ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ဒလအိမ်ခြံမြေ များမှာ ဈေးတက်နေသော်လည်း အိမ်သုံးရေ ရရှိမှုမှာ အဓိကမှုတည်နေကြောင်း ဒလအိမ်ခြံမြေဈေးကွက် အတွင်းမှ သိရသည်။
ဒလ-ရန်ကုန်မြစ်ကူးတံတား ပြီးစီးရန်နီးကပ်လာခြင်းကြောင့် ဒလမြို့နယ်ရှိ အိမ်ခြံမြေဈေးများမှာအတက်ပိုင်းသို့ရောက်ရှိနေသော်လည်း လက်တလောတွင် အရောင်းအဝယ်နည်းနေကြောင်း သိရသည်။
“ ဈေးတွေတက်နေတာတော့အမှန်ဘဲ အရောင်းအဝယ်ပွဲမဖြစ်ဘူး ဝယ်ချင်သူတွေက ရန်ကုန်မြို့ထဲကပြောင်းလာမယ့်သူတွေ၊ လောလောဆယ် အိမ်သုံးရေမရသေးတော့ ဝယ်ဖို့ ဆိုင်းသွားတယ် ” ဟု ဒလမြို့ခံ အကျိုးဆောင်တစ်ဦးက ပြောသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းသည် လုပ်ငန်းပြီးစီးမှု ၇၀ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိနေပြီး 2025 ခုနှစ်အလယ်ပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
တံတားပြီးစီးချိန်တွင် အိမ်သုံးရေ ရရှိရန်ခန့်မှန်းထားကြသော်လည်း လက်တလောတွင် ဒလမြို့သည် အိမ်သုံးရေအခက်အခဲများကြုံတွေ့နေရဆဲဖြစ်သည်။ဧပြီလဆန်းပိုင်း တွင် တံတား၏ ကြိုးဆိုင်း စတင်ဆွဲတပ်ဆင်သည့်လုပ်ငန်း စတင်လုပ်ဆောင်နေခြင်းကြောင့် ဒလမြို့ အိမ်ခြံမြေဈေးဟာ သိန်းထောင်ကျော်ထိဆက်လက်မြင့်တက်လာနေကြောင်း ဒလအိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက်အတွင်းမှ သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