ရှန်ဟိုင်းတွင် အိမ်သစ်ဝယ်ယူသူများသည် ယခုသြဂုတ်လမှစတင်ကာ ကြမ်းခင်းဧရိယာ ၁ စတုရန်းမီတာလျှင် ၂ ယွမ်(အမေရိကန်ဆင့် ၃၀) နှုန်းဖြင့် အရောင်းအဝယ်ကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း ရှန်ဟိုင်းဈေးနှုန်းဗျူရိုနှင့် ရှန်ဟိုင်းဘဏ္ဍာရေးဗျရိုတို့က ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
ကြိုပွိုင့်အိမ်ခန်းများကို ဝယ်ယူသူများနှင့် ရောင်းချသူများသည် ၁ စတုရန်းမီတာလျှင် ၄ ယွမ်နှုန်းဖြင့် အရောင်းအဝယ်ကြေးအား ၂ဦး၂ဖက်မျှဝေပေးဆောင်ရမည်ဖြစ်သည်။
လူနေရန်မဟုတ်သည့်အဆောက်အအုံသစ်များအတွက် အရောင်းအဝယ်ကြေးမှာမူ ၂ စတုရန်းမီတာလျှင် ၉ ယွမ်နှုန်းဖြစ်ပြီး ဝယ်သူမှ ပေးဆောင်ရမည်ဖြစ်သည်။
လူနေရန်မဟုတ်သည့်လက်ရှိအဆောက်အအုံများအတွက်ကိုတော့ ၁ စတုရန်းမီတာလျှင် ၁၈ ယွမ်နှုန်းဖြင့် အရောင်းအဝယ်ကြေးအား ရောင်းသူဝယ်သူ၂ဖက်မျှခံရမည်ဖြစ်သည်။
အရောင်းအဝယ်ကြေးတစ်ခုလျှင် ယွမ် ၂၀,၀၀၀ မကျော်သင့်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)