ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းကွယ်လွန်ပြီးနောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားလေသည်။
ကောင်းကင်ဘုံတွင် ပထမဆုံးတွေ့သူကို အိုင်စတိုင်းက မေး၏။
“ခင်ဗျားရဲ့ အိုင်ကျူအမှတ် ဘယ်လောက်ရှိသလဲ”
ထိုသူက “၂၈၀” ပြန်ဖြေရာ အိုင်စတိုင်းက “ကောင်းလိုက်လေဗျာ။
ဒါဆိုခင်ဗျားနဲ့ အာကာသရူပဗေဒသိပ္ပံအကြောင်း ဆွေးနွေးလို့ရပြီ” ဟု ဆိုသည်။
ထို့နောက် ဒုတိယတွေ့သူတစ်ယောက်ကို ထပ်မေးသည်။
“ခင်ဗျားအိုင်ကျူဘယ်လောက်လဲ”
“၁၅၀ ပါ”
ထိုအခါ အိုင်စတိုင်းက
“ဒါဆို ခင်ဗျားနဲ့ တစ်နေ့တာ လုပ်စရာကိစ္စတွေအကြောင်း ပြောကြတာပေါ့” ဟု ဆို၏။
နောက်ဆုံးတွင် တတိယတစ်ယောက်ကို အလားတူမေးပြန်သည်။
“ခင်ဗျား အိုင်ကျူဘယ်လောက်ရှိလဲ”
“၄၅”
ထိုအခါ အိုင်စတိုင်းက မေးလိုက်ပုံမှာကား….
“ကောင်းတယ်ဗျာ။ လက်ရှိမှာ အိမ်ခြံမြေဈေးကွက်က ဘယ်ကိုဦးတည်နေတယ်လို့ ခင်ဗျားထင်လဲ” ဟူသတည်း။
(မှတ်ချက်။ ရယ်စရာအဖြစ်သာမန် ဖတ်ရှုကြပါရန်)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)