ဗဟုသုတ | Posted by နှင်းအိခင်
ကြွေပြားတွက်နည်း မသိသေးသူများအတွက် ဗဟုသုတရဖွယ်ဖော်ပြပေးလိုက်ပါတယ်..
၁၀'×၁၀' ပေပတ်လည်ကို ၁ကျင်းဟု မြန်မာစံနှုန်းသတ်မှတ်ထားပါတယ်။
1ပေမှာ 12 လက်မရှိတာကြောင့် 10"×12"= 120 120×120 = 14400 ၁ကျင်းမှာရှိရမယ့် စကွဲယားလက်မ 14400 ရရှိပါတယ်။
ရရှိလာတဲ့ 14400 လက်မကို မူတည်ပြီး မိမိသိလိုတဲ့ကြွေပြားဆိုဒ်နဲ့ စားပါက ၁ကျင်းမှာရှိမယ့် ကြွေပြားအချပ်ရေကို အလွယ်တကူ သိရှိနိုင်ပါတယ်။
(ဥပမာ)
ကြွေပြားကို ၁ကျင်းမှာ ဘယ်နှစ်ချပ်ရမလဲတွက်လိုပါက
(8×12) အရွယ်အစားကြွေပြား ဆိုပါစို့
8"× 12"= 96
8 နဲ့ 12 မြှောက်မယ် ဆိုရင် 96 ရပါတယ်
14400 ÷ 96 (8×12) = 150 ချပ်
ကြွေပြား 150 ချပ် ရပါတယ်။
(ဥပမာ)
12"×12"=144 14400 ÷ 144 = 100 ချပ်
ဘယ်ကြွေပြား size မဆို အထက်ကနည်းအတိုင်း အလွယ်တကူ တွက်ကြည့်လို့ရပါပြီ ဒီတွက်နည်းက အကြမ်းဖျင်းတွက်နည်း မပြည့်စုံသေးပါ။
နောက်တစ်နည်း
ကြွေပြားကပ်မယ့်ဧရိယာအရှိကို ကပ်မယ့်ကြွေပြားဆိုဒ်နဲ့ လိုအပ်မယ့်ကြွေပြားအရေအတွက်ကိုတွက်နည်းလေး ထပ်ပေါင်းပေးလိုက်ပါမယ်။ (ဥပမာ) - ကပ်မယ့်ဧရိယာသည် 587 စကွဲယား ပေ × 144 = 84528 ဒုတိယ ကိုယ်ကပ်မယ့် ကြွေပြားဆိုဒ်က ဘာဆိုဒ်လဲ။ 8"×12" လား..။ကပ်မယ့်ကြွေပြားဆိုဒ် အလျားနဲ့အနံကို မြှောက်ရင် ကြွေပြားဆိုဒ် ရပါတယ်။ 8 လက်မ ပတ်လည်ဆို 8×8=64 ရမယ်။ ကဲကြွေပြားဆိုဒ်တွေတော့တွက်တက်ပြီပေါ့။
နောက်ဆုံးတွက်နည်းထပ်ပြောပါမယ် အဖြေထုတ်မယ်ပေါ့။ * နံပါတ်တစ် ကိုယ်ကပ်မယ့် ဧရိယာကိုရှာ 10 ပေပတ်လည်လေးကပ်မယ်ဆို 10×10=100 အဲဒါဧရိယာပဲ။ * နံပါတ်နှစ် ရတဲ့ဧရိယာ × 144 နဲ့မြှောက် ပြီးရလာတဲ့ အဖြေကို ကြွေပြားဆိုဒ်နဲ့ ပြန်စား ÷ လိုက်ရင် နောက်ဆုံးအဖြေကိုရပါတယ်။
အဲ့လောက်ဆို ဘယ်လောက်အကျယ်အဝန်းပဲဖြစ်ဖြစ် ကြွေပြားနှစ်လက်မဆိုဒ်လေးတွေပဲကပ်ကပ် နှစ်ပေပတ်လည်ပဲကပ်ကပ် တွက်တက်ပြီပေါ့။
(မှတ်ချက်) ကြွေပြားဆိုဒ်ကို လက်မနဲ့ပဲတွက်ပါ အားလုံးကိုကျေးဇူးတင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Dayinkauk Construction