ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
မနှစ်သက်ဖွယ် အိမ်ရှင်မျိုးများမှသည် ခေါင်ခိုက်နေသော အိမ်လခကိစ္စရပ်များအထိ လန်ဒန်မြို့ အိမ်ငှားဈေးကွက်မှာ ငရဲပွက်သကဲ့သို့ ရှိနေသည်။
လန်ဒန်မြို့တော်တွင် နေထိုင်ရေးမှာ အိမ်လခအလွန်ဈေးကြီးသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလက ပျှမ်းမျှအိမ်လခမှာ ပေါင် ၂၁၂၁ ရှိခဲ့ကြောင်း Zoopla ဝက်ဘ်ဆိုက်မှ အချက်အလက်များအရ သိရသည်။
ယခုအခါ လန်ဒန်မြို့လယ်ရှိ တိုက်ခန်းတစ်ခန်းပိုင်ရှင်က သူ၏အခန်းမှ အခန်းပိုကို ဝင်ငွေနည်းပါးသူတို့အား တတ်နိုင်သလောက်ပေးစနစ်ဖြင့် အငှားဈေးကွက်တင်လာသည်။
အခန်းရှင်၏ အမည်မှာ Rupert Hunt ဖြစ်သည်။
သူသည် အခန်းပိုများ အငှားချထားသည့် ကြော်ငြာဝက်ဘ်ဆိုက် SpareRoom ကို တည်ထောင်သူလည်း ဖြစ်သည်။
ယခုအခါ Rupert Hunt က လန်ဒန်မြို့အရှေ့ပိုင်း Spitalfields အရပ်ရှိ သူ၏အခန်းမှ အခန်းပိုတွင် နေထိုင်မည့်သူ ရှာဖွေလျက်ရှိသည်။
Rupert က သူ၏အခန်းကို အဘယ်ကြောင့် ပေးချင်သလောက်ပေးစနစ်ဖြင့် အငှားချလာရသနည်း။
Rupert ယခု ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်ခဲ့ချိန်က သူ၏လက်စွဲဆောင်ပုဒ်မှာ “တကယ့်လူကောင်းနဲ့ အတူနေရတာက ကိုယ့်ဟာကိုယ်နေရတာထက် ပိုကောင်းတယ်”ဟူ၍ ဖြစ်သည်။
ထိုဆောင်ပုဒ်ကို လက်ကိုင်ထားသူ Rupert သည် ယခုအခန်းဝယ်ယူကာ နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာ ကာလအတွင်း အခန်းပိုကို ဈေးကွက်ပေါက်ဈေးအောက် နည်းပါးသော ဈေးနှုန်းဖြင့် အိမ်ငှားများ နေထိုင်ခွင့်ပေးခဲ့သည်။
ယနေ့အချိန်အထိ နေထိုင်ခဲ့သူ ၁၄ ဦးရှိပြီး အသက် ၂၁ နှစ်မှ ၅၁ နှစ်ကြား အရွယ်များ ဖြစ်သည်။
(Rupert ဝယ်ယူပြီးနောက်ပိုင်း အခန်းပိုတွင် ငှားရမ်းနေထိုင်ခဲ့သူ ၁၄ ဦးရှိသည်။ ဓာတ်ပုံ-SpareRoom)
(လန်ဒန်မြို့အရှေ့ပိုင်း Spitalfields အရပ်တွင် တည်ရှိသည်။ ဓာတ်ပုံ-SpareRoom)
Rupert ၏ အခန်းပိုတွင် ငှားရမ်းနေထိုင်ခဲ့သူတို့မှာ ၎င်းတို့ တတ်နိုင်သလောက်သာ အိမ်လခ ပေးရသည်။
အချို့ဝင်ငွေကောင်းသူတို့မှာမူ ထိုဒေသ၏ ဈေးကွက်ပေါက်ဈေးအတိုင်းပေးကာ နေထိုင်ကြသည်။
