ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ - Property News in Myanmar from iMyanmarHouse.com
18 Oct 2024 11:49 am တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စုမှ နေခြည်ဖြာ ပြည်နယ်ဟု လူသိများသော ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီကမ်းခြေရှိ ကန်ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

ဘောလုံးကြယ်ပွင့်ဘဝမှ မေဂျာလိဂ်ကလပ်အသင်းပိုင်ရှင်ဘဝသို့ ကူးပြောင်းခဲ့သူ ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဇနီးဖြစ်သူတို့က ဘက်ခမ်း၏ အသင်းဖြစ်သော Inter Miami ၏ ကစားကွင်းမှ မော်တော်ကားဖြင့် မိနစ် ၄၀ ခန့်သာ ဝေးကွာသောနေရာရှိ ကမ်းခြေစံအိမ်ကြီးကို သဘောကျနေကြခြင်း ဖြစ်သည်။

The Real Deal သတင်းဌာန၏ ဖော်ပြချက်အရ ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့သည် အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါသော အဆိုပါစံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်နေသည်ဟု ဆိုသည်။

အဆိုပါစံအိမ်ကြီးသည် မိုင်အမ်မီကမ်းခြေရှိ အထင်ကရအရှိဆုံးအိမ်များတွင် ပါဝင်ကြောင်း ဈေးကွက်တင် ကြော်ငြာတွင် ဖော်ပြသည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၄၂၇၀ ရှိပြီး ပင်လယ်ကမ်းခြေမျက်နှာစာ ၁၂၄ ပေပိုင်ဆိုင်ထားကာ လှေဆိပ်ခံတစ်ခုလည်း ပါဝင်သည်။

စံအိမ်အတွင်းတွင်ကား amenity များစွာ ပါဝင်ရာ အားကစားလေ့ကျင့်ခန်းမနှင့် spa တို့မှသည် စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်နှင့် အိမ်တွင်းရုပ်ရှင်ရုံတို့အထိ ဖြစ်သည်။

စံအိမ်၏ ခေတ်မီလှပသော အတွင်းအပြင် ဒီဇိုင်းကို ဗိသုကာပညာရှင် Choeff Levy Fischman က Antrobus Design Collective နှင့် luxury homebuilder ဖြစ်သော Bart Reines တို့နှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။

(ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့က မိုင်အမ်မီကမ်းခြေရှိ ကန်ဒေါ်လာ သန်း ၈၀ တန် ကမ်းခြေစံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်နေသည်။ ဓာတ်ပုံ-Kawwai Tang/ WireImage)

(မိုင်အမ်မီ၏ အထင်ကရအရှိဆုံး စံအိမ်များတွင် ပါဝင်ကြောင်း ဈေးကွက်တင် ကြော်ငြာတွင် ဖော်ပြသည်။ ဓာတ်ပုံ-Realtor)

၁၂ ပေမြင့်မားသော မျက်နှာကြက်နှင့် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများကြောင့် စံအိမ်အတွင်း အမြဲလင်းလင်းချင်းချင်း ရှိနေမည်မှာ သေချာလှသည်။

ပန်းဥယျာဉ်ဘေးပတ်လည်ရှိ မြင့်မားသော အုန်းပင်များက Privacy ဖြစ်မှုကို မြှင့်တင်ပေးနိုင်ရာ ကြယ်ပွင့်စုံတွဲအတွက် မရှိမဖြစ် လိုအပ်သည့်အရာတစ်ခုလည်း ဖြစ်သည်။

ကျယ်ဝန်းသော rooftop လည်း ပါဝင်ရာ ဘက်ခမ်းတို့စုံတွဲအနေဖြင့် ပင်လယ်ပြင်နှင့် မြို့၏ရှုခင်းများကို အပြောကျယ်စွာ ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

ရာသီဥတု သာယာသောနေ့မျိုးတွင် ဘက်ခမ်းအနေဖြင့် သူ့အသင်း ကစားပုံများကို နေအိမ်မှပင် ကြည့်ရှုနိုင်ဖွယ်ရာ ရှိသည်။

အဆိုပါစံအိမ်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက အရောင်းဈေးကွက်တွင် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်ကဖြစ်ကာ ထိုစဉ်က ဒေါ်လာ ၁၀ သန်းမျှသာ ရှိခဲ့သည်။

