ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် အလုပ်သမားများ စားဝတ်နေရေး မပြေ လည်သောကြောင့် အခြား အလုပ်အကိုင်များ ပြောင်းလဲလုပ်ကိုင်နေကြရကြောင်း သိရသည်။
Father Land ဆောက်လုပ် ရေးပိုင်ရှင် ဦးကျော်မြင့်၏ အမှု ကိစ္စများပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ကန်ထရိုက် ဆောက်လုပ်ရေး ဈေးကွက်မှာ သိသိသာသာ ကျဆင်းသွားသောကြောင့်
ဆောက်လုပ်ရေး လုပ်ငန်းများ မလည်ပတ် နိုင်မှုများ ဖြစ်ပေါ်ရာ လုပ်သားများ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများဖြစ်သော ဆိုင်ကယ်ကယ်ရီဆွဲခြင်း၊ ဈေးရောင်းခြင်း၊ ကုန်တင်ကုန်ချခြင်း အစရှိသော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြကြောင်း နေပြည်တော်ရှိ ပုတ်ပြတ်ဆောက်လုပ်ရေး သမား တစ်ဦးဖြစ်သော ဦးသောင်း က ပြောသည်။
”လုပ်ငန်းတွေကို ကျွန်တော် တို့က ပုတ်ပြတ်စနစ်နဲ့ ယူတယ်။ အခု လုပ်ငန်းတွေ ရပ်ထားတော့ တခြား အလုပ်တစ်ခု ပြောင်းလုပ် နေရတယ်” ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အနေအထားမှာ လက်ရှိတွင် ငြိမ် သက်လျက်ရှိပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း လုပ်ငန်းမလည် ပတ်နိုင်မှုများကြောင့် ဆောက် လက်စ ဟိုတယ်နှင့် လုပ်ငန်းများ ရပ်တန့်ထားကြောင်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးကပြောသည်။
”အိမ်၊ ခြံ၊ မြေ ဈေးတွေ ဆိုင်း သွားတာ သိသာတယ်၊ အလုပ် သမားတွေ အခက်အခဲဖြစ်တာပေါ့။ နိုင်ငံတော်အနေနဲ့ တစ်ခုခုတော့ ပြန်လုပ်ပေးသင့်တယ်” ဟု ၄င်းက ပြောသည်။
အကြီးစား လုပ်ငန်းများထက် အသေးစား ဆောက်လုပ်ရေး လုပ် ငန်းများ ရပ်ဆိုင်းထားမှုမှာ အလုပ် သမားများအတွက် စားဝတ်နေရေး ပိုမို ထိခိုက်စေပြီး ကန်ထရိုက်ပေး သော ကုမ္ပဏီအချို့မှာ စီးပွားရေး မလည်ပတ်နိုင်မှုကြောင့် လုပ်အားခ ပေးချေမှု ပျက်ကွက်ကြကြောင်း သိရသည်။
”ကျွန်တော်တို့ အလုပ်ရဖို့ ကန်ထရိုက် လိုက်တောင်းရတယ်။ ဒါတောင်ကုမ္ပဏီ တွေက ငွေချေတာ အရမ်းနည်းလာတယ်” ဟု ဆောက်လုပ်ရေး အလုပ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ကိုစိုင်းက ပြော သည်။ ၂ဝ၁၄ ခုနှစ်တွင် အထပ် မြင့် အဆောက်အအုံ ဆောက်လုပ် ခြင်းလုပ်ငန်းများ များပြားလာသော်လည်း အသေးစားကန်ထရိုက်လုပ်ငန်းများမှာမူ ၂ဝ၁၄ နှစ် ကုန်မှစပြီး လုပ်ငန်း မလည်ပတ် နိုင်သောကြောင့် အချို့မှာရပ်ဆိုင်း မှုများ ရှိလာသည်။
Credit:PopularNewsJournal