BLG Development Finance and Online Marketing Surgery မှ အချက်အလက်များအရ ယခုနှစ်အစောပိုင်းတွင် Tower Hamlets အရပ်၌ ပျှမ်းမျှအိမ်လခမှာ ပေါင် ၂၁၉၆ ဖြစ်သည်ဟု ဆိုသည်။
ထိုဒေသသည် လန်ဒန်မြို့တော်၏ အိမ်ခြံမြေဈေးအကြီးဆုံးနေရာများအနက် နံပါတ် ၈ နေရာတွင် ရပ်တည်နေသည်။
Kensington နှင့် Chelsea အရပ်တို့မှာ ပျမ်းမျှအိမ်လခ ၃၃၂၂ ပေါင်ရှိပြီး ဈေးအကြီးဆုံး နံပါတ် ၁ နေရာတွင် ရပ်တည်နေကာ Westminster အရပ်မှာ ပျမ်းမျှအိမ်လခ ၂၉၆၁ ပေါင်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
Rupert ၏အခန်းတွင် ငှားရမ်းနေထိုင်မည့်သူများအနေဖြင့် အထပ်တစ်ထပ်လုံးနီးပါး သီးသန့်နေထိုင်ခွင့် ရမည် ဖြစ်သည်။
(Rupert က တတ်နိုင်သလောက်ပေးစနစ်ဖြင့် ငှားရမ်းပေးသည်။ ဓာတ်ပုံ-SpareRoom)
(ပန်းဥယျာဉ်တစ်ခုလည်း ပါသည်။ လန်ဒန်မြို့လယ်တွင် အလွန်ရှားပါးသော feature ဖြစ်သည်။ ဓာတ်ပုံ-SpareRoom)
မျှဝေသုံးစွဲရမည့်အရာများမှာ နားနေခန်း၊ ရုပ်ရှင်ခန်း၊ ဂီတတူရိယာပစ္စည်းများ ထားရှိပေးထားသော ဂီတခန်း၊ ညစာစားခန်းနှင့် ပန်းဥယျာဉ်တို့ ဖြစ်သည်။
ပန်းဥယျာဉ်ပါသောအိမ်မှာ လန်ဒန်မြို့လယ်တွင် အလွန်တရာရှားပါးသည်။
(Rupert ၏ ကြောင်ကလေး Boo မှာလည်း အိမ်သားတစ်ဦး ဖြစ်သည်။ ဓာတ်ပုံ-SpareRoom)
(Boo ကမူ အိမ်လခ ပေးရဖွယ် မရှိချေ။ ဓာတ်ပုံ-SpareRoom)
“ပိုင်ရှင်နေထိုင်တဲ့အိမ်တွေမှာ အခန်းလွတ်ပေါင်း ၂၆ သန်းလောက်ရှိနေပါတယ်။ ဒီအခန်းတွေကို အငှားချပေးဖို့ တခြားအိမ်ရှင်တွေကိုလည်း ကျွန်တော် တိုက်တွန်းပါတယ်။
ဒါက အိမ်ရာအကျပ်အတည်းအတွက် တကယ့်ကို ကူညီဖြေရှင်းပေးနိုင်မယ့် လမ်းကြောင်းပါ။ အခန်းတွေများလာလေ အိမ်လခ သက်သာလေပါ။ ဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်လား”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The owner of this central London flat is letting housemates choose their rent — how much would you pay? (metro) Photo Credit-SpareRoom
[Zawgyi]
