ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ကမ္ဘာကျော် လက်လီကုန်စုံဆိုင်အုပ်စု Lidl သည် နေအိမ်အတွင်း မှိုစွဲမှု ကာကွယ်ပေးနိုင်သော အပင်တစ်မျိုးကို ၃ ဒသမ ၉၉ ပေါင်ဖြင့် ရောင်းချပေးလျက်ရှိသည်။
(မှတ်ချက်။ Lidl သည် ဂျာမနီအခြေစိုက် လက်လီကုန်စုံဆိုင်များ တည်ထောင်သော ကုမ္ပဏီဖြစ်ပြီး နိုင်ငံတကာတွင် ဆိုင်ခွဲပေါင်း ၁၂၀၀၀ ကျော် ဖွင့်လှစ်ထားသည်။ ၂၀၂၃ ခုနှစ်အချက်အလက်များအရ ဝင်ငွေ ကန်ဒေါ်လာ ၁၂၅ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး ဝန်ထမ်းပေါင်း ၃၇၆,၀၀၀ ကျော်ရှိသည်။)
ထို့ကြောင့် နေအိမ်အတွင်းရှိ မှိုစွဲမှု အန္တရာယ်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် ကာကွယ်နိုင်ရေးအတွက် အဆိုပါအပင်စိုက်ပျိုးရန်မှာ အကောင်းဆုံးနည်းလမ်းဖြစ်လာဖွယ်ရှိသည်။
(နေအိမ်အတွင်း မှိုစွဲမှု ပျံ့နှံ့လာခြင်းများကို ထိုအပင်က အကာအကွယ်ပေးနိုင်သည်။ ဓာတ်ပုံ-Getty)
(တစ်ပင်လျှင် ၃ ဒသမ ၉၉ ပေါင်ဖြင့် ရောင်းချပေးနေသော လက်ထပ်ပိန်းပန်းများ။ ဓာတ်ပုံ-Lidl)
Lidl မှ ရောင်းချပေးနေသည်မှာ လက်ထပ်ပိန်းပန်း (Calla Lilies) များဖြစ်ပြီး ဈေးနှုန်း ၃ ဒသမ ၉၉ ပေါင် သတ်မှတ်ထားသည်။
ယင်းကုမ္ပဏီ၏ အွန်လိုင်းကြော်ငြာတွင် ဖော်ပြချက်အရ “ပြုစုစောင့်ရှောက်ရလွယ်ကူသော နိုင်ငံခြားမျိုး အပင်များ” ဟု ဖော်ပြသည်။
“indoor နှင့် outdoor နှစ်မျိုးလုံး စိုက်နိုင်ပြီး အရောင်မျိုးစုံ ရွေးချယ်ဝယ်ယူနိုင်သည်” ဟုလည်း ကြော်ငြာတွင် ဖော်ပြသည်။
အပင်အမြင့် ၃၈ စင်တီမီတာရှိပြီး အရောင်မျိုးစုံ ရွေးချယ်ဝယ်ယူနိုင်သည်။
လေသန့်စင်ပေးပြီး ရှင်သန်ရန်အတွက် နေရောင်များစွာ မလိုအပ်သည့်အပင်များဖြစ်သောကြောင့် ပြတင်းပေါက်မရှိသည့် ရေချိုးခန်းများတွင် စိုက်ပျိုးရန် အထူးသင့်တော်သည်။
တောင်အမေရိကရှိ မိုးသစ်တောများအသွင် ခံစားရစေမည်ဖြစ်ပြီး ရေလည်းမကြာခဏ လောင်းရန် မလိုချေ။
လက်ထပ်ပိန်းပန်းတို့သည် လေထုထဲမှ စိုထိုင်းဆကို စုပ်ယူပြီး စိုထိုင်းဆကျဆင်းစေသည့် စက်များကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး စက်များနှင့် ကွာခြားသည့်အချက်မှာ လည်ပတ်အသုံးပြုစရိတ် ထပ်မံမကုန်ကျခြင်း ဖြစ်သည်။
အခြားသော indoor plant များနည်းတူ လပ်ထပ်ပိန်းပန်းတို့သည် အောက်ဆီဂျင်ကို ထုတ်လွှတ်ပြီး လေထုကို သန့်စင်ပေးသည်။
((Calla Lily ဘာလဲ))
လက်ထပ်ပိန်းပန်းတို့ကို စိုက်ပျိုးမည်ဆိုလျှင် အအေးနှစ်သက်သော အပင်များဖြစ်သောကြောင့် မြန်မာပြည်တွင် ဆိုလျှင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင် အစရှိသော ဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။
