ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အပန်းဖြေအိမ်ရာများအနက် ပင်လယ်ကမ်းခြေ နှင့်နီးကပ်သော ဧရာဝတီတိုင်းအတွင်းမှ အပန်းဖြေအိမ်ရာများမှာ ဈေးကွက်ကောင်းမွန်နေဆဲဖြစ်ကြောင်း အကျိုးဆောင်များထံမှ သိရသည်။
“ ငွေဆောင်နဲ့ချောင်းသာအနီးက အပန်းဖြေအိမ်ရာတွေ ဆိုရင် ