ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ် သည် နိုင်ငံတကာဘဏ်လုပ်ငန်း ၀န်ဆောင်မှု စတင်နိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံးကိုယ်စားလှယ်ရုံးခွဲကို သြဂုတ် ၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
‘‘ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာ တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံကိုဝင်လာဖို့ စိတ်ဝင် စားနေတဲ့ထိုင်းစီးပွားရေးလုပ်ငန်း တွေအတွက် ငွေကြေးဆိုင်ရာဝန် ဆောင်မှုတွေ၊ အကြံဉာဏ်တွေ ပေးသွားဖို့ ရည်ရွယ်ပါတယ်။ တိုး တက်နေတဲ့ ကုန်သွယ်ရေးမှာ ထိုင်းစီးပွားရေးလုပ်ငန်းတွေ ပါဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာဦးသန်းချိုက ပြောသည်။
ကမ္ဘောဇဘဏ်ကို ဘန် ကောက်မြို့၌ ကိုယ်စားလှယ်ရုံးဖွင့် လှစ်ရန် ၂၀၁၆ နှစ်ဦးပိုင်းတွင် ထိုင်းနိုင်ငံဗဟိုဘဏ်က တရားဝင်ခွင့်ပြုချက်လိုင်စင်ထုတ်ပေးခဲ့ပြီး နိုင်ငံတကာကိုယ်စားလှယ် ရုံးခွဲမှတစ်ဆင့် ထိုင်းနှင့် မြန်မာနိုင်ငံတို့အ ကြား ဈေးကွက်သုတေသနပြုလုပ် ခြင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များအတွက် လိုအပ်သည့် သတင်းအချက်အလက်များနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များ ဝေမျှခြင်းအစရှိသည်တို့ဆောင်ရွက်မည်ဟု ဆိုသည်။
ကမ္ဘောဇဘဏ်သည် ထိုင်း နိုင်ငံတွင် စတင်ဖွင့်လှစ်သည့် နိုင်ငံတကာ ကိုယ်စားလှယ်ရုံးခွဲမှာ ကမ္ဘောဇဘဏ်၏ ကနဦးခြေလှမ်းဖြစ်ပြီး အာဆီယံအတွင်း ဆက်လက်တိုးချဲ့ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ကမ္ဘောဇဘဏ်သည် စင်ကာပူနိုင်ငံ၌လည်း ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ခွင့် လိုင်စင်ကို မကြာမီက ရရှိထားသည်။
Credit: 7Daydaily