ဗဟုသုတ | Posted by ဇာနည်ကျော်
ခရစ်စမတ်နဲ့ပတ်သက်တဲ့ အပင်လေးတွအကြောင်းကို ပြောရရင် ထင်းရှုးပင်လေးတွေအပြင် နောက်ထပ်ချစ်စရာ Theme လေးတစ်ခုကတော့ ကျီးပေါင်းပင် ဇောက်ထိုးလေးပဲဖြစ်ပါတယ်။ကျီးပေါင်းပင်လို့ပြောရင် မသိကြပေမယ့် Mistletoe ပင်လို့ပြောရင်တော့ သိကြမှာပေါ့။ Mistletoe ပင်လေးတွေဟာ မြေမှာပေါက်တဲ့အပင်တော့မဟုတ်ပါဘူး။ ပင်စည်ကြီးကြီးနဲ့နှစ်ချို့အပင်ကြီးများပေါ်မှာ ကပ်ပါးခိုပြီးပေါက်တတ်ကြတဲ့အပင်မျိုးစိတ်များဖြစ်ပါတယ်။
ခရစ်စမတ်အချိန်အခါရောက်ရင်တော့ Mistletoe အကိုင်းလေးကို ရှာခူးလာခဲ့ပြီး ဖဲကြိုးနီနဲ့အလှဆင်ကာ အိမ် သို့မဟုတ် ခရစ်စမတ်လမ်းမပေါ်မှာ ဆင်ယင်ကြပါတယ်။ အမြင့်တစ်နေရာမှာပေါ့နော်။ ပြီးရင်တော့ ကျီးပေါင်းပင်အကိုင်းလေးအောက်မှာ အနမ်းဝေဆာနိုင်ပါပြီ။
ခရစ်စမတ်အချိန်အခါ ရိုမန်တစ်ဆန်ဆန်မီးရောင်လေးတွေနဲ့ Mistletoe လေးအောက်မှာ ကိုယ့်ချစ်နေတဲ့ မိန်းကလေးကို နမ်းခွင့်တောင်းရင် ကောင်မလေးဘက်က မငြင်းဘဲ လက်ခံရပါမယ်တဲ့... အနမ်းခံဖို့ ငြင်းဆန်လိုက်တဲ့ကောင်မလေးကတော့ နောင်နှစ်များမှာ ချစ်သူနဲ့လက်ထပ်ဖို့ ခဲယဉ်းသွားမယ် ကံမကောင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။ Mistletoe လေးအောက်မှာ မခွဲမခွာပေါင်းဖက်ချင်ကြတဲ့ ချစ်သူများလည်း အကြင်နာအနမ်းဖလှယ်ကြပါတယ်။ အရမ်းကို Ro ဆန်ဆန်လေးနဲ့ ကြည်နူးစရာကောင်းလွန်းတယ်နော်။
Christmas ရာသီ လမ်းမှာ Mistletoe သစ်ခက်လေး တွဲလောင်းချထားရင် တစ်ခါထဲ ချစ်သူကောင်မလေးကို အကြင်နာအနမ်းပေးလိုက်တော့။ Mistletoe အောက်မှာ အနမ်းပေးတဲ့ ရိုးရာဓလေ့ဟာ ဟိုးရှေးအရင်အခါထဲက မျိုးအောင်စေခြင်း၊ ဉာဏ်ကောင်းစေခြင်းကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com