Real Deal ၏ ဖော်ပြချက်အရ စံအိမ်၏ ပိုင်ရှင်မှာ အိမ်ခြံမြေ developer ဖြစ်သူ Niklas de la Motte ဖြစ်ပြီး စံအိမ်ကို အလုံးစုံမွမ်းမံမှုများ ပြုလုပ်ကာ ဈေးနှုန်းမြင့်မားစွာဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

(ဘက်ခမ်းတို့စုံတွဲသည် မိုင်အမ်မီတွင် ကန်ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ Penthouse တစ်ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။ ဓာတ်ပုံ-Lifestyle Production Group)

(Penthouse ခန်းတွင် indoor ရေကူးကန်အပါအဝင် အခြား amenities များစွာရှိသည်။ ဓာတ်ပုံ-Lifestyle Production Group)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: David and Victoria Beckham Set Their Sights on $80 Million ‘Sophisticated’ Miami Beach Megamansion (realtor) Photo Credit- Kawwai Tang/ WireImage, Realtor

[Zawgyi]

ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားတို႔ ဇနီးေမာင္ႏွံက မိုင္အမ္မီကမ္းေျခရွိ ေဒၚလာ သန္း ၈၀ တန္ စံအိမ္ၾကီးကို မ်က္စိက်ေန

ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားတို႔ ဇနီးေမာင္ႏွံသည္ အေမရိကန္ျပည္ေထာင္စုမွ ေနျခည္ျဖာ ျပည္နယ္ဟု လူသိမ်ားေသာ ဖေလာ္ရီဒါျပည္နယ္၊ မိုင္အမ္မီကမ္းေျခရွိ ကန္ေဒၚလာ သန္း ၈၀ တန္ စံအိမ္ၾကီးကို မ်က္စိက်ေနသည္ဟူေသာ သတင္းမ်ား ထြက္ေပၚေနသည္။

ေဘာလံုးၾကယ္ပြင့္ဘဝမွ ေမဂ်ာလိဂ္ကလပ္အသင္းပိုင္ရွင္ဘဝသို႔ ကူးေျပာင္းခဲ့သူ ဘက္ခမ္းႏွင့္ ဖက္ရွင္ဒီဇိုင္နာ ဇနီးျဖစ္သူတို႔က ဘက္ခမ္း၏ အသင္းျဖစ္ေသာ Inter Miami ၏ ကစားကြင္းမွ ေမာ္ေတာ္ကားျဖင့္ မိနစ္ ၄၀ ခန္႔သာ ေဝးကြာေသာေနရာရွိ ကမ္းေျခစံအိမ္ၾကီးကို သေဘာက်ေနၾကျခင္း ျဖစ္သည္။

The Real Deal သတင္းဌာန၏ ေဖာ္ျပခ်က္အရ ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားတို႔သည္ အိပ္ခန္း ၉ ခန္းႏွင့္ ေရခ်ဳိးခန္း ၉ ခန္းပါေသာ အဆိုပါစံအိမ္ၾကီးကို ဝယ္ယူရန္ စီစဥ္ေနသည္ဟု ဆိုသည္။

အဆိုပါစံအိမ္ၾကီးသည္ မိုင္အမ္မီကမ္းေျခရွိ အထင္ကရအရွိဆံုးအိမ္မ်ားတြင္ ပါဝင္ေၾကာင္း ေစ်းကြက္တင္ ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၄၂၇၀ ရွိျပီး ပင္လယ္ကမ္းေျခမ်က္ႏွာစာ ၁၂၄ ေပပိုင္ဆိုင္ထားကာ ေလွဆိပ္ခံတစ္ခုလည္း ပါဝင္သည္။

စံအိမ္အတြင္းတြင္ကား amenity မ်ားစြာ ပါဝင္ရာ အားကစားေလ့က်င့္ခန္းမႏွင့္ spa တို႔မွသည္ စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္ေသာ မီးဖိုေဆာင္ႏွင့္ အိမ္တြင္းရုပ္ရွင္ရံုတို႔အထိ ျဖစ္သည္။

