သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ

သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
16 Dec 2024 11:00 am တွင် တင်ခဲ့သည်
519 ကြိမ် ကြည့်ရှု့ပြီး

(ဘော့ဘ်ဒိုင်လန်ဘယ်သူလဲ)

ဘော့ဘ် ဒိုင်လန် (မွေး ၁၉၄၁) သည် အမေရိကန် အဆိုတော်၊ တေးရေးတစ်ဦးဖြစ်ပြီး ရာဇဝင်တွင် အထင်ရှားဆုံး တေးရေးများ၌ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

သူ၏ Blowin’ in the wind (၁၉၆၃) နှင့် The Times they are a-Changin (၁၉၆၄) တို့မှာ စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားသူတို့၏ နိုင်ငံတော်သီချင်းများသဖွယ် ဖြစ်ခဲ့သည်။

Blowin’ in the wind ကို မေဆွိက မလုပ်လိုက်နဲ့ဟု ပြန်လည်သီဆိုဖူးသည်။ ထို့အပြင် ဟေမာနေဝင်းလည်း ချိုမြိန်ဒုက္ခဟူသောအမည်ဖြင့် ဆိုဖူးသည်။ ထို့အပြင် ကျော်သူနှင့် ခင်သီတာထွန်းတို့ ပါဝင်သရုပ်ဆောင် ထားသော နေမင်းသို့ ခြေလှမ်း ကိုးဆယ် ရုပ်ရှင်ဇာတ်ကားတွင်လည်း ဤသီချင်းကို ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ် ဟေမာနေဝင်းက သီဆိုပေးခဲ့ဖူးသည်။ ဘော့ဘ်ဒိုင်လန်၏ တေးအယ်လ်ဘမ်များမှာ အချပ်ရေ ၁၂၅ သန်းကျော် ရောင်းချထားရသည်ဟု ခန့်မှန်းရပြီး ရာဇဝင်တွင် ရောင်းအားအကောင်းဆုံး အဆိုတော်များ၌ တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသည်။

ဘော့ဘ်ဒိုင်လန်သည် ဂီတ၏ အော်စကာဆုဖြစ်သော ဂရမ်မီဆု ၁၀ ကြိမ်၊ ၂၀၀၀ ပြည့်နှစ်က ရုံတင်ခဲ့သော Wonder Boys ရုပ်ရှင်၏ ဇာတ်ဝင်တေး Things have changed ဖြင့် အော်စကာဆုတို့ ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် စာပေနိုဘယ်ဆု ရရှိခဲ့သည်။

သူ၏ တေးသီချင်းများတွင် ကဗျာဆန်ဆန် ရေးဖွဲ့ခဲ့သော သီချင်းစာသားများအတွက် နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

((ဘော့ဘ်ဒိုင်လန်၏ နယူးယောက်နေအိမ်))

ဘော့ဘ်ဒိုင်လန် ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်မြို့၊ အရှေ့ ၄၉ လမ်း၊ အမှတ် ၂၄၂ တွင် တည်ရှိသော နေအိမ် ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Turtle Bay Gardens ဟုခေါ်သော အရှေ့ ၄၉ လမ်း တောင်ဘက်ခြမ်းတွင် တည်ရှိပြီး အမေရိက၏ အထင်ကရအရှိဆုံး ဂီတသမားတစ်ဦးဖြစ်သည့် ဘော့ဘ်ဒိုင်လန် အပါအဝင် အခြားအကျော်အမော် အများအပြား နေထိုင်ခဲ့ဖူးသော အဆောက်အအုံဖြစ်ပြီး အထပ် ၅ ထပ်ဖြင့် ဖွဲ့စည်းထားကြောင်း Curbed သတင်းဌာနက ဖော်ပြသည်။

၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်ပြီး ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် ရှိသော Turtle Bay Gardens ပန်းဥယျာဉ်သို့ သီးသန့်ဝင်ခွင့် ပိုင်ဆိုင်ထားသည်။

(ဘော့ဘ်ဒိုင်လန်၏ စာကြည့်တိုက်။ ဓာတ်ပုံ-Hayley Day/ DDReps for Sotheby’s International Realty)

 

(၁၈၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မီးလင်းဖို ၇ ခု ပါဝင်သည်။ ဓာတ်ပုံ-Hayley Day/ DDReps for Sotheby’s International Realty)

 

ယခုနေရာတွင် ကျော်ကြားသူအချို့ နေထိုင်ခဲ့ကြသော်လည်း ဘော့ဘ်ဒိုင်လန်၏ ထွန်းလင်းတောက်ပမှုကို ယှဉ်နိုင်သူ မရှိခဲ့။

ဘော့ဘ်ဒိုင်လန်သည် ၁၉၇၀ ပြည့်လွန်ကာလများအတွင် ယခုနေရာတွင် မိသားစုနှင့်အတူ နေထိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ယခုနေအိမ်ကို အပြီးအပိုင် ဝယ်ယူခဲ့သည်။

“အဲဒီအချိန်က ဘော့ဘ်ဟာ တသီးတသန့် နေတတ်ပြီး ကလေးတွေကလည်း ငယ်သေးတယ်။” ဟု Michael Leshner က ပြောသည်။

“သူ့ကလေးတွေနဲ့ တခြားသူ ပြဿနာတက်တာ မဖြစ်စေချင်ဘူး။ သူက တစ်ပါးတည်း ဧကစာကျင့်တဲ့ ရသေ့တစ်ပါးလို နှစ်အတော်ကြာ နေထိုင်ခဲ့ပါတယ်”

ထိုအချိန်က ဘော့ဘ်ဒိုင်လန်သည် သတင်းမုဆိုးတို့၏ ရန်ကို ရှောင်ရှားရန် ကားစုတ်တစ်စီးကိုသာ စီးခဲ့ကြောင်း Leshner က ပြောပြသည်။

ဘော့ဘ်ဒိုင်လန်သည် ကနဦးတွင် ယခုအိမ်ကို ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ညွှန်းဆရာ Garson Kanin ထံမှ ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

(ဘော့ဘ်ဒိုင်လန် ပါဝင်သရုပ်ဆောင်ထားသော Hearts of Fire ရုပ်ရှင်ဇာတ်ကား၏ ပိုစတာ။ ဓာတ်ပုံ-20 Century Fox/ Kobal/ REX/ Shutt)

 

(နေအိမ်ပြင်ပ နားနေ နေရာ။ ဓာတ်ပုံ-Hayley Day/ DDReps for Sotheby’s International Realty)

 

(မီးဖိုဆောင်နှင့် မနက်စာ စားရန်နေရာ။ ဓာတ်ပုံ- Hayley Day/ DDReps for Sotheby’s International Realty)

 

(ဧည့်ခန်း။ ဓာတ်ပုံ-Hayley Day/ DDReps for Sotheby’s International Realty)

 

(ညစာစားခန်း။ ဓာတ်ပုံ- Hayley Day/ DDReps for Sotheby’s International Realty)

 

(အိပ်ခန်း ၅ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Hayley Day/ DDReps for Sotheby’s International Realty)

 

(ဒုတိယမြောက် အိပ်ခန်း။ ဓာတ်ပုံ- Hayley Day/ DDReps for Sotheby’s International Realty)

 

(တတိယမြောက် အိပ်ခန်း။ ဓာတ်ပုံ- Hayley Day/ DDReps for Sotheby’s International Realty)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bob Dylan’s longtime NYC hideout — where he lived at the height of his career — lists for $7.25M (nypost)

Photo Credit- 20 Century Fox/ Kobal/ REX/ Shutt, Hayley Day/ DDReps for Sotheby’s International Realty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service