အဂၤလန္မွ နာမည္ၾကီး အခန္းငွားဝက္ဘ္ဆိုက္ SpareRoom ကို တည္ေထာင္သူ Rupert Hunt က ၎ ေနထိုင္ေသာ လန္ဒန္ျမိဳ႕လယ္တိုက္ခန္းမွ အခန္းပိုကို ဝင္ေငြနည္းပါးသူတို႔အား ေပးႏိုင္သေလာက္ေပးစနစ္ျဖင့္ အငွားေစ်းကြက္တင္လာ
မႏွစ္သက္ဖြယ္ အိမ္ရွင္မ်ဳိးမ်ားမွသည္ ေခါင္ခိုက္ေနေသာ အိမ္လခကိစၥရပ္မ်ားအထိ လန္ဒန္ျမိဳ႕ အိမ္ငွားေစ်းကြက္မွာ ငရဲပြက္သကဲ့သို႔ ရွိေနသည္။
လန္ဒန္ျမိဳ႕ေတာ္တြင္ ေနထိုင္ေရးမွာ အိမ္လခအလြန္ေစ်းၾကီးသည္။
၂၀၂၄ ခုႏွစ္၊ ဧျပီလက ပွ်မ္းမွ်အိမ္လခမွာ ေပါင္ ၂၁၂၁ ရွိခဲ့ေၾကာင္း Zoopla ဝက္ဘ္ဆိုက္မွ အခ်က္အလက္မ်ားအရ သိရသည္။
ယခုအခါ လန္ဒန္ျမိဳ႕လယ္ရွိ တိုက္ခန္းတစ္ခန္းပိုင္ရွင္က သူ၏အခန္းမွ အခန္းပိုကို ဝင္ေငြနည္းပါးသူတို႔အား တတ္ႏိုင္သေလာက္ေပးစနစ္ျဖင့္ အငွားေစ်းကြက္တင္လာသည္။
အခန္းရွင္၏ အမည္မွာ Rupert Hunt ျဖစ္သည္။
သူသည္ အခန္းပိုမ်ား အငွားခ်ထားသည့္ ေၾကာ္ျငာဝက္ဘ္ဆိုက္ SpareRoom ကို တည္ေထာင္သူလည္း ျဖစ္သည္။
ယခုအခါ Rupert Hunt က လန္ဒန္ျမိဳ႕အေရွ႕ပိုင္း Spitalfields အရပ္ရွိ သူ၏အခန္းမွ အခန္းပိုတြင္ ေနထုိင္မည့္သူ ရွာေဖြလ်က္ရွိသည္။
Rupert က သူ၏အခန္းကို အဘယ္ေၾကာင့္ ေပးခ်င္သေလာက္ေပးစနစ္ျဖင့္ အငွားခ်လာရသနည္း။
Rupert ယခု ဝက္ဘ္ဆိုက္ကို စတင္တည္ေထာင္ခဲ့ခ်ိန္က သူ၏လက္စြဲေဆာင္ပုဒ္မွာ “တကယ့္လူေကာင္းနဲ႔ အတူေနရတာက ကိုယ့္ဟာကိုယ္ေနရတာထက္ ပိုေကာင္းတယ္”ဟူ၍ ျဖစ္သည္။
ထိုေဆာင္ပုဒ္ကို လက္ကိုင္ထားသူ Rupert သည္ ယခုအခန္းဝယ္ယူကာ ေနထုိင္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း အခန္းပိုကို ေစ်းကြက္ေပါက္ေစ်းေအာက္ နည္းပါးေသာ ေစ်းႏႈန္းျဖင့္ အိမ္ငွားမ်ား ေနထိုင္ခြင့္ေပးခဲ့သည္။
ယေန႔အခ်ိန္အထိ ေနထိုင္ခဲ့သူ ၁၄ ဦးရွိျပီး အသက္ ၂၁ ႏွစ္မွ ၅၁ ႏွစ္ၾကား အရြယ္မ်ား ျဖစ္သည္။
(Rupert ဝယ္ယူျပီးေနာက္ပိုင္း အခန္းပိုတြင္ ငွားရမ္းေနထုိင္ခဲ့သူ ၁၄ ဦးရွိသည္။ ဓာတ္ပံု-SpareRoom)
(လန္ဒန္ျမိဳ႕အေရွ႕ပိုင္း Spitalfields အရပ္တြင္ တည္ရွိသည္။ ဓာတ္ပံု-SpareRoom)
Rupert ၏ အခန္းပိုတြင္ ငွားရမ္းေနထိုင္ခဲ့သူတို႔မွာ ၎တို႔ တတ္ႏိုင္သေလာက္သာ အိမ္လခ ေပးရသည္။
