မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ

မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ - Property News in Myanmar from iMyanmarHouse.com
10 May 2024 11:10 am တွင် တင်ခဲ့သည်
418 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ကမ္ဘာ ကိုယ့်မင်းကိုယ့်ချင်း နေထိုင်လိုပါသလား။

အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်၊ Helena မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် ကောင်းဘွိုင်ခေတ် အငွေ့အသက်များဖြင့် ဆောက်လုပ်ထားသော မြို့ငယ်တစ်ခုကို ဝယ်ယူလိုက်မည်ဆိုပါက မြို့ငယ်လေး၏ အကြီးအကဲ မြို့တော်ဝန်ဖြစ်လာမည် ဖြစ်သည်။

Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် Frontier အမည်ရှိ မြို့ အသိုက်အဝန်းလေးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။

ကောင်းဘွိုင်မြို့တစ်ခုအဖြစ် နာမည်ကြီးပြီး ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိသော နေရာ တစ်ခုလည်း ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှုများသည့် အချိန်ရာသီမျိုးဆိုလျှင် တစ်ရက်လျှင် လည်ပတ်သူ ၂၀၀၀ ဝန်းကျင်ခန့်ရှိသည်။

(အဆောက်အအုံ အများအပြား ပါဝင်သည်။ ဓာတ်ပုံ-Audrey Todd Davis)

 

(သစ်သားခုံများနှင့် သံစုံဓမ္မတေးအဖွဲ့နေရာတို့ပါသော ဘုရားကျောင်း။ ဓာတ်ပုံ-Audrey Todd Davis)

 

ဂျွန် အာရ် ကွီးဂလီ (John R Quigley) ဆိုသူက ၁၉၄၀ ပြည့်လွန်ကာလများတွင် အနုပညာမြောက်စွာ ဆောက်လုပ်ခဲ့သော ကောင်းဘွိုင်မြို့လေးတွင် အခန်းပေါင်း ၄၂ ခန်းနှင့် အဆောက်အအုံအများအပြား ပါဝင်ပြီး အဆောက်အအုံအားလုံးကို မွန်တားနားပြည်နယ်ထွက် ကျောက်တုံးများ၊ သစ်များ အသုံးပြုကာ ဆောက်လုပ်ထားသည်။

ကောင်းဘွိုင်မြို့တွင် သစ်သားဖြင့် ရဲတိုက်အသွင်ဆောက်လုပ်ထားသော ၂ ထပ်အဆောက်အအုံ၊ ဘဏ်တစ်ခု၊ အကျဉ်းထောင်တစ်ခု၊ ပြတိုက်၊ သစ်လုံးအိမ်များနှင့် စတိုးဆိုင်တို့ ရှိသည်။

ထို့အပြင် သံစုံဓမ္မတေးအဖွဲ့နေရာပါသော ထိုင်ခုံ ၅၀ ဆန့် ဘုရားကျောင်းတစ်ခုလည်း ရှိသည်။

ယခုအခါ ပျက်စီးယိုယွင်းနေပြီဖြစ်သော ညစာစားခန်းမမှာ လူ ၃၀၀ ခန့် ဆန့်သည်ဟု ဆိုသည်။

၁၉၇၉ ခုနှစ်တွင် ကွီးဂလီကွယ်လွန်ပြီးနောက်ပိုင်း မြို့ကို ဝယ်ယူခဲ့ကြသည့် ပိုင်ရှင်အသီးသီးမှာ ငွေကြေး အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။

နောက်ပိုင်းတွင် မြို့မှာ ယိုယွင်းပျက်စီးလာပြီး အခွန်အခများ ပေးသွင်းနိုင်ရန် လေလံတင်ရောင်းချခဲ့ရသည်။

(မြို့လေးမှ စတိုးဆိုင်။ ဓာတ်ပုံ-Audrey Todd Davis)

 

(မွန်တားနားပြည်နယ်၏ မြို့တော် Helena မှ ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဓာတ်ပုံ-Audrey Todd Davis)

(လူသူစုဝေးနေထိုင်ရန် နေရာများစွာ ရှိသည်။ ဓာတ်ပုံ-Audrey Todd Davis)

 

၂၀၀၁ ခုနှစ်တွင် ဒေသခံတစ်ဦးဖြစ်သော တွမ် ဘက်တားရှဲလ်က Frontier မြို့ကို အရက်လိုင်စင်အပါအဝင် ကန်ဒေးလာ ၁၉၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက် ဘက်တားရှဲလ်က အရက်လိုင်စင်ကို ရောင်းထုတ်ခဲ့ပြီးနောက် သူ၏ သားဖြစ်သူ ဂျက်ဖ်က အဆိုပါမြို့တွင် ဆက်လက်နေထိုင်ခဲ့သည်။

