ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID BANK) က ဆောက်လုပ်ရေး လုပ်ငန်းများအတွက် Construction Loan ထုတ်ပေးလျက်ရှိကြောင်း အဆိုပါဘဏ်က ထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝ မြင့်မားစေရေးအတွက် ချေးငွေ ထုတ်ပေးခြင်းဖြစ်ကြောင်း CHID BANK ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လာမည့်နှစ်များတွင် CHID Bank သည် ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဆယ်စုနှစ်တစ်ခုတိုင် ယုံကြည်စွာ လက်တွဲခဲ့ကြသည့် customer များအား ကျေးဇူးအထူးတင်ရှိကြောင်း CHID Bank ၏ ဥက္ကဌဖြစ်သူ ဦးသာဌေးက ပြောကြားသည်။
၂၀၂၁ ခုနှစ်အချက်အလက်များအရ CHID Bank သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် နေအိမ်ဝယ်ယူရေး ချေးငွေ ကျပ် ၁၇၀ ဘီလီယံအထိ ထုတ်ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပမာဏတွင် ဆောက်လုပ်ရေးချေးငွေ ၅၁ ရာခိုင်နှုန်းနှင့် အိမ်ဝယ်ယူမှုချေးငွေ ၂၅ ရာခိုင်နှုန်း ပါဝင်ကြောင်း ဘဏ်နာယကဖြစ်သူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားခဲ့ဖူးသည်။
Construction Loan လျှောက်ထားလိုသူတို့အနေဖြင့် ချေးငွေလျှောက်လွှာ၊ မှတ်ပုံတင်မိတ္တူ ၊ ဓာတ်ပုံ ၂ ပုံ၊ Audited Financial Statement ၊ Management Financial Report ၊ Cash Flow အခွန်ပြေစာ ၃ နှစ်စာ၊ ၆ လအတွင်း ရိုက်ကူးထားသော မြေပုံရာဇဝင် (ပုံစံ ၁၀၅၊ ၁၀၆)၊ လုပ်ငန်း/ကုမ္ပဏီနှင့် ပတ်သက်သော စာရွက်စာတမ်း အထောက်အထားများ၊ အာမခံပစ္စည်း ဓာတ်ပုံများနှင့် အခြား ဆက်စပ် စာရွက်စာတမ်းများ လိုအပ်သည်။
CHID BANK ကို ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၁၆ ခုရှိသည်။
Construction Loan ရယူလိုသူများအနေဖြင့် သိရှိလိုသော အသေးစိတ် အချက်အလက်များကို CHID ဘဏ်ခွဲများတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com