ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရန် ငြင်းဆိုလျက်ရှိ

ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရန် ငြင်းဆိုလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
20 Dec 2024 11:52 am တွင် တင်ခဲ့သည်
216 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဘိုလိဗီးယားနိုင်ငံ၊ El Alto တောင်ပေါ်မြို့လေးတွင် ရောင်စုံသွပ်မိုးများဖြင့် အိမ်တန်းတစ်ခုအား ရုတ်တရက် ကြည့်လျှင် သာယာလှပသည်ဟု ထင်ရသော်လည်း အိမ်များ၏ အောက်ဘက်ဆီတွင် ခြောက်ခြားဖွယ် အခြေအနေရှိနေသည်။

ထိုအိမ်များမှာ ချောက်ကမ်းပါးထိပ်မှ ပြိုကျရန် လက်မ အနည်းငယ်သာ လိုတော့ပြီး “မိမိကိုယ်ကို အဆုံးစီရင်သည့် နေအိမ်များ” ဟု ဒေသခံတို့က အမည်ပေးထားသည်။

ချောက်ကမ်းပါးကြီးမှာ ပေ ရာပေါင်းများစွာ နက်ရှိုင်းရာ ပြိုကျပါက တစစီ ဖြစ်သွားဖွယ်ရှိသည်။

ကျွမ်းကျင်ပညာရှင်များနှင့် မြို့အာဏာပိုင်တို့က ပြောသည်မှာ ထိုကမ်းပါးကြီးမှာ ဆက်တိုက်ပြိုကျနေကြောင်း၊ ယခုနေအိမ်များမှာ အန္တရာယ်ကြီးမားနေကြောင်း ပြောသည်။

ချောက်ကမ်းပါးထိပ်မှ ပြိုကျလုဆဲဆဲ နေအိမ်များတွင် အိုင်မာရာ နတ်ဆရာတို့ နေထိုင်ကြသည်။

၎င်းတို့ကို Yatiri ဟုလည်း ခေါ်ကြသည်။

ထို နတ်ဆရာတို့က ပက်ကျာမာမာ ဟုခေါ်သော မြေနတ်သမီးကို ကိုးကွယ်ကြသည်။

(မှတ်ချက် ။ Yatiri နတ်ဆရာများနှင့် မြေနတ်သမီး ပက်ကျာမာမာကို ထူးဆန်းစွာ ပူဇော်ကြပုံအကြောင်း ပိုမို ဖတ်ရှုလိုပါက ……..ခွေးလျှာခြောက်မှုန့်၊ လားမားသန္ဓေသားနှင့် ဘိုလိဗီးယားနိုင်ငံမှ ထူးဆန်းသော စုန်းဈေး…ဆောင်းပါး

https://www.imyanmarhouse.com/news/read/1045234

တွင် အကျယ်တဝင့် ဖတ်ရှုနိုင်ပါသည်။)

မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့ကြောင့် အဆောက်အအုံ ဖောင်ဒေးရှင်းတို့၏ ကြံ့ခိုင်မှု ကျဆင်းလာနေသည်။

“ဒီတောင်ကြားမှာရှိတဲ့ ချောက်ကမ်းပါးက ၉၀ ဒီဂရီ မတ်စောက်ပါတယ်”ဟု El Alto မြို့တော်ဝန်ရုံး ရေ၊ မိလ္လာ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် အန္တရာယ်များဆိုင်ရာ စည်ပင်သာယာအတွင်းရေးမှူး Gabriel Pari က ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ဒီနေရာကနေ စွန့်ခွာစေချင်တာပါ။ သူတို့ မပြောင်းရွှေ့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ အင်အားသုံးရပါလိမ့်မယ်။”

နေအိမ်တို့၏ နောက်ဘက်စွန်းမှာ ချောက်ကမ်းပါးထိပ်တွင် ရှိနေပြီး ပြိုကျရန် တဲတဲလေးသာ ရှိတော့ သော်လည်း နတ်ဆရာတို့ကမူ ရွှေ့ပြောင်းရန် ငြင်းဆိုနေကြသည်။

(ချောက်ကမ်းပါးထိပ်တွင် တဲတဲလေးရှိနေကာ အဆုံးစီရင်သည့် အိမ်များဟု နာမည်ကြီးသည့် အိမ်တန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံ။ )

(ချောက်ကမ်းပါးထိပ်မှ နေအိမ်များကို တွေ့ရပုံ။)

(မြို့အုပ်ချုပ်ရေး အကြီးအကဲတို့က အန္တရာယ်ရှိကြောင်း ပြောသော်လည်း နတ်ဆရာတို့ကမူ ရွှေ့ပြောင်းရန် ငြင်းဆိုနေကြသည်။) 

“ကျွန်တော်တို့ ဒီနေရာကနေ ပြောင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် နေ့စဉ် အလုပ်လုပ်တဲ့ နေရာ ဖြစ်နေလို့ပါ”ဟု နတ်ဆရာ မန်ညူရယ် မာမာနီက နေအိမ်အပြင်ဘက်တွင် မြေနတ်သမီးကို မီးပူဇော်ရင်း ပြောသည်။

အခြား နတ်ဆရာတစ်ဦးဖြစ်သူ ဂါဘရီယယ် လိုပက်ဇ် ချီဗာက ပြောသည်မှာ မြေနတ်သမီးက မိမိတို့ကို ကာကွယ်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

(ဆက်စပ်သတင်း) ကယ်လီဖိုးနီးယားပြည်နယ်တွင် ချောက်ကမ်းပါးထိပ်၌ ဆောက်လုပ်ထားသော ဒေါ်လာ ၁၆ သန်းတန် စံအိမ်ကြီး ပင်လယ်အတွင်း ပြိုကျဖွယ်အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း ပိုင်ရှင်ဖြစ်သူ ဆရာဝန်က ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက်နေထိုင်လျက်ရှိ

https://www.imyanmarhouse.com/news/read/1102669

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: Living on the edge: Locals refuse to move out of their 'suicide homes' on the edge of eroding cliff-face (dailymail) Photo Credit-Dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
စပိန်နိုင်ငံ ဘာစီလိုနာမြို့သားများသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည်ကို သဘောမကျကြဘဲ တွေ့ရှိပါက ရေဖြင့်ပက်ကာ မောင်းထုတ်လျက်ရှိ...
စပိန်နိုင်ငံ ဘာစီလိုနာမြို့သားများသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည်ကို သဘောမကျကြဘဲ တွေ့ရှိပါက ရေဖြင့်ပက်ကာ မောင်းထုတ်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ န
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ န
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service