ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းကြီးတကြောတွင် ဖြန့်ကျက်တည်ရှိသော ဟိမာချယ် ပရာဒက်ရှ်ပြည်နယ်၊ ဒါမီအမည်ရှိ ရွာလေးတွင် တမူထူးခြားသည့် ကျောက်တုံးပစ်ပွဲတော်ကို ပြီးခဲ့သော ရက်ပိုင်းက ကျင်းပခဲ့သည်။
ကျောက်တုံးပစ်ပွဲတော်ကို ဒါမီရွာလေးတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။
ဒါမီရွာလေးသည် ရှင်းမလားမြို့မှ ၄၀ ကီလိုမီတာခန့် ကွာဝေးပြီး ကျောက်တုံးပစ်ပွဲတော်သို့ အနီးဝန်းကျင် ရွာများမှ လူထောင်ချီ လာရောက်လေ့ရှိကြသည်။
ထိုရွာလေး၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဓလေ့တစ်ခုဖြစ်ပြီး ဘိုးဘွားမျိုးရိုးစဉ်ဆက် ဆက်ခံကျင်းပခဲ့သည့် ပွဲတော်လည်း ဖြစ်သည်။
((နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဓလေ့))
ကာလီမယ်တော်ကို ရှေးယခင်က လူသားတို့ဖြင့် ယဇ်ပူဇော်ခဲ့ပြီး နောက်ပိုင်းတွင် ထိုသို့ယဇ်ပူဇော်ခြင်းကို အဆုံးသတ်ကာ ကျောက်တုံးပစ်ပွဲတော်ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။
ဒါမီရွာကလေးသည် ရှေးယခင်က တိုင်းနိုင်ငံတစ်ခု တည်ရှိခဲ့ရာနေရာဖြစ်ပြီး ရှေးယခင်တော်ဝင်တို့၏ မျိုးဆက်များ ယနေ့တိုင် ထိုဒေသတွင် ရှိနေသည်။
ဒါမီ တော်ဝင်မျိုးဆက်တစ်ဦးဖြစ်သူ ဂျာဒိ (ပ်) ဆင်းက ယခုရိုးရာဓလေ့ကို ထိန်းသိမ်းနိုင်သည့်အတွက် ဂုဏ်ယူကြောင်း ပြောသည်။
((ရိုးရာဓလေ့ ထိန်းသိမ်းခြင်း))
တော်ဝင်မျိုးဆက်တစ်ဦးဖြစ်သူ အာနန်ဂျေး ဆင်းက အဆိုပါဓလေ့ကို ထွန်းကားလာစေရန် ကြိုးပမ်းလိုနေသည်။
ဤဓလေ့မှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော အမွေအနှစ်ဖြစ်ပြီး အနာဂတ်မျိုးဆက်များအတွက် ဆက်လက်ထိန်းသိမ်းပေးသွားရန် အာနန်က ကတိပြုထားသည်။
((ဘေးကင်းရေးနှင့် ဓလေ့))
ကျောက်တုံးပစ်ပွဲတော်တွင် ရွာသားတို့ကို အုပ်စု ၂ ခုခွဲလိုက်ပြီး တစ်ဘက်နှင့်တစ်ဘက် ကန့်သတ်စည်းဘောင်များအတိုင်း ကျောက်တုံးဖြင့် ပစ်ရသည်။
ကျောက်တုံးထိကာ သွေးထွက်ဒဏ်ရာရမှုသည် ကာလီနတ်သမီးကို ပူဇော်မှုအဖြစ် မှတ်ယူကြသည်။
တော်ဝင်မိသားစု၏ ဘုန်းတော်ကြီးဖြစ်သူ ဒီဗန်ဒါ ကူးမားက ပြောသည်မှာ ပွဲတော်မစမီ နာရ်ဆင်းဘုရားကို ဝတ်ပြုဆုတောင်းကြရကြောင်း ပြောပြသည်။
((စိတ်ဝင်စားသူ များပြား))
ဒီဝါလီနေ့အပြီး နောက်တစ်ရက်တွင် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်မစမီတွင် ဒါမီဘုရင်ဟောင်း ဆောက်လုပ်ခဲ့သော ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြသည်။
ထိုဆုတောင်းပွဲတွင် တော်ဝင်မျိုးဆက်များသာ တက်ရောက်ရပြီး ပွဲတော်လာ ပရိသတ်တို့က အဝေးမှ ကြည့်ရှုရသည်။
ကျောက်တုံးပစ်ပွဲတော်သည် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားများ စွဲဆောင်နိုင်သည့်အရာတစ်ခုဖြစ်လာပြီး ဟိမာချယ် ပရာဒက်ရှ်၏ ပြင်ပတွင် နေထိုင်သူများပင် လာရောက်လေ့လာကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Stone-Pelting Fair in Dhami Village: A 400-Year-Old Tradition in Himachal Pradesh (revealinside)