ပြင်ဆင်ရမည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံး ပြန်လည်စစ်ဆေးမည်

ပြင်ဆင်ရမည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံး ပြန်လည်စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
5 Aug 2016 9:24 am တွင် တင်ခဲ့သည်
1576 ကြိမ် ကြည့်ရှု့ပြီး
စီမံကိန်းဒီဇိုင်းပြင်ဆင်ပြီး အထပ်အရေအတွက် လျှော့ချရမည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံး အတွက် နစ်နာမှုမရှိစေရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန် လည်ဖြေလျှော့ပေးရန် စစ်ဆေးမည် ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

အဆိုပါ အဆောက်အအုံ ၁၂ လုံး ပြန်လည်ဖြေလျှော့ပေးရန် အတွက် လုပ်ငန်းရှင် ခုနစ်ဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ငါးဦး သာ တွေ့ဆုံရန် ကျန်ရှိကြောင်း KBS ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဘိုဆန်း ကပြောသည်။

KBS ဆောက်လုပ်ရေး ကုမ္ပဏီသည် အင်းစိန်လမ်းမပေါ် တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ တည်ဆောက်နေပြီး လက်ရှိ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ ဆုံရန် ကျန်ရှိနေသေးသည့် လုပ် ငန်းရှင်ငါးဦးတွင် ပါဝင်သည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ သည့် အမည်မဖော်လိုသူ ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကမူ ၎င်းတို့အား ၀န်ကြီးချုပ်က အ ကောင်းဆုံးဖြစ်စေရန် ဆောင် ရွက်ပေးမည်ဟု နှုတ်ကတိပေးခဲ့ ကြောင်းဆိုသည်။

နစ်နာခဲ့သည့် အဆောက်အ အုံ ၁၂ လုံးအတွက် စီမံကိန်းဒီဇိုင်း များ ပြန်လည်တောင်းခံခြင်း၊ ပါမစ်ရထားပုံအဆင့်ဆင့် တင်ပြ ခိုင်းခြင်း၊ ကားပါကင်တွင် သတ် မှတ်ထားသည့် အရေအတွက် လျော့ကျနေခြင်းကို ရှင်းလင်းခိုင်း ခြင်းနှင့် စီမံကိန်းတစ်ခုချင်းစီအ လိုက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တင်ပြခြင်းများ ပြုလုပ် ခိုင်းသည်ဟု အထက်ပါ လုပ်ငန်း ရှင်က ဆိုသည်။

‘‘တိုင်း အစိုးရအဖွဲ့က Review ပြန်လုပ်ပေးနေတဲ့ သဘော ပါ။ လုပ်ငန်းရှင်တွေဘက်က အ သနားခံစာတို့၊ နစ်နာမှုတွေရှိ တယ်လို့ ပြောလာတဲ့အခါမှာ ပြန် ပြီး စိစစ်ပေးမယ့်သဘောပါ။ မူလအတိုင်းတော့ အားလုံးကို ပြန် ဆောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ခွင့်ပြုလို့ရတာတွေ ပြန်ခွင့်ပြုပေး မယ့် သဘောလည်းရှိတယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

အထပ်မြင့် ၁၂ လုံးကို ပြန် လည်စစ်ဆေးရန်ရှိ၍ ဒုတိယအ သုတ် စစ်ဆေးထားသည့် ၁၉ လုံး ရလဒ်ကိုမူ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဆက်လက် ထုတ်ပြန်ရန် ကြန့်ကြာနေသည်ဟု ဆို သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်မြို့မှ လက်ရှိ ဆောက်လုပ်ရန် ပြင်ဆင် နေဆဲ၊ ဆောက်လုပ်နေဆဲ အ ဆောက်အအုံ ၁၈၅ လုံးကို ကော် မတီတစ်ရပ်ဖွဲ့ စစ်ဆေးခဲ့ရာ ပထမအသုတ် ၁၂ လုံးတွင် အ ထပ်လျှော့ ဒီဇိုင်းပြင်ရန် ညွှန် ကြားခံရသောကြောင့် ဆောက် လုပ်ရေးလောက၌ ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၀ ရက် က ရန်ကုန်မြို့တွင် ယခင် အစိုးရ လက်ထက်က မူအားဖြင့်ခွင့်ပြုခဲ့ သည်ဟုဆိုသော အထပ်မြင့်များ ကို ပြန်လည်စစ်ဆေးရန် ရန်ကုန် တိုင်းဝန်ကြီးချုပ်က ကော်မတီ တစ်ရပ်ဖွဲ့ပြီး စစ်ဆေးမှုများ ပြု လုပ်ရန် ညွှန်ကြားခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

imyanmarmarket
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service