အခ်ဳိ႕ဝင္ေငြေကာင္းသူတို႔မွာမူ ထိုေဒသ၏ ေစ်းကြက္ေပါက္ေစ်းအတိုင္းေပးကာ ေနထိုင္ၾကသည္။
BLG Development Finance and Online Marketing Surgery မွ အခ်က္အလက္မ်ားအရ ယခုႏွစ္အေစာပိုင္းတြင္ Tower Hamlets အရပ္၌ ပွ်မ္းမွ်အိမ္လခမွာ ေပါင္ ၂၁၉၆ ျဖစ္သည္ဟု ဆိုသည္။
ထိုေဒသသည္ လန္ဒန္ျမိဳ႕ေတာ္၏ အိမ္ျခံေျမေစ်းအၾကီးဆံုးေနရာမ်ားအနက္ နံပါတ္ ၈ ေနရာတြင္ ရပ္တည္ေနသည္။
Kensington ႏွင့္ Chelsea အရပ္တို႔မွာ ပ်မ္းမွ်အိမ္လခ ၃၃၂၂ ေပါင္ရွိျပီး ေစ်းအၾကီးဆံုး နံပါတ္ ၁ ေနရာတြင္ ရပ္တည္ေနကာ Westminster အရပ္မွာ ပ်မ္းမွ်အိမ္လခ ၂၉၆၁ ေပါင္ျဖင့္ ဒုတိယေနရာတြင္ ရပ္တည္ေနသည္။
Rupert ၏အခန္းတြင္ ငွားရမ္းေနထိုင္မည့္သူမ်ားအေနျဖင့္ အထပ္တစ္ထပ္လံုးနီးပါး သီးသန္႔ေနထုိင္ခြင့္ ရမည္ ျဖစ္သည္။
(Rupert က တတ္ႏိုင္သေလာက္ေပးစနစ္ျဖင့္ ငွားရမ္းေပးသည္။ ဓာတ္ပံု-SpareRoom)
(ပန္းဥယ်ာဥ္တစ္ခုလည္း ပါသည္။ လန္ဒန္ျမိဳ႕လယ္တြင္ အလြန္ရွားပါးေသာ feature ျဖစ္သည္။ ဓာတ္ပံု-SpareRoom)
မွ်ေဝသံုးစြဲရမည့္အရာမ်ားမွာ နားေနခန္း၊ ရုပ္ရွင္ခန္း၊ ဂီတတူရိယာပစၥည္းမ်ား ထားရွိေပးထားေသာ ဂီတခန္း၊ ညစာစားခန္းႏွင့္ ပန္းဥယ်ာဥ္တို႔ ျဖစ္သည္။
ပန္းဥယ်ာဥ္ပါေသာအိမ္မွာ လန္ဒန္ျမိဳ႕လယ္တြင္ အလြန္တရာရွားပါးသည္။
(Rupert ၏ ေၾကာင္ကေလး Boo မွာလည္း အိမ္သားတစ္ဦး ျဖစ္သည္။ ဓာတ္ပံု-SpareRoom)
(Boo ကမူ အိမ္လခ ေပးရဖြယ္ မရွိေခ်။ ဓာတ္ပံု-SpareRoom)
“ပိုင္ရွင္ေနထိုင္တဲ့အိမ္ေတြမွာ အခန္းလြတ္ေပါင္း ၂၆ သန္းေလာက္ရွိေနပါတယ္။ ဒီအခန္းေတြကို အငွားခ်ေပးဖုိ႔ တျခားအိမ္ရွင္ေတြကိုလည္း ကၽြန္ေတာ္ တိုက္တြန္းပါတယ္။
ဒါက အိမ္ရာအက်ပ္အတည္းအတြက္ တကယ့္ကို ကူညီေျဖရွင္းေပးႏိုင္မယ့္ လမ္းေၾကာင္းပါ။ အခန္းေတြမ်ားလာေလ အိမ္လခ သက္သာေလပါ။ ဒါက ေကာင္းတဲ့ကိစၥပဲ မဟုတ္လား”
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The owner of this central London flat is letting housemates choose their rent — how much would you pay? (metro) Photo Credit-SpareRoom