ပင်လယ်ကွေ့နိုင်ငံများတွင် နိုင်ငံဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းအထိသုံးကာ လာမည့် ၄ နှစ်အတွင်း စာသင်ကျောင်းသစ်ပေါင်း ၅၀၀၀၀ တည်ဆောက်မည်

ပင်လယ်ကွေ့နိုင်ငံများတွင် နိုင်ငံဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းအထိသုံးကာ လာမည့် ၄ နှစ်အတွင်း စာသင်ကျောင်းသစ်ပေါင်း ၅၀၀၀၀ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
5 Aug 2016 9:53 am တွင် တင်ခဲ့သည်
1139 ကြိမ် ကြည့်ရှု့ပြီး
ပင်လယ်ကွေ့ဒေသရှိ နိုင်ငံများတွင် လာမည့် ၄ နှစ်အတွင်း စာသင်ကျောင်းသစ်ပေါင်း ၅၀၀၀၀ တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကျောင်းသားဦးရေ ၁၅ သန်းခန့်အထိ မြင့်တက်လာဖွယ်ရာရှိကြောင်းခန့်မှန်းထားသည်ဟု အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပင်လယ်ကွေ့ဒေသ ပညာရေးလောကဆိုင်ရာ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် ၂၀၂၀ မတိုင်မီ အစိုးရ စာသင်ကျောင်းပေါင်း ၄၁၆၇၈ ကျောင်း ဆောက်လုပ်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကစာသင်ကျောင်းပေါင်း ၉၃၀၁ ကျောင်း တည်ဆောက်သွားမည်ဟု ဆိုသည်။

“ကျွမ်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ပင်လယ်ကွေ့ဒေသတစ်လျှောက်မှာ စာသင်ကျောင်းလိုအပ်ချက်မြင့်တက်လာမှုကို ဖြည့်တင်းနိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်အရောက်မှာ စာသင်ကျောင်းပေါင်း ၅၁၀၀၀ လောက်လိုလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်”ဟု ယင်းအစီရင်ခံစာထုတ်ပြန်ရာတွင် ပါဝင်သူ ရိုနာ ဂရင်းဟေးလ်က ပြောကြားသည်။

နိုင်ငံအလိုက်စာသင်ကျောင်း တည်ဆောက်သွားမည့် ပမာဏမှာ ဆော်ဒီအာရေးဗီးယားတွင် ၄၄၄၄၁ ကျောင်း၊ အိုမန်တွင် ၂၀၅၄၊ ကူဝိတ်တွင် ၁၄၉၇၊ အာရပ်စော်ဘွားများပြည်ထောင်စုတွင် ၁၄၀၆၊ ကာတာတွင် ၁၁၀၇၊ ဘာရိန်းတွင် ၅၀၃ကျောင်းတို့ ဖြစ်ကြသည်။

လွန်ခဲ့သောနှစ် တစ်ခုတည်းတွင်ပင် ပင်လယ်ကွေ့နိုင်ငံများတွင် ပညာရေးကဏ္ဍ ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၀ ဘီလီယံဖိုးခန့်ရှိသည်။

ပင်လယ်ကွေ့ဒေသအစိုးရများသည် ငွေကြေးသုံးစွဲမှု မြင့်မားလာခြင်းနှင့် ရေရှည်ဖွံ့ဖြိုးရေးမဟာဗျူဟာများစွာ အကောင်အထည်ဖော်လာခြင်းကြောင့် နိုင်ငံတကာပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံသူတို့သည် အရှေ့အလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်မှန်းလာကြခြင်းကြောင့် စာသင်ကျောင်းလိုအပ်ချက်များ မြင့်လာရခြင်းလည်း အပါအ၀င်ဖြစ်သည်။

သာဓကအားဖြင့် ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အိုမန်တို့သည် ၂၀၁၆ ခုနှစ် စုစုပေါင်း ဘတ်ဂျက်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍတွင် အသုံးပြုရန် ရည်မှန်းထားခြင်းပင် ဖြစ်သည်။

ယင်းပမာဏမှာ ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးနိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဂျာမနီတို့ထက်ပင် များပြားလျက်ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Magical World Apartment
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service