လက်ထပ်မင်္ဂလာအခမ်းအနားများတွင် အများဆုံး အသုံးပြုသောကြောင့် လက်ထပ်ပန်းဟု အမည်တွင်လာခြင်း ဖြစ်သည်။
ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မင်းတပ်၊ မတူပီ မြို့များတွင် အိမ်တိုင်းလိုလို စိုက်တတ်ကြပြီး အချို့နေရာများတွင် လူတစ်ရပ်ခန့်အထိ ကြီးထွားနေတတ်ကြသည်။
Calla Lily ၏ Scienctific name မှာ Zantedeschia elliottiana ဖြစ်ပြီး အာဖရိက တောင်ပိုင်းမျိုးရင်းဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ်နှင့် နယူးဇီလန်တို့မှ စိုက်ခင်းသမား မျိုးဖောက်သူတို့က လက်ထပ်ပန်း hybrid မျိုးသစ်များ ထုတ်လုပ်လာကြသည်။
လက်ထပ်ပန်းများကို ပန်းချီကျော်တို့၏ ပန်းချီလက်ရာများတွင် မကြာခဏ တွေ့ရသည်။
မက္ကဆီကို နာမည်ကြီး ပန်းချီကျော် Diego Rivera ၏ လက်ရာများတွင် လက်ထပ်ပန်း ပန်းချီများ များစွာ ရှိသည်။
ထို့အပြင် အမေရိကန်နာမည်ကြီး ပန်းချီဆရာ Georgia O’Keeffe ၏ အကြိုက်ဆုံး subject မှာ လက်ထပ်ပန်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: MOULD AWAY Lidl is selling a £3.99 plant that helps stop mould in your home
Photo Credit- Lidl, Getty
[Zawgyi]
ဝန္ထမ္းေပါင္း ၄ သိန္းနီးပါးရွိသည့္ ကမၻာေက်ာ္ ဂ်ာမနီ ကုန္စံုဆိုင္အုပ္စု Lidl က ေနအိမ္အတြင္း မႈိစြဲမႈ ကာကြယ္ေပးႏိုင္ေသာ လက္ထပ္ပိန္းပန္းပင္မ်ားကို တစ္ပင္လွ်င္ ၃ ဒသမ ၉၉ ေပါင္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိ
ကမၻာေက်ာ္ လက္လီကုန္စံုဆိုင္အုပ္စု Lidl သည္ ေနအိမ္အတြင္း မႈိစြဲမႈ ကာကြယ္ေပးႏိုင္ေသာ အပင္တစ္မ်ဳိးကို ၃ ဒသမ ၉၉ ေပါင္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။
(မွတ္ခ်က္။ Lidl သည္ ဂ်ာမနီအေျခစိုက္ လက္လီကုန္စံုဆိုင္မ်ား တည္ေထာင္ေသာ ကုမၸဏီျဖစ္ျပီး ႏိုင္ငံတကာတြင္ ဆိုင္ခြဲေပါင္း ၁၂၀၀၀ ေက်ာ္ ဖြင့္လွစ္ထားသည္။ ၂၀၂၃ ခုႏွစ္အခ်က္အလက္မ်ားအရ ဝင္ေငြ ကန္ေဒၚလာ ၁၂၅ ဒသမ ၅ ဘီလီယံရွိခဲ့ျပီး ဝန္ထမ္းေပါင္း ၃၇၆,၀၀၀ ေက်ာ္ရွိသည္။)
ထို႔ေၾကာင့္ ေနအိမ္အတြင္းရွိ မိႈစြဲမႈ အႏၱရာယ္ကို ကုန္က်စရိတ္သက္သာစြာျဖင့္ ကာကြယ္ႏိုင္ေရးအတြက္ အဆိုပါအပင္စုိက္ပ်ဳိးရန္မွာ အေကာင္းဆံုးနည္းလမ္းျဖစ္လာဖြယ္ရွိသည္။
(ေနအိမ္အတြင္း မႈိစြဲမႈ ပ်ံ႕ႏွံ႔လာျခင္းမ်ားကို ထိုအပင္က အကာအကြယ္ေပးႏိုင္သည္။ ဓာတ္ပံု-Getty)
(တစ္ပင္လွ်င္ ၃ ဒသမ ၉၉ ေပါင္ျဖင့္ ေရာင္းခ်ေပးေနေသာ လက္ထပ္ပိန္းပန္းမ်ား။ ဓာတ္ပံု-Lidl)
Lidl မွ ေရာင္းခ်ေပးေနသည္မွာ လက္ထပ္ပိန္းပန္း (Calla Lilies) မ်ားျဖစ္ျပီး ေစ်းႏႈန္း ၃ ဒသမ ၉၉ ေပါင္ သတ္မွတ္ထားသည္။
ယင္းကုမၸဏီ၏ အြန္လိုင္းေၾကာ္ျငာတြင္ ေဖာ္ျပခ်က္အရ “ျပဳစုေစာင့္ေရွာက္ရလြယ္ကူေသာ ႏိုင္ငံျခားမ်ဳိး အပင္မ်ား” ဟု ေဖာ္ျပသည္။
