ဗြိတိသျှ အင်ပါယာကို တည်ထောင်ခဲ့သူ ဝိတိုရိယဘုရင်မကြီး အနှစ်သက်ဆုံး အီတလီမှ အပန်းဖြေစံအိမ် ကန်ဒေါ်လာ ၅၅ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိသျှ အင်ပါယာကို တည်ထောင်ခဲ့သူ ဝိတိုရိယဘုရင်မကြီး အနှစ်သက်ဆုံး အီတလီမှ အပန်းဖြေစံအိမ် ကန်ဒေါ်လာ ၅၅ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Sep 2024 10:06 am တွင် တင်ခဲ့သည်
307 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဝိတိုရိယဘုရင်မကြီး (မွေး ၁၈၁၉- ကွယ်လွန် ၁၉၀၁) သည် ဗြိတိန်ကို ၁၈၃၇ ခုနှစ်မှ နတ်ရွာစံချိန် ၁၉၀၁ ခုနှစ် အထိ အုပ်စိုးသွားသော ဘုရင်မကြီးဖြစ်သည်။
ဝိတိုရိယဘုရင်မကြီးသည် နန်းသက် ၆၃ နှစ်နှင့် ၂၁၆ ရက် စံမြန်းသွားရာ သူ၏ ရှေ့မင်းဆက်များထက် နန်းသက် ပိုမိုကြာရှည်ခဲ့ပြီး သူ၏အုပ်ချုပ်မှုကာလကို ဝိတိုရိယခေတ်ဟု ရည်ညွှန်းကြသည်။
ဝိတိုရိယခေတ်တွင် ဗြိတိန်၌ စက်မှု၊ နိုင်ငံရေး၊ သိပ္ပံပညာနှင့် စစ်ရေးကြီးမားစွာ တိုးတက်ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့ပြီး ဗြိတိသျှ အင်ပါယာကိုလည်း ကြီးမားစွာချဲ့ထွင်ခဲ့သည်။
((ဝိတိုရိယဘုရင်မကြီး၏ အပန်းဖြေ အိမ်တော်))
တချိန်က ဝိတိုရိယဘုရင်မကြီး အလွန်နှစ်သက်ခဲ့သော အပန်းဖြေအိမ်တော်မှာ အီတလီနိုင်ငံတွင် တည်ရှိပြီး အီတလီဗိသုကာဟန် စံအိမ်တစ်လုံးဖြစ်သည်။
အကယ်၍ သင့်တွင် ယူရို သန်း ၅၀ (ကန်ဒေါ်လာ ၅၅ သန်း) ရှိမည်ဆိုပါက ဝိတိုရိယဘုရင်မကြီး အပန်းဖြေခဲ့ သော Villa Palmieri ဟု အမည်ပေးထားသည့်စံအိမ်ကို ဝယ်ယူပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ သည်။
အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့ ဆင်ခြေဖုံးဒေသရှိ တောင်ကုန်းများပေါ်တွင် တည်ရှိပြီး စံအိမ်အကျယ်အဝန်းမှာ စတုန်းမီတာ ၄,၀၀၀ (စတုရန်းပေ ၄၃,၀၀၀) ခန့် ရှိသည်။
စံအိမ်ကို အရောင်းဈေးကွက်တင်ပေးသည့် Dreamer Real Estate အိမ်ခြံမြေကုမ္ပဏီက CNN သတင်းဌာနသို့ ပေးပို့ခဲ့သော အချက်အလက်များအရ ခြံဝန်းအတွင်း ပန်းဥယျာဉ်တို့၏အကျယ်မှာ ၉ ဟက်တာ (၂၂ ဧက) ရှိပြီး ဖလောရင့်စ်တွင် ဒုတိယ အကြီးမားဆုံး ပန်းဥယျာဉ်ဖြစ်ကြောင်း ဖော်ပြသည်။
(ဝိတိုရိယဘုရင်မကြီးသည် ဤစံအိမ်တွင် ၃ ကြိမ်တိုင် လာရောက်အပန်းဖြေနေထိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Dreamer Real Estate via CNN)
ခြံဝန်းအတွင်း ရဟတ်ယာဉ်ကွင်းတစ်ခုလည်းရှိပြီး တင်းနစ်ကွင်း၊ စိမ်းလန်းသော ပန်းဥယျာဉ်များနှင့် ရှေးခေတ် ရေကူးကန်တစ်ခုတို့ ပါဝင်သည်။
စံအိမ်အတွင်း အိပ်ခန်း ၂၃ ခန်းနှင့် ရေချိုးခန်း ၁၉ ခန်းရှိသည်။
၁၄ ရာစုက ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ပထမဆုံး ပိုင်ဆိုင်ခဲ့သည်မှာ Fini ဟူသော မိသားစု ဖြစ်သည်။
ယင်းနောက် ၁၄၅၄ ခုနှစ်တွင် Matteo di Marco Palmieri က ဝယ်ယူခဲ့ပြီး Villa Palmieri ဟု အမည် ပြောင်းလဲခဲ့သည်။
၁၇၆၀ ပြည့်နှစ်တွင်ကား အင်္ဂလန်မှ နယ်စားကြီး Cowper ဝယ်ယူခဲ့သည်။ ယင်းနောက် Crawford နှင့် Balcarres နယ်စားကြီးတို့ အဆက်ဆက် လက်လွှဲရောင်းချ ပိုင်ဆိုင်ခဲ့ကြသည်။
ထိုကာလအတွင်း ဝိတိုရိယ ဘုရင်မကြီး လည်ပတ်အပန်းဖြေ နေထိုင်ခဲ့ခြင်းဖြစ်သည်။ ၁၈၈၈ ခုနှစ်တွင် ပထမဆုံး စတင်လည်ပတ်ခဲ့ကာ ၁ လခန့် နေထိုင်ခဲ့သည်။
ယင်းနောက် ၁၈၉၃ နှင့် ၁၈၉၄ ခုနှစ်များတွင် ထပ်မံရောက်ရှိခဲ့သည်။
ခြံဝန်းအတွင်းရှိ သစ်ပင်အချို့တွင် အထိမ်းအမှတ်တံဆိပ်ပြားများ တွေ့ရမည်ဖြစ်ပြီး ဝိတိုရိယဘုရင်မကြီး အပန်းဖြေနေထိုင်သွားကြောင်း ရေးသားဖော်ပြထားသည်။
(ပန်းဥယျာဉ်များ၏ အကျယ်အဝန်းမှာ ၂၂ ဧကရှိသည်။ ဓာတ်ပုံ-Dreamer Real Estate via CNN)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Queen Victoria's favourite Tuscan villa for sale for more than US$55 million (ctvnews) Photo Credit- Dreamer Real Estate via CNN
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာ
အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Shwe Moe Kaung
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service