လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 Sep 2024 10:50 am တွင် တင်ခဲ့သည်
605 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောင်ကောင်ရှိ Tsim Sha Tsui district ခရိုင်တွင် 1881 Heritage အမည်ရှိ ဈေးဝယ်စင်တာကြီး ရှိသည်။
ထိုဈေးဝယ်စင်တာကြီးရှိ Tiffany,Cartier နှင့် Chopard တို့ကဲ့သို့ ဆိုင်ခန်းများတွင် တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်သော ဈေးဝယ်သူများဖြင့် လူတန်းရှည်ကြီး ဖြစ်နေခဲ့ဖူးသည်။
ယခုအခါ ထိုဈေးဝယ်စင်တာကြီးမှာ မည်သည့်လူအုပ်များ၊ အမှတ်တံဆိပ်များကိုမှ ဆွဲဆောင်နိုင်တော့ခြင်း မရှိချေ။
ဘီလျံနာကြီး လီကာရှင်း၏ CK Asset Holdings က ယခုဈေးဝယ်စင်တာကြီးတွင် ဆိုင်ခန်းနေရာပေါင်း ၃၀ ကျော် ပိုင်ဆိုင်ထားသည့်အနက် ဆိုင်ခန်းနေရာ ၃ ခုသာ ဖွင့်လှစ်ထားမှုရှိပြီး ဈေးဝယ်စင်တာ ဝန်းအတွင်း တိတ်ဆိတ်ခြောက်ကပ်နေသည်။
အနီးရှိ Canton လမ်းတွင် ယခင်က Swatch Group Omega က တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၇ ဒသမ ၅ သန်း (စင်္ကာပူဒေါ်လာ ၁ ဒသမ ၃ သန်း) ဖြင့် ငှားရမ်းဖွင့်လှစ်ထားသော ဆိုင်နေရာမှာ ယခုအခါ ဘဏ်တစ်ခု သို့ အငှားချထားပြီး ငှားရမ်းခမှာ ယခင်ဈေးနှုန်းအောက် ၈၀ ရာခိုင်နှုန်း နည်းပါးကြောင်း အိမ်ခြံမြေ အကျိုးဆောင်တို့က ပြောသည်။
Causeway Bay ရှိ Russell လမ်းတွင် ဖွင့်လှစ်ထားသော Transformers-themed Fast-food စားသောက်ဆိုင်မှာ ယခင်က Burberry ၏ နေရာဖြစ်သည်။
ထိုနေရာကို Burberry က ၂၀၁၉ ခုနှစ်တွင် ငှားရမ်းခဲ့စဉ်က ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၈ သန်းပေးခဲ့ရပြီး ယခုစားသောက်ဆိုင်မှ ငှားရမ်းရာတွင် ယခင်ဈေးနှုန်းအောက် ၈၉ ရာခိုင်နှုန်း နည်းပါးကြောင်း အိမ်ခြံမြေ အကျိုးဆောင်တို့က ပြောသည်။
တရုတ်လူမျိုးတို့ တန်ဖိုးကြီးပစ္စည်းသုံးစွဲမှု ထိုးကျသွားခြင်းမှာ ကမ္ဘာတစ်လွှားမှ Luxury အမှတ်တံဆိပ်များကို ကိုင်လှုပ်ခဲ့သည်။
LVMH မှသည် Richemont နှင့် L’Oreal တို့အထိ ကုမ္ပဏီများသည် ဟောင်ကောင်တွင် ရောင်းအားကျဆင်း နေကြောင်း သတင်းများ ရှိသည်။
ထိုသို့ Luxury ပစ္စည်းများ ဝယ်လိုအား ကျဆင်းမှုမှာ ဟောင်ကောင်တွင် အထင်ရှားဆုံး တွေ့ရသည်။
ဟောင်ကောင်သည် တရုတ်ပြည်မကြီးမှ ပွပေါက်တိုးလာသော သူဌေးများက တန်ဖိုးကြီး လက်ကိုင်အိတ် များနှင့် တန်ဖိုးကြီးနာရီများ လာရောက်ဝယ်ယူလေ့ရှိသောနေရာအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည်။
“ဟောင်ကောင်ရဲ့ Luxury ဈေးကွက်က တချိန်တုန်းကတော့ နိဗ္ဗာန်ဘုံပါပဲ။
အခုချိန်မှာတော့ ချောက်ထဲ ကျသွားပါပြီ”ဟု ဟောင်ကောင်တွင် လက်လီအရောင်းဆိုင်များ ပိုင်ဆိုင်ထားသော Bridgeway Prime Shop Fund Management ကို တည်ထောင်သူ ဒေါက်တာ အက်ဒ်ဝင်လီက ပြောသည်။
“ကမ္ဘာလှည့်ခရီးသွားတွေ ရောက်လာပြီး Luxury ထုတ်ကုန်တွေကို ဘာမှ တွေးမနေဘဲ ပုံအောဝယ်ပစ်တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ။”
တရားဝင် ကိန်းဂဏန်းများအရ ဟောင်ကောင်သို့ တရုတ်ပြည်မှ လာရောက်လည်ပတ်သူ ပမာဏမှာ ကိုဗစ်ကပ်ဘေး မတိုင်မီကအောက် နည်းပါးသွားသည်ကို တွေ့ရသည်။
လာရောက်လည်ပတ်သူများမှာလည်း ယခင်က သုံးစွဲလေ့ရှိသည့် ပမာဏအောက် ထက်ဝက်ခန့်သာ သုံးစွဲကြသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Li Ka Shing’s luxury mall in Hong Kong sits empty as Chinese spending plunges (straitstimes)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အ...
အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ...
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ...
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service