ဂျိမ်းစ်ဘွန်းနှင့်ဟယ်ရီပေါ်တာဇာတ်ကားများ ရိုက်ကူးခဲ့သော လန်ဒန်မြို့အနောက်ပိုင်းရှိ Pinewood စတူဒီယိုကြီး ကန်ဒေါ်လာ ၄၂၆ သန်း (ပေါင် ၃၂၃ သန်း / ယူရို ၃၈၄ သန်း) ဖြင့် အိမ်ခြံမြေကုမ္ပဏီတစ်ခုသို့ ရောင်းချတော့မည်ဖြစ်ကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
“Pinewood ကို Venus Grafton က ငွေသားပေးချေဖို့ ဖြစ်နိုင်ချေလိုမျိုး အဓိကအချက်တွေအပေါ်မှာ သဘောတူညီချက်ကတော့ ရပြီးသွားပြီ ” ဟု Pinewood Group က ထုတ်ပြန်ကြေညာထားသည်။
Pinewood Group သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါအပါအ၀င် ကမ္ဘာတစ်ဝန်းတွင် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်စတူဒီယိုပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။
Pinewood Group ပိုင်ဆိုင်ထားသော စတူဒီယိုများအနက် အဓိကရတနာမှာ လန်ဒန်ရှိ မူရင်းစတူဒီယိုများသာဖြစ်သည်။
Pinewood စတူဒီယိုကို ဂျိမ်းစ်ဘွန်းရုပ်ရှင် The Spy Who Loved Me ဇာတ်ကားရိုက်ကူးရန်အတွက် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Lara Croft Tomb Raider နှင့် The Da Vinci Code အပါအ၀င် အခြားနာမည်ကျော်ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။
မကြာသေးမီက ထုတ်လုပ်ခဲ့သော Star Wars: The Force Awakens ဇာတ်ကားကိုလည်း အဆိုပါ စတူဒီယိုတွင်ပင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ဟောလိဝုဒ်သရုပ်ဆောင် ဟယ်ရီဆင်ဖို့ဒ်သည် ၂၀၁၄ ခုနှစ်တွင် အဆိုပါစတူဒီယို၌ ရုပ်ရှင်ရိုက်ကူးနေစဉ် Millenium Falcon အာကာသယာဉ်မှ တံခါးတစ်ခုပြုတ်ကျမှုကြောင့် ခြေထောက်ကျိုးခဲ့သည့် မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။
လန်ဒန်ရှိ Pinewood စတူဒီယိုရောင်းချတော့မည်ဟု သတင်းထုတ်ပြန်လိုက်ပြီးနောက် Pinewood Group ၏ ရှယ်ယာတန်ဖိုး
၅ ဒသမ ၁၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
http://www.imyanmarhouse.com/news/read/482042
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ အနောက်မြောက်ဘက် ဘက်ကင်ဟန်ရှိုင်းယားခရိုင်၊ ဒန်ဟမ်မြို့ ကလေးရှိ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းရုပ်ရှင်များ ရိုက်ကူးခဲ့သည့် စတူဒီယိုကြီးကို ဖျက်သိမ်းကာလူနေအိမ်များဆောက် လုပ်တော့မည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)