်
ရေဓာတ်ခန်းခြောက်ခြင်းများမှ အကာအကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)