ဤကောင်းဘွိုင်မြို့ကလေးတွင် ၂၃ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အခြားတစ်ဦး၏ လက်သို့ လွှဲပြောင်းရန် အချိန်ကြပြီ ဖြစ်ကြောင်း ဂျက်ဖ်က ပြောသည်။

(တစ်ခုသော မီးဖိုဆောင်။ ဓာတ်ပုံ-Audrey Todd Davis )

 

(အိပ်ခန်းများစွာအနက်မှ တစ်ခု။ ဓာတ်ပုံ-Audrey Todd Davis)

 

(ကောင်းဘွိုင်အငွေ့အသက်များစွာ တွေ့ရမည် ဖြစ်သည်။ ဓာတ်ပုံ-Audrey Todd Davis)

 

(ကျောက်သားအလှဆင်နံရံတစ်ခုပါသော နားနေနေရာ။ ဓာတ်ပုံ-Audrey Todd Davis)

 

(ထုတ်တန်းဖော် မျက်နှာကြက်များလည်း ပါဝင်သည်။ ဓာတ်ပုံ-Audrey Todd Davis)

 

(အဆောက်အအုံတစ်ခု၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Audrey Todd Davis)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: For $1.7M, you can buy an entire Wild West-themed town in Montana (nypost)

Photo Credit- Audrey Todd Davis,  NewYorkPost

 

 

 

[Zawgyi]

 

ၿမိဳ႕ေတာ္ဝန္ ျဖစ္လိုသူမ်ားအတြက္ အေမရိကန္ျပည္၊ မြန္တားနားျပည္နယ္ရွိ ၿမိဳ႕တစ္ၿမိဳ႕လုံးကို ကန္ေဒၚလာ ၁ ဒသမ ၇ သန္းမွ်ျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္ေန

 

ကိုယ့္အိမ္ကိုယ့္ယာ ကိုယ့္ကမာၻ ကိုယ့္မင္းကိုယ့္ခ်င္း ေနထိုင္လိုပါသလား။

အေမရိကန္ျပည္ေထာင္စု၊ မြန္တားနားျပည္နယ္၊ Helena ၿမိဳ႕၏ အေနာက္ဘက္ ၁၅ မိုင္ခန႔္အကြာတြင္ ေကာင္းဘြိဳင္ေခတ္ အေငြ႕အသက္မ်ားျဖင့္ ေဆာက္လုပ္ထားေသာ ၿမိဳ႕ငယ္တစ္ခုကို ဝယ္ယူလိုက္မည္ဆိုပါက ၿမိဳ႕ငယ္ေလး၏ အႀကီးအကဲ ၿမိဳ႕ေတာ္ဝန္ျဖစ္လာမည္ ျဖစ္သည္။ Zillow အိမ္ၿခံေျမဝက္ဘ္ဆိုက္တြင္ Frontier အမည္ရွိ ၿမိဳ႕ အသိုက္အဝန္းေလးကို ကန္ေဒၚလာ ၁ ဒသမ ၇ သန္းျဖင့္ အေရာင္းေဈးကြက္တင္ထားသည္။ ေကာင္းဘြိဳင္ၿမိဳ႕တစ္ခုအျဖစ္ နာမည္ႀကီးၿပီး ကမာၻလွည့္ခရီးသည္မ်ား လာေရာက္လည္ပတ္ေလ့ရွိေသာ ေနရာ တစ္ခုလည္း ျဖစ္သည္။ ကမာၻလွည့္ခရီးသည္မ်ား လည္ပတ္မႈမ်ားသည့္ အခ်ိန္ရာသီမ်ိဳးဆိုလွ်င္ တစ္ရက္လွ်င္ လည္ပတ္သူ ၂၀၀၀ ဝန္းက်င္ခန႔္ရွိသည္။

(အေဆာက္အအုံ အမ်ားအျပား ပါဝင္သည္။ ဓာတ္ပုံ-Audrey Todd Davis)

(သစ္သားခုံမ်ားႏွင့္ သံစုံဓမၼေတးအဖြဲ႕ေနရာတို႔ပါေသာ ဘုရားေက်ာင္း။ ဓာတ္ပုံ-Audrey Todd Davis)

ဂြၽန္ အာရ္ ကြီးဂလီ (John R Quigley) ဆိုသူက ၁၉၄၀ ျပည့္လြန္ကာလမ်ားတြင္ အႏုပညာေျမာက္စြာ ေဆာက္လုပ္ခဲ့ေသာ ေကာင္းဘြိဳင္ၿမိဳ႕ေလးတြင္ အခန္းေပါင္း ၄၂ ခန္းႏွင့္ အေဆာက္အအုံအမ်ားအျပား ပါဝင္ၿပီး အေဆာက္အအုံအားလုံးကို မြန္တားနားျပည္နယ္ထြက္ ေက်ာက္တုံးမ်ား၊ သစ္မ်ား အသုံးျပဳကာ ေဆာက္လုပ္ ထားသည္။

