ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
နှင်းဖုံးတောင်ထိပ်ပေါင်း ၁၃ ခုအထိရှိပြီး တောင်ထိပ်အလှကို အပေါ်စီးမှ မြင်တွေ့ရတဲ့ မြင်ကွင်းဟာ တစ်သက်မမေ့နိုင်ဖွယ် လှပလွန်းပါတယ်။
ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းနဲ့ ကျင်းရှမြစ်ဝှမ်းတစ်လျှောက် ကားလမ်းခရီးဖြင့် မောင်းထွက်ရင်း မြစ်ဝှမ်းအလှနဲ့ တိဗက်လူမျိုးတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Gothic စတိုင်တည်ဆောက်ထားတဲ့ ဘုရားကျောင်းကို သွားရောက်လည်ပတ်နိုင်ပြီး နှင်းဆီရောင်စပျစ်နဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို သောက်သုံးကြည့်ပါ၊ သဘာဝနဲ့လိုက်လျောညီစွာနေထိုင်နိုင်အောင် ကာကွယ်စောင့်ရှောက်မှု အပြည့်ရရှိထားတဲ့ ယူနန်ရွှေရောင်မျောက်များကိုလည်း တွေ့မြင်နိုင်ပါတယ်။
Tangka ပန်းချီရေးဆွဲနည်းကို သင်ယူနိုင်ပြီး ကိုယ်ပိုင် Tangka ပန်းချီများဟာ ကံကောင်းမှု၊ ကောင်းမွန်တဲ့ စိတ်ခံစားချက်များကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
နွေဦးနဲ့နွေရာသီရောက်ခဲ့ရင်တော့ သစ်တောတစ်လျှောက် ပွင့်လန်းနေတဲ့ ပန်းပွင့်လေးများအပြင် ငှက်ငယ်များရဲ့တေးဆိုသံနဲ့အတူ တောင်တက်ခရီးစဉ်လေး အစပြုဖို့ အချိန်ကောင်းပဲဖြစ်ပါတယ်။
Meili နှင်းတောင်တန်းဟာ အေးချမ်းလှတဲ့ ယူနန်ပြည်မှာတည်ရှိပြီး တိဘက်လူမျိုးများရဲ့ သဘာဝရိုးရာအလှကို ခံစားပုံဖော်နိုင်ပါလိမ့်မယ် ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: chinahighlights
[Zawgyi]
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီဖြင့်ပြုလုပ်သော ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်