“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတွင် နေထိုင်ခဲ့ရသော ချို့တဲ့သည့်ဘဝမှ အိမ်ခြံမြေများဝယ်ယူ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ရာ အသက် ၃၃ နှစ်အရွယ်၌ အိမ်ခြံမြေပေါင်း ၁၁၀ ပိုင်ဆိုင်လာသူတစ်ဦးအကြောင်း
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတွင် နေထိုင်ခဲ့ရသော ချို့တဲ့သည့်ဘဝမှ အိမ်ခြံမြေများဝယ်ယူ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ရာ အသက် ၃၃ နှစ်အရွယ်၌ အိမ်ခြံမြေပေါင်း ၁၁၀ ပိုင်ဆိုင်လာသူတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
25 Oct 2024 11:38 am တွင် တင်ခဲ့သည်
609 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သြစတေးလျနိုင်ငံတွင် အစိုးရ တန်ဖိုးနည်း အငှားအိမ်ရာတွင် နေထိုင်ခဲ့ရသော ဆင်းရဲချို့တဲ့သည့်ဘဝမှ ဒေါ်လာ သန်း ၉၀ ဖိုးရှိ အိမ်ခြံမြေများစွာ ပိုင်ဆိုင်လာခဲ့ပုံကို သန်းကြွယ်သူဌေးတစ်ဦးက ထုတ်ဖော်ပြောပြ လာသည်။
အက်ဒီ ဒီးလင် (Eddie Dillen) သည် အသက် ၃၃ နှစ်အရွယ်သာရှိသေးပြီး တချိန်က သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အနောက်ဘက် ၄၃ ကီလိုမီတာအကွာရှိ Mt Druitt အရပ်တွင် နေထိုင်ခဲ့ကာ ဒေသတွင်း McDonald’s ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။
ယခုအခါ လူငယ်သူဌေး အက်ဒီသည် သြစတေးလျရှိ ပြည်နယ်တိုင်း၏ မြို့တော်များတွင် နေအိမ်ပေါင်း ၁၁၀ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
(လူငယ် အိမ်ခြံမြေသူဌေး အက်ဒီသည် သြစတေးလျနိုင်ငံတဝန်းတွင် နေအိမ်ပေါင်း ၁၁၀ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Dileen Property)
“ကျွန်တော်က တန်ဖိုးနည်းအိမ်ရာမှာ ကြီးပြင်းခဲ့ပါတယ်။ ဆင်းရဲပါတယ်။ ကျွန်တော်ကြီးပြင်းလာတဲ့အခါ တွေးမိတဲ့အတွေးတစ်ခုက တခြားသူတွေက ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလိို့ တွေးခဲ့မိတယ်။” ဟု အက်ဒီက Ben Fordham Live သို့ ပြောသည်။
“နှစ်အနည်းငယ်ကြာပြီးနောက် ကျွန်တော်သုံးသပ်ဆင်ခြင်မိတာကတော့ ဒီအတွေးအမြင်ရှိနေရင် ဘာမှ ပြောင်းလဲလာနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်”
“ဘဝကို ရှေ့ဆက်ဖို့ လမ်းကြောင်းရှာတဲ့အခါမှာ အိမ်ခြံမြေဟာ ကျွန်တော့်ခရီးအတွက် ယာဉ်တစ်ခု ဖြစ်လာပါတယ်”
အက်ဒီသည် ယခုအခါ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တည်ထောင်ထားသည်။
အက်ဒီက ပြောသည်မှာ ကလေးဘဝက ဆော့ကစားခဲ့ကြဖူးသော အိမ်များ၊ ဟိုတယ်များဆောက်ရသည့် မိုနိုပိုလီဂိမ်းသဖွယ် သြစတေးလျ အိမ်ခြံမြေဈေးကွက်တွင် လှုပ်ရှားခဲ့ကြောင်း ပြောသည်။
“သေးသေးလေးကနေ စတင်ပါ။ ကိုယ်တတ်နိုင်တာကနေ စပါ။ ဝယ်နိုင်ပြီဆိုတာနဲ့ အိမ်ခြံမြေတစ်ခုခုကို ချက်ချင်းဝယ်ပါ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု ရှုထောင့်ကနေ ကြည့်ဖို့တော့ လိုပါတယ်” ဟု အက်ဒီက ပြောသည်။
“ကျွန်တော့်ရဲ့ မဟာဗျူဟာကတော့ ဈေးလျှော့ပေးတဲ့အိမ်၊ ဈေးကွက်ပေါက်ဈေးအောက် နည်းပါးတဲ့အိမ်ကို ဝယ်တာပါ”
“တချို့ မလိုသူတွေက …အိမ်တစ်လုံးကို ဈေးကွက်ပေါက်ဈေးအောက် ဝယ်လို့ မရနိုင်ပါဘူး…လို့ ပြောကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဝယ်လို့ရတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်က သက်သေပြနေပါတယ်”
(လေလံပွဲများကို တတ်နိုင်သမျှ လက်ရှောင်ကြောင်း အက်ဒီက ပြောသည်။ ဓာတ်ပုံ-Eddie Dillen)
တိုင်းပြည်တွင် လူနေအိမ်အကျပ်အတည်းကြုံနေချိန်၌ အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားမှုအတွက် မိမိတွင် အပြစ်မရှိကြောင်း အက်ဒီက ပြောသည်။
“ပြဿနာက ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စနစ်က ပြဿနာပါ” ဟု အက်ဒီက ဆိုသည်။
အက်ဒီ ပထမဆုံး ဝယ်ယူပိုင်ဆိုင်ခဲ့သောအိမ်မှာ အကျည်းတန်လှသော အိပ်ခန်း ၂ ခန်းပါနေအိမ်ဖြစ်ပြီး ယင်းနောက်ပိုင်း သူ၏ အိမ်ခြံမြေပိုင်ဆိုင်မှု တရိပ်ရိပ်မြင့်တက်လာခဲ့သည်။
(အက်ဒီသည် McDonald’s တွင် လုပ်ကိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Eddie Dillen)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Property mogul, 33, who owns 110 homes worth $90 million says he treats housing market like a game of Monopoly (9news) Photo Credit-Eddie Dillen, Dileen Property
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
၅ နှစ်အရွယ်ကတည်းက မိခင်၏ စွန့်ပစ်ခံရကာ အဘွားနှင့် နေထိုင်ခဲ့ရပြီး နာမည်ကျော်ကြားစပြုချိန်တွင် မိခင်က ဆက်သွယ်လာကာ သူ၏ အကြ
၅ နှစ်အရွယ်ကတည်းက မိခင်၏ စွန့်ပစ်ခံရကာ အဘွားနှင့် နေထိုင်ခဲ့ရပြီး နာမည်ကျော်ကြားစပြုချိန်တွင် မိခင်က ဆက်သွယ်လာကာ သူ၏ အကြ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
sales-gallery
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service