ေကာင္းဘြိဳင္ၿမိဳ႕တြင္ သစ္သားျဖင့္ ရဲတိုက္အသြင္ေဆာက္လုပ္ထားေသာ ၂ ထပ္အေဆာက္အအုံ၊ ဘဏ္တစ္ခု၊ အက်ဥ္းေထာင္တစ္ခု၊ ျပတိုက္၊ သစ္လုံးအိမ္မ်ားႏွင့္ စတိုးဆိုင္တို႔ ရွိသည္။

ထို႔အျပင္ သံစုံဓမၼေတးအဖြဲ႕ေနရာပါေသာ ထိုင္ခုံ ၅၀ ဆန႔္ ဘုရားေက်ာင္းတစ္ခုလည္း ရွိသည္။

ယခုအခါ ပ်က္စီးယိုယြင္းေနၿပီျဖစ္ေသာ ညစာစားခန္းမမွာ လူ ၃၀၀ ခန႔္ ဆန႔္သည္ဟု ဆိုသည္။

၁၉၇၉ ခုႏွစ္တြင္ ကြီးဂလီကြယ္လြန္ၿပီးေနာက္ပိုင္း ၿမိဳ႕ကို ဝယ္ယူခဲ့ၾကသည့္ ပိုင္ရွင္အသီးသီးမွာ ေငြေၾကး အခက္အခဲမ်ား ႀကဳံေတြ႕ခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ၿမိဳ႕မွာ ယိုယြင္းပ်က္စီးလာၿပီး အခြန္အခမ်ား ေပးသြင္းႏိုင္ရန္ ေလလံတင္ေရာင္းခ်ခဲ့ရသည္။

(ၿမိဳ႕ေလးမွ စတိုးဆိုင္။ ဓာတ္ပုံ-Audrey Todd Davis)

(မြန္တားနားျပည္နယ္၏ ၿမိဳ႕ေတာ္ Helena မွ ၁၅ မိုင္ခန႔္အကြာတြင္ တည္ရွိသည္။ ဓာတ္ပုံ-Audrey Todd Davis)

(လူသူစုေဝးေနထိုင္ရန္ ေနရာမ်ားစြာ ရွိသည္။ ဓာတ္ပုံ-Audrey Todd Davis)

၂၀၀၁ ခုႏွစ္တြင္ ေဒသခံတစ္ဦးျဖစ္ေသာ တြမ္ ဘက္တားရွဲလ္က Frontier ၿမိဳ႕ကို အရက္လိုင္စင္အပါအဝင္ ကန္ေဒးလာ ၁၉၀,၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

ယင္းေနာက္ ဘက္တားရွဲလ္က အရက္လိုင္စင္ကို ေရာင္းထုတ္ခဲ့ၿပီးေနာက္ သူ၏ သားျဖစ္သူ ဂ်က္ဖ္က အဆိုပါၿမိဳ႕တြင္ ဆက္လက္ေနထိုင္ခဲ့သည္။

ဤေကာင္းဘြိဳင္ၿမိဳ႕ကေလးတြင္ ၂၃ ႏွစ္ၾကာ ေနထိုင္ခဲ့ၿပီးေနာက္ အျခားတစ္ဦး၏ လက္သို႔ လႊဲေျပာင္းရန္ အခ်ိန္ၾကၿပီ ျဖစ္ေၾကာင္း ဂ်က္ဖ္က ေျပာသည္။

(တစ္ခုေသာ မီးဖိုေဆာင္။ ဓာတ္ပုံ-Audrey Todd Davis )

(အိပ္ခန္းမ်ားစြာအနက္မွ တစ္ခု။ ဓာတ္ပုံ-Audrey Todd Davis)

(ေကာင္းဘြိဳင္အေငြ႕အသက္မ်ားစြာ ေတြ႕ရမည္ ျဖစ္သည္။ ဓာတ္ပုံ-Audrey Todd Davis)

(ေက်ာက္သားအလွဆင္နံရံတစ္ခုပါေသာ နားေနေနရာ။ ဓာတ္ပုံ-Audrey Todd Davis)

(ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားလည္း ပါဝင္သည္။ ဓာတ္ပုံ-Audrey Todd Davis)

(အေဆာက္အအုံတစ္ခု၏ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပုံ-Audrey Todd Davis)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: For $1.7M, you can buy an entire Wild West-themed town in Montana (nypost)

Photo Credit- Audrey Todd Davis, NewYorkPost

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service