စံအိမ္၏ ေခတ္မီလွပေသာ အတြင္းအျပင္ ဒီဇိုင္းကို ဗိသုကာပညာရွင္ Choeff Levy Fischman က Antrobus Design Collective ႏွင့္ luxury homebuilder ျဖစ္ေသာ Bart Reines တုိ႔ႏွင့္ ပူးေပါင္းကာ ဒီဇိုင္းေရးဆြဲခဲ့ျခင္း ျဖစ္သည္။

(ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားဘက္ခမ္းတို႔က မိုင္အမ္မီကမ္းေျခရွိ ကန္ေဒၚလာ သန္း ၈၀ တန္ ကမ္းေျခစံအိမ္ၾကီးကို ဝယ္ယူရန္ စီစဥ္ေနသည္။ ဓာတ္ပံု-Kawwai Tang/ WireImage)

(မိုင္အမ္မီ၏ အထင္ကရအရွိဆံုး စံအိမ္မ်ားတြင္ ပါဝင္ေၾကာင္း ေစ်းကြက္တင္ ေၾကာ္ျငာတြင္ ေဖာ္ျပသည္။ ဓာတ္ပံု-Realtor)

၁၂ ေပျမင့္မားေသာ မ်က္ႏွာၾကက္ႏွင့္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ားေၾကာင့္ စံအိမ္အတြင္း အျမဲလင္းလင္းခ်င္းခ်င္း ရွိေနမည္မွာ ေသခ်ာလွသည္။

ပန္းဥယ်ာဥ္ေဘးပတ္လည္ရွိ ျမင့္မားေသာ အုန္းပင္မ်ားက Privacy ျဖစ္မႈကို ျမွင့္တင္ေပးႏိုင္ရာ ၾကယ္ပြင့္စံုတြဲအတြက္ မရွိမျဖစ္ လိုအပ္သည့္အရာတစ္ခုလည္း ျဖစ္သည္။

က်ယ္ဝန္းေသာ rooftop လည္း ပါဝင္ရာ ဘက္ခမ္းတို႔စံုတြဲအေနျဖင့္ ပင္လယ္ျပင္ႏွင့္ ျမိဳ႕၏ရႈခင္းမ်ားကို အေျပာက်ယ္စြာ ၾကည့္ရႈခံစားႏိုင္မည္ ျဖစ္သည္။

ရာသီဥတု သာယာေသာေန႔မ်ဳိးတြင္ ဘက္ခမ္းအေနျဖင့္ သူ႔အသင္း ကစားပံုမ်ားကို ေနအိမ္မွပင္ ၾကည့္ရႈႏိုင္ဖြယ္ရာ ရွိသည္။

အဆိုပါစံအိမ္သည္ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလကတည္းက အေရာင္းေစ်းကြက္တြင္ ေရာက္ရွိေနခဲ့ျခင္းျဖစ္ျပီး ေနာက္ဆံုး အေရာင္းအဝယ္ျဖစ္ခဲ့သည္မွာ ၂၀၁၈ ခုႏွစ္ကျဖစ္ကာ ထိုစဥ္က ေဒၚလာ ၁၀ သန္းမွ်သာ ရွိခဲ့သည္။

Real Deal ၏ ေဖာ္ျပခ်က္အရ စံအိမ္၏ ပိုင္ရွင္မွာ အိမ္ျခံေျမ developer ျဖစ္သူ Niklas de la Motte ျဖစ္ျပီး စံအိမ္ကို အလံုးစံုမြမ္းမံမႈမ်ား ျပဳလုပ္ကာ ေစ်းႏႈန္းျမင့္မားစြာျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

(ဘက္ခမ္းတို႔စံုတြဲသည္ မိုင္အမ္မီတြင္ ကန္ေဒၚလာ သန္း ၂၀ တန္ေၾကးရွိ Penthouse တစ္ခန္းလည္း ပိုင္ဆိုင္ထားေသးသည္။ ဓာတ္ပံု-Lifestyle Production Group)

(Penthouse ခန္းတြင္ indoor ေရကူးကန္အပါအဝင္ အျခား amenities မ်ားစြာရွိသည္။ ဓာတ္ပံု-Lifestyle Production Group)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: David and Victoria Beckham Set Their Sights on $80 Million ‘Sophisticated’ Miami Beach Megamansion (realtor) Photo Credit- Kawwai Tang/ WireImage, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service