အော်စကာဆုရ Pearl Habour ရုပ်ရှင်ဇာတ်ကားကြီးတွင် သူနာပြုဆရာမလေးအဖြစ် ခေါင်းဆောင်မင်းသမီး နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သော ကိတ် ဘက်ကင်ဆေး နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အော်စကာဆုရ Pearl Habour ရုပ်ရှင်ဇာတ်ကားကြီးတွင် သူနာပြုဆရာမလေးအဖြစ် ခေါင်းဆောင်မင်းသမီး နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သော ကိတ် ဘက်ကင်ဆေး နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
19 Sep 2024 11:00 am တွင် တင်ခဲ့သည်
390 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်ရုပ်ရှင်မင်းသမီး ကိတ်ဘက်ကင်ဆေး တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိ မြို့မှ စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။

Cape-Cod ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောစံအိမ်ဖြစ်ပြီး ကိတ်ဘက်ကင်ဆေးက ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၃ ဒသမ ၅၉ သန်း ပေးခဲ့ရသည်။ ယင်းနောက် ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၉၉ သန်းဖြင့် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ ၄၀၀,၀၀၀ အမြတ်ရခဲ့သည်။

ယခုပိုင်ရှင်က အရောင်းဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်း ဈေးခေါ်ထားသည်။

အသက် ၅၁ နှစ်ရှိပြီဖြစ်သူ ကိတ်ဘက်ကင်ဆေးသည် အော်စကာဆုရ Peal Harbor (၂၀၀၁)၊ The Aviator (၂၀၀၄) နှင့် Contraband (၂၀၁၂) ဇာတ်ကားများအပြင် အခြားရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

(ကိတ်ဘက်ကင်ဆေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Anthony Harvey/ Shutterstock)

(ကား ၂ စင်းဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်သည်။ ဓာတ်ပုံ-Blake Worthington)

(ဧည့်ခန်း။ ဓာတ်ပုံ-Blake Worthington)

(အခန်းဖွင့် ခင်းကျင်းထားသော မီးဖိုဆောင်နှင့် ဧည့်ခန်း။ ဓာတ်ပုံ-Blake Worthington)

(ရေချိုးခန်း ၅ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Blake Worthington)

(အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Blake Worthington)

အကျော်အမော်များ နေထိုင်ကြရာ Brentwood အရပ်တွင် တည်ရှိပြီး တောင်ကုန်းစောင်းတစ်ခုတွင် သီးသန့်တည်ရှိကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ (ရုံးခန်း။ ဓာတ်ပုံ-Blake Worthington)

(နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၆၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Blake Worthington)

(နှစ်ထပ် အဝင်ခန်းမကြီး။ ဓာတ်ပုံ-Blake Worthington)

စတုရန်းပေ ၃၆၀၀ ကျော် ကျယ်ဝန်းသော စံအိမ်အတွင်း အဖြူရောင်နံရံများ၊ ဖန်မီးဆိုင်းကြီးတစ်ခုရှိသော နှစ်ထပ်အဝင်ခန်းမကြီးတို့ ပါဝင်သည်။

လှေကားမှတဆင့် ဒုတိယထပ်ဆီသို့ ရောက်ရှိမည်ဖြစ်ပြီး စုစုပေါင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ အဝတ်လျှော်ခန်း၊ built-in စင်များပါဝင်သော ရုံးခန်း/စာကြည့်တိုက်၊ ပြတင်းပေါက်ဘေး ထိုင်ရန်နေရာများစွာနှင့် ပစ္စည်းသိုလှောင်ရန်နေရာတို့ ရှိသည်။

စိတ်ကြိုက်ဆောက်လုပ်ထားသော မီးဖိုဆောင်နှင့် ဧည့်ခန်းမှာ အခန်းဖွင့်ခင်းကျင်းထားပြီး မီးဖိုဆောင်တွင် မီးလင်းဖိုတစ်ခု ရှိသည်။

မိသားစု နားနေခန်းတွင် မီးလင်းဖိုတစ်ခုရှိပြီး အိမ်ပြင်ဘက်သို့ ထွက်သည့် တံခါး ၄ ပေါက်ရှိသည်။

အရောင်းဈေးကွက်တင်ပေးသည်မျာ The Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Brandon Assanti ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kate Beckinsale’s former Los Angeles home lists for $4.2M (nypost) Photo Credit- Anthony Harvey/ Shutterstock, Blake Worthington

[Zawgyi]

