နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ

နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
4 Nov 2024 11:44 am တွင် တင်ခဲ့သည်
370 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ကင်မရွန် ဒီးယက်ဇ် (Cameron Diaz ) သည် သူ၏နေအိမ်ရှိ ရေကူးကန်ထဲတွင် မကြာခဏဆိုသလို သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံခဲ့မှုမှာ လူမှုကွန်ရက်တွင် အခြေအတင်ငြင်းခုံဖွယ် အကြောင်းရပ် ဖြစ်ခဲ့ဖူးသည်။

Drew Barrymore Show တွင် သူ၏ ယောင်းမဖြစ်သူ Nicole Richie က ကင်မရွန် ဒီးယက်ဇ်အား ရေကူးကန်ထဲတွင် သေးပေါက်ဖူးသလားဟုမေးသည်။

ထိုအခါ ကင်မရွန် ဒီးယက်ဇ်က ရယ်မောရင်းပြောသည်မှာ မိမိနေအိမ်ရှိ ရေကူးကန်ထဲတွင် သေးပေါက်ချကြောင်း၊ ဓာတုဆေးများ ထည့်ထားသောကြောင့် ပြဿနာမရှိကြောင်း Drew Barrymore အား ဖြေကြားခဲ့သည်။

လူမှုကွန်ရက်တွင် ကင်မရွန် ဒီးယက်ဇ်ဘက်မှ ထောက်ခံသူရှိသကဲ့သို့ ကန့်ကွက်ဝေဖန်သူများလည်းရှိနေပြီး ၎င်းတို့အချင်းချင်း အငြင်းပွားကြသည်။

ထိုသို့သောကိစ္စမျိုးကြောင့် အများသုံး ရေကူးကန်များတွင် မည်သည့်အခါမှ ရေမကူးကြောင်း အချို့က မှတ်ချက်ပြုပြီး အချို့ကမူ ပင်လယ်များထဲတွင် ရေသတ္တဝါများနှင့် လူများက ကျင်ငယ်စွန့်ခြင်းများ ရှိသည်သာဖြစ်ကြောင်း တုံ့ပြန်ကြသည်။

((ကင်မရွန်ဒီးယက်ဇ်နှင့် Benji Madden တို့၏ လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်တင်ထား))

ရုပ်ရှင်မင်းသမီး ကင်မရွန် ဒီးယက်ဇ်နှင့် ခင်ပွန်းဖြစ်သူ ပန့်ရော့ခ်ဂီတသမား Benji Madden တို့သည် လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချနေထိုင်ရာ Beverly Hills အရပ် စံအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ကာ ထိုအိမ်မှ ပြောင်းရွှေ့ရန် စီစဉ်နေသည်။

ခြံအကျယ် ၁ ဒသမ ၆ ဧကရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်းပါသောစံအိမ်ကို ကင်မရွန် ဒီးယက်ဇ်တို့ စုံတွဲက လွန်ခဲ့သော ၄ နှစ်က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်း ပေးခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်လောကမှ ၆ နှစ်အနားယူမည်ဟု ကြေညာထားသူ ကင်မရွန် ဒီးယက်ဇ်သည် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာသည်။

ခြံအဝင်ပေါက်တွင် hi-tech လုံခြုံရေးစနစ်များ လျှို့ဝှက်တပ်ဆင်ထားသည်။ မျက်နှာကြက်များမှာ မြင့်မားပြီး ဖောင်းကြွများဖြစ်ကာ စံအိမ်တစ်ခုလုံးတွင် ပြင်သစ်တံခါးများနှင့် မီးလင်းဖိုများစွာ ရှိသည်။

(ရေကူးကန်ကို မြင့်မားသော သစ်ပင်စည်းရိုးတို့က ဝန်းပတ် ကာရံပေးထားသည်။ ဓာတ်ပုံ-realtor)

(မီးလင်းဖိုပါသော ဧည့်ခန်း။ ဓာတ်ပုံ-realtor)

(စကျင်ကျောက်ပြား စားပွဲမျက်နှာပြင်များရှိသော မီးဖိုဆောင်။ ဓာတ်ပုံ-realtor)

အခန်းတို့၏ မျက်နှာကြက်မှာ ပုံမှန်ထက် ၂ ဆပိုမိုမြင့်မားပြီး လင်းလင်းချင်းချင်းရှိသည်။ စံအိမ်မှာ တစ်ရောင်တည်းကိုသာ အသုံးပြုထားပြီး ညစာစားခန်းမှာ ကြေးနီရောင်ဖြစ်ကာ အနက်ရောင်သစ်တို့ဖြင့် built-in စင်များ ထည့်သွင်းထားသည်။

ရုံးခန်းမှာလည်း အနက်ရောင်ကိုပင်အသုံးပြုထားပြီး အနက်ရောင် cabinetry ရှိသည်။ အိမ်တွင်းရုပ်ရှင်ရုံမှာ သမားရိူးကျ seating အစား ခမ်းနားသော နားနေ နေရာပုံစံ ခင်းကျင်းထားရာ ကင်မရွန် ဒီးယက်ဇ်တို့စုံတွဲအတွက် ၎င်းပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များကို ပြန်လည်ကြည့်ရှုရန် ပြီးပြည့်စုံသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။

(ပင်မဧည့်ခန်းတွင် ဒုတိယထပ်ဆီသို့ပေါက်သည့် လှေကားတစ်ခုရှိသည်။ ဓာတ်ပုံ-realtor)

(ညစာစားခန်း။ ဓာတ်ပုံ-realtor)

(နားနေခန်းအသွင် ခင်းကျင်းထားသော အိမ်တွင်းရုပ်ရှင်ရုံ။ ဓာတ်ပုံ-realtor)

(ရုံးခန်း။ ဓာတ်ပုံ-realtor)

(အိမ်နောက်ဘက်တွင် privacy ရှိစွာ နားနေအပန်းဖြေနိုင်သောနေရာ ရှိသည်။ ဓာတ်ပုံ-realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cameron Diaz and Benji Madden put their beautiful $26m Beverly Hills compound up for sale (realestate)

Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service