“indoor ႏွင့္ outdoor ႏွစ္မ်ဳိးလံုး စိုက္ႏိုင္ျပီး အေရာင္မ်ဳိးစံု ေရြးခ်ယ္ဝယ္ယူႏိုင္သည္” ဟုလည္း ေၾကာ္ျငာတြင္ ေဖာ္ျပသည္။
အပင္အျမင့္ ၃၈ စင္တီမီတာရွိျပီး အေရာင္မ်ဳိးစံု ေရြးခ်ယ္ဝယ္ယူႏိုင္သည္။
ေလသန္႔စင္ေပးျပီး ရွင္သန္ရန္အတြက္ ေနေရာင္မ်ားစြာ မလိုအပ္သည့္အပင္မ်ားျဖစ္ေသာေၾကာင့္ ျပတင္းေပါက္မရွိသည့္ ေရခ်ဳိးခန္းမ်ားတြင္ စိုက္ပ်ဳိးရန္ အထူးသင့္ေတာ္သည္။
ေတာင္အေမရိကရွိ မိုးသစ္ေတာမ်ားအသြင္ ခံစားရေစမည္ျဖစ္ျပီး ေရလည္းမၾကာခဏ ေလာင္းရန္ မလိုေခ်။
လက္ထပ္ပိန္းပန္းတို႔သည္ ေလထုထဲမွ စိုထိုင္းဆကို စုပ္ယူျပီး စိုထိုင္းဆက်ဆင္းေစသည့္ စက္မ်ားကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္ျပီး စက္မ်ားႏွင့္ ကြာျခားသည့္အခ်က္မွာ လည္ပတ္အသံုးျပဳစရိတ္ ထပ္မံမကုန္က်ျခင္း ျဖစ္သည္။
အျခားေသာ indoor plant မ်ားနည္းတူ လပ္ထပ္ပိန္းပန္းတို႔သည္ ေအာက္ဆီဂ်င္ကို ထုတ္လႊတ္ျပီး ေလထုကို သန္႔စင္ေပးသည္။
((Calla Lily ဘာလဲ))
လက္ထပ္ပိန္းပန္းတို႔ကို စိုက္ပ်ဳိးမည္ဆိုလွ်င္ အေအးႏွစ္သက္ေသာ အပင္မ်ားျဖစ္ေသာေၾကာင့္ ျမန္မာျပည္တြင္ ဆိုလွ်င္ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ကခ်င္ အစရွိေသာ ေဒသမ်ားတြင္ ပိုမိုျဖစ္ထြန္းသည္။
လက္ထပ္မဂၤလာအခမ္းအနားမ်ားတြင္ အမ်ားဆံုး အသံုးျပဳေသာေၾကာင့္ လက္ထပ္ပန္းဟု အမည္တြင္လာျခင္း ျဖစ္သည္။
ဖလမ္း၊ တီးတိန္၊ ဟားခါး၊ မင္းတပ္၊ မတူပီ ျမိဳ႕မ်ားတြင္ အိမ္တိုင္းလိုလို စိုက္တတ္ၾကျပီး အခ်ဳိ႕ေနရာမ်ားတြင္ လူတစ္ရပ္ခန႔္အထိ ၾကီးထြားေနတတ္ၾကသည္။
Calla Lily ၏ Scienctific name မွာ Zantedeschia elliottiana ျဖစ္ျပီး အာဖရိက ေတာင္ပိုင္းမ်ဳိးရင္းျဖစ္သည္။ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ကိုလံဘီယာႏိုင္ငံ၊ နယူးဇီလန္ႏွင့္ ကင္ညာႏိုင္ငံတို႔တြင္ ပန္းပြင့္ေရာင္းရန္ႏွင့္ ပ်ဳိးပင္ေရာင္းရန္ စီးပြားျဖစ္ အလံုးအရင္း စိုက္ပ်ဳိးထုတ္လုပ္ၾကသည္။
ကယ္လီဖုိးနီးယားျပည္နယ္ႏွင့္ နယူးဇီလန္တို႔မွ စိုက္ခင္းသမား မ်ဳိးေဖာက္သူတို႔က လက္ထပ္ပန္း hybrid မ်ဳိးသစ္မ်ား ထုတ္လုပ္လာၾကသည္။
လက္ထပ္ပန္းမ်ားကို ပန္းခ်ီေက်ာ္တို႔၏ ပန္းခ်ီလက္ရာမ်ားတြင္ မၾကာခဏ ေတြ႔ရသည္။
မကၠဆီကို နာမည္ၾကီး ပန္းခ်ီေက်ာ္ Diego Rivera ၏ လက္ရာမ်ားတြင္ လက္ထပ္ပန္း ပန္းခ်ီမ်ား မ်ားစြာ ရွိသည္။
ထို႔အျပင္ အေမရိကန္နာမည္ၾကီး ပန္းခ်ီဆရာ Georgia O’Keeffe ၏ အၾကိဳက္ဆံုး subject မွာ လက္ထပ္ပန္း ျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: MOULD AWAY Lidl is selling a £3.99 plant that helps stop mould in your home
Photo Credit- Lidl, Getty