ေအာ္စကာဆုရ Pearl Habour ရုပ္ရွင္ဇာတ္ကားၾကီးတြင္ သူနာျပဳဆရာမေလးအျဖစ္ ေခါင္းေဆာင္မင္းသမီး ေနရာမွ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ ကိတ္ ဘက္ကင္ေဆး ေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ ကန္ေဒၚလာ ၄ ဒသမ ၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အဂၤလန္ရုပ္ရွင္မင္းသမီး ကိတ္ဘက္ကင္ေဆး တခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးေသာ အေမရိကန္ျပည္၊ ေလာ့စ္အိန္ဂ်လိ ျမိဳ႕မွ စံအိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္လာသည္။

Cape-Cod ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာစံအိမ္ျဖစ္ျပီး ကိတ္ဘက္ကင္ေဆးက ၂၀၀၆ ခုႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၃ ဒသမ ၅၉ သန္း ေပးခဲ့ရသည္။ ယင္းေနာက္ ၂၀၂၁ ခုႏွစ္တြင္ ကန္ေဒၚလာ ၃ ဒသမ ၉၉ သန္းျဖင့္ ေရာင္းထုတ္ခဲ့ရာ ေဒၚလာ ၄၀၀,၀၀၀ အျမတ္ရခဲ့သည္။

ယခုပိုင္ရွင္က အေရာင္းေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ ၄ ဒသမ ၂၉ သန္း ေစ်းေခၚထားသည္။

အသက္ ၅၁ ႏွစ္ရွိျပီျဖစ္သူ ကိတ္ဘက္ကင္ေဆးသည္ ေအာ္စကာဆုရ Peal Harbor (၂၀၀၁)၊ The Aviator (၂၀၀၄) ႏွင့္ Contraband (၂၀၁၂) ဇာတ္ကားမ်ားအျပင္ အျခားရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

(ကိတ္ဘက္ကင္ေဆးကို ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာလအတြင္း ေတြ႔ရပံု။ ဓာတ္ပံု-Anthony Harvey/ Shutterstock)

(ကား ၂ စင္းဆန္႔ ဂိုေဒါင္တစ္လံုးလည္း ပါဝင္သည္။ ဓာတ္ပံု-Blake Worthington) (ဧည့္ခန္း။ ဓာတ္ပံု-Blake Worthington)

(အခန္းဖြင့္ ခင္းက်င္းထားေသာ မီးဖိုေဆာင္ႏွင့္ ဧည့္ခန္း။ ဓာတ္ပံု-Blake Worthington)

(ေရခ်ဳိးခန္း ၅ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု-Blake Worthington)

(အိပ္ခန္း ၄ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု-Blake Worthington)

အေက်ာ္အေမာ္မ်ား ေနထိုင္ၾကရာ Brentwood အရပ္တြင္ တည္ရွိျပီး ေတာင္ကုန္းေစာင္းတစ္ခုတြင္ သီးသန္႔တည္ရွိေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ (ရံုးခန္း။ ဓာတ္ပံု-Blake Worthington)

(ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၆၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု-Blake Worthington)

(ႏွစ္ထပ္ အဝင္ခန္းမၾကီး။ ဓာတ္ပံု-Blake Worthington)

စတုရန္းေပ ၃၆၀၀ ေက်ာ္ က်ယ္ဝန္းေသာ စံအိမ္အတြင္း အျဖဴေရာင္နံရံမ်ား၊ ဖန္မီးဆိုင္းၾကီးတစ္ခုရွိေသာ ႏွစ္ထပ္အဝင္ခန္းမၾကီးတို႔ ပါဝင္သည္။

ေလွကားမွတဆင့္ ဒုတိယထပ္ဆီသို႔ ေရာက္ရွိမည္ျဖစ္ျပီး စုစုေပါင္း အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း၊ အဝတ္ေလွ်ာ္ခန္း၊ built-in စင္မ်ားပါဝင္ေသာ ရံုးခန္း/စာၾကည့္တိုက္၊ ျပတင္းေပါက္ေဘး ထုိင္ရန္ေနရာမ်ားစြာႏွင့္ ပစၥည္းသိုေလွာင္ရန္ေနရာတို႔ ရွိသည္။

စိတ္ၾကိဳက္ေဆာက္လုပ္ထားေသာ မီးဖုိေဆာင္ႏွင့္ ဧည့္ခန္းမွာ အခန္းဖြင့္ခင္းက်င္းထားျပီး မီးဖုိေဆာင္တြင္ မီးလင္းဖိုတစ္ခု ရွိသည္။

မိသားစု နားေနခန္းတြင္ မီးလင္းဖိုတစ္ခုရွိျပီး အိမ္ျပင္ဘက္သို႔ ထြက္သည့္ တံခါး ၄ ေပါက္ရွိသည္။

အေရာင္းေစ်းကြက္တင္ေပးသည္မ်ာ The Agency အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Brandon Assanti ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kate Beckinsale’s former Los Angeles home lists for $4.2M (nypost) Photo Credit- Anthony Harvey/ Shutterstock, Blake Worthington

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အ...

အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ...

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ...
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service