တရုတ်ဝယ်လက်များကို ပစ်မှတ်ထားသော အမေရိကန်ဒေါ်လာဘီလျံမြောက်မြားစွာ ကုန်ကျ မည့် စင်္ကာပူအနီးက Forest City စီမံကိန်းသည် တရုတ်တွင် စီးပွားရေးအခက်အခဲပြဿနာ
များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတိပေးချက်များကြောင့် ၎င်း၏ အနာဂတ်အလားအလာနှင့်ပတ်သက်သော မေးခွန်းများစွာနှင့် ရင်ဆိုင်နေရသည်။
အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကုန်ကျမည့် Forest City သည် စင်္ကာပူမှ သွားရောက်ရန် ၁နာရီခန့်သာ ဝေးသည့် ဂျိုဟိုးရေလက်ကြားရှိ လူလုပ်ကျွန်းတု ၄ ခုပေါ်တွင် တည်ရှိမည်ဖြစ်
ပြီး အထပ်မြင့်အဆောက်အအုံများပါဝင်ကာ အနာဂတ်စတိုင် ဂေဟစနစ်ထိန်းသိမ်းသည့် မြို့ဖြစ်လာမည်ဖြစ်သည်။
ထိုမြို့တွင် လူနေအဆောက်အအုံများ၊ ဟိုတယ်များ၊ ညီလာခံအဆောက်အအုံများ၊ ရှောပင်းမောများ၊ နိုင်ငံတကာကျောင်းများနှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများ စုစုပေါင်း
၇၀၀,၀၀၀ ခန့် ပါဝင်မည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးစင်တာလည်း ပါရှိမည်ဖြစ်သည်။
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ပသီဘုရင် အီဘရာဟင်အစ္စကန်ဒါတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုနှင့် ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေလုပ်ငန်း Country Garden တို့က
ထို့မြို့ကို အကောင်အထည်ဖော်ဆောင်နေသည်။
ဆောက်လုပ်မှုသည် ၂၀၃၅ ခုနှစ်မှ ပြီးစီးမည်ဖြစ်သော်လည်း အခန်းပေါင်း ၅၀၀ ကိုပင် ကြိုတင်ရောင်းချရပြီးဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ စီမံကိန်းကာလတွင်
အိပ်ခန်း ၂ ခန်းပါသည့် အိမ်ခန်းတစ်ခန်းကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကျသင့်ပြီးပင်လယ်နံဘေး အိမ်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း ကျသင့်ကြောင်း
သိရသည်။ စင်ကာပူတွင် ကွန်ဒိုတစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၇၄၀,၀၀၀ ၀န်းကျင် ကျသင့်သည်ဖြစ်ရာ ထိုပမာဏဖြင့် Forest City တွင် ၀ယ်ယူမည်ဆိုပါက အိပ်ခန်း ၄ ခန်းပါ၊
ကားနှစ်စီးရပ်စာကားပါကင်၁ခုပါ၊ ဥယျာဉ်ပါသော ပင်လယ်နံဘေး အိမ်တစ်လုံးကိုပင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)