အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်ရှိ ဧက ၅,၀၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး ဒေါ်လာ ၆ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်ရှိ ဧက ၅,၀၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး ဒေါ်လာ ၆ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Aug 2024 12:00 pm တွင် တင်ခဲ့သည်
543 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ် အနောက်ပိုင်းတွင် ဧကပေါင်း ၅၀၀၀ နီးပါးကျယ်ဝန်းသော မွေးမြူရေး ခြံကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာကြောင်း အမေရိကန်ပြည် Houston မြို့အခြေစိုက် Chron သတင်းဌာန က ဖော်ပြသည်။

အဆိုပါခြံကြီးကို တချိန်က တက္ကဆပ်ပြည်နယ်၏ နာမည်ကြီး မွေးမြူရေးလုပ်ငန်းရှင် မိသားစုဖြစ်သော Kokernot မိသားစုက ပိုင်ဆိုင်ခဲ့သည်။

ယခုဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၆ ဒသမ ၃၆ သန်း ဖြစ်သည်။

တည်နေရာမှာ တက္ကဆပ်ပြည်နယ်၊ Brewster ခရိုင်၊ Alpine မြို့ပြင်တွင် ဖြစ်သည်။

Brewster ခရိုင်သည် တက္ကဆပ်ပြည်နယ်တွင် အကျယ်ဝန်းဆုံးခရိုင်ဖြစ်ပြီး လူနေသိပ်သည်းမှု အနည်းပါးဆုံး လည်း ဖြစ်သည်။

အရောင်းဈေးကွက်ဝင်လာသော မွေးမြူရေးခြံ၏ အမည်မှာ Anchor Land & Cattle ဟု အမည်ရပြီး လက်ရှိ လုပ်ကိုင်လည်ပတ်နေသော မွေးမြူရေးခြံတစ်ခု ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ အမဲလိုက်ရန်နှင့် ကျွဲနွားကျောင်းရန် ကောင်းမွန်သောနေရာ ဖြစ်ကြောင်း ဖော်ပြသည်။

Anchor Land မွေးမြူရေးခြံကြီးကို Republic Ranches အိမ်ခြံမြေကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ကျယ်ပြောသော မြက်ခင်းပြင်များအပြင် အနီးရှိ Mitre Peak, Henderson Mesa နှင့် David and Barilla ranges တို့ကဲ့သို့ တောင်တန်းများ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထား ကြောင်း ဖော်ပြသည်။

(Anchor Land & Cattle မွေးမြူရေးခြံကြီး။ ဓာတ်ပုံ-Siggi Ragnar)

(Anchor Land & Cattle မွေးမြူရေးခြံကြီး။ ဓာတ်ပုံ-Siggi Ragnar)

Mitre Peak တောင်တန်းကို ဤဒေသတွင် အကျော်ကြားဆုံးမွေးမြူရေးခြံများတွင် ပါဝင်သော Kokernot 06 မွေးမြူရေးခြံမှလည်း ကောင်းစွာတွေ့မြင်ရကြောင်း Cenizo Journal တွင် ဖော်ပြသည်။

Kokernot မိသားစုသည် အမေရိကသို့ ၁၈၁၈ ခုနှစ်တွင် စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နောက်နှစ်အနည်းငယ် အကြာတွင် ၎င်းတို့မှ ဆင်းသက်လာသူများက တက္ကဆပ်ပြည်နယ်သို့ ရောက်ရှိလာကြသည်။

တက္ကဆပ်ပြည်နယ်သမိုင်းအဖွဲ့၏ ဖော်ပြချက်အရ Kokernot မိသားစုသည် အထွတ်အထိပ်ကာလများက တက္ကဆပ်ရှိ ခရိုင် ၃ ခုတွင် ဖြန့်ကျက်ကာ မြေဧကပေါင်း ၅၀၀,၀၀၀ ခန့်အထိ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်း အချက်အလက်များအရ Kokernot မိသားစုသည် အမေရိကတွင် မြေအများဆုံး ပိုင်ဆိုင်ထားသူများစာရင်း၌ နံပါတ် ၄၀ တွင် ရပ်တည်နေပြီး မြေဧကပေါင်း ၂၇၈,၀၀၀ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

(Anchor Land & Cattle မွေးမြူရေးခြံကြီး။ ဓာတ်ပုံ-Siggi Ragnar)

(Anchor Land & Cattle မွေးမြူရေးခြံကြီး။ ဓာတ်ပုံ-Siggi Ragnar)

Anchor Land & Cattle မွေးမြူရေးခြံကြီးကိုလည်း တချိန်က Kokernot မိသားစုက ပိုင်ဆိုင်ခဲ့သည်။

(Anchor Land & Cattle မွေးမြူရေးခြံကြီး။ ဓာတ်ပုံ-Siggi Ragnar)

မွေးမြူရေးခြံကြီးတွင် ခို၊ အမွှေးထူတောဝက်၊ ရေကြက်တို့ ကျက်စားနေထိုင်ကြပြီး Moss ချောင်းကလေးက ခြံကြီးအတွင်း ဖြတ်သန်းစီးဆင်းနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sprawling West Texas ranch, once owned by ranching dynasty, lists for $6M (chron)

Photo Credit- Siggi Ragnar

[Zawgyi]

အေမရိကန္ျပည္၊ တကၠဆပ္ျပည္နယ္ရွိ ဧက ၅,၀၀၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး ေဒၚလာ ၆ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္၊ တကၠဆပ္ျပည္နယ္ အေနာက္ပိုင္းတြင္ ဧကေပါင္း ၅၀၀၀ နီးပါးက်ယ္ဝန္းေသာ ေမြးျမဴေရး ျခံၾကီးတစ္ခု အေရာင္းေစ်းကြက္ဝင္လာေၾကာင္း အေမရိကန္ျပည္ Houston ျမိဳ႕အေျခစိုက္ Chron သတင္းဌာန က ေဖာ္ျပသည္။

အဆိုပါျခံၾကီးကို တခ်ိန္က တကၠဆပ္ျပည္နယ္၏ နာမည္ၾကီး ေမြးျမဴေရးလုပ္ငန္းရွင္ မိသားစုျဖစ္ေသာ Kokernot မိသားစုက ပိုင္ဆိုင္ခဲ့သည္။

ယခုေစ်းေခၚထားသည္မွာ ကန္ေဒၚလာ ၆ ဒသမ ၃၆ သန္း ျဖစ္သည္။

တည္ေနရာမွာ တကၠဆပ္ျပည္နယ္၊ Brewster ခရိုင္၊ Alpine ျမိဳ႕ျပင္တြင္ ျဖစ္သည္။

Brewster ခရိုင္သည္ တကၠဆပ္ျပည္နယ္တြင္ အက်ယ္ဝန္းဆံုးခရိုင္ျဖစ္ျပီး လူေနသိပ္သည္းမႈ အနည္းပါးဆံုး လည္း ျဖစ္သည္။

အေရာင္းေစ်းကြက္ဝင္လာေသာ ေမြးျမဴေရးျခံ၏ အမည္မွာ Anchor Land & Cattle ဟု အမည္ရျပီး လက္ရွိ လုပ္ကိုင္လည္ပတ္ေနေသာ ေမြးျမဴေရးျခံတစ္ခု ျဖစ္သည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ အမဲလိုက္ရန္ႏွင့္ ကၽြဲႏြားေက်ာင္းရန္ ေကာင္းမြန္ေသာေနရာ ျဖစ္ေၾကာင္း ေဖာ္ျပသည္။

Anchor Land ေမြးျမဴေရးျခံၾကီးကို Republic Ranches အိမ္ျခံေျမကုမၸဏီက အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ က်ယ္ေျပာေသာ ျမက္ခင္းျပင္မ်ားအျပင္ အနီးရွိ Mitre Peak, Henderson Mesa ႏွင့္ David and Barilla ranges တို႔ကဲ့သို႔ ေတာင္တန္းမ်ား၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထား ေၾကာင္း ေဖာ္ျပသည္။

(Anchor Land & Cattle ေမြးျမဴေရးျခံၾကီး။ ဓာတ္ပံု-Siggi Ragnar)

(Anchor Land & Cattle ေမြးျမဴေရးျခံၾကီး။ ဓာတ္ပံု-Siggi Ragnar)

Mitre Peak ေတာင္တန္းကို ဤေဒသတြင္ အေက်ာ္ၾကားဆံုးေမြးျမဴေရးျခံမ်ားတြင္ ပါဝင္ေသာ Kokernot 06 ေမြးျမဴေရးျခံမွလည္း ေကာင္းစြာေတြ႔ျမင္ရေၾကာင္း Cenizo Journal တြင္ ေဖာ္ျပသည္။

Kokernot မိသားစုသည္ အေမရိကသို႔ ၁၈၁၈ ခုႏွစ္တြင္ စတင္ေရာက္ရွိလာခဲ့ျခင္းျဖစ္ျပီး ေနာက္ႏွစ္အနည္းငယ္ အၾကာတြင္ ၎တို႔မွ ဆင္းသက္လာသူမ်ားက တကၠဆပ္ျပည္နယ္သို႔ ေရာက္ရွိလာၾကသည္။

တကၠဆပ္ျပည္နယ္သမိုင္းအဖြဲ႔၏ ေဖာ္ျပခ်က္အရ Kokernot မိသားစုသည္ အထြတ္အထိပ္ကာလမ်ားက တကၠဆပ္ရွိ ခရိုင္ ၃ ခုတြင္ ျဖန္႔က်က္ကာ ေျမဧကေပါင္း ၅၀၀,၀၀၀ ခန္႔အထိ ပိုင္ဆိုင္ခဲ့သည္ဟု ဆိုသည္။

ယခုႏွစ္အေစာပိုင္း အခ်က္အလက္မ်ားအရ Kokernot မိသားစုသည္ အေမရိကတြင္ ေျမအမ်ားဆံုး ပိုင္ဆိုင္ထားသူမ်ားစာရင္း၌ နံပါတ္ ၄၀ တြင္ ရပ္တည္ေနျပီး ေျမဧကေပါင္း ၂၇၈,၀၀၀ ပိုင္ဆိုင္ထားသည္ဟု ဆိုသည္။

(Anchor Land & Cattle ေမြးျမဴေရးျခံၾကီး။ ဓာတ္ပံု-Siggi Ragnar)

(Anchor Land & Cattle ေမြးျမဴေရးျခံၾကီး။ ဓာတ္ပံု-Siggi Ragnar)

Anchor Land & Cattle ေမြးျမဴေရးျခံၾကီးကိုလည္း တခ်ိန္က Kokernot မိသားစုက ပိုင္ဆိုင္ခဲ့သည္။

(Anchor Land & Cattle ေမြးျမဴေရးျခံၾကီး။ ဓာတ္ပံု-Siggi Ragnar)

ေမြးျမဴေရးျခံၾကီးတြင္ ခို၊ အေမႊးထူေတာဝက္၊ ေရၾကက္တို႔ က်က္စားေနထုိင္ၾကျပီး Moss ေခ်ာင္းကေလးက ျခံၾကီးအတြင္း ျဖတ္သန္းစီးဆင္းေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sprawling West Texas ranch, once owned by ranching dynasty, lists for $6M (chron)

Photo Credit- Siggi Ragnar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသုံးပြုခဲ့၊ အဆိုပါကျောက်တုံးမှာ ဒေါ်လာ ၁ သန်းကျော်တန်ကြေးရှိသည့် ပယင်းတုံးဖြစ်နေသည်ကို တွေ့ရှိ...

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အ...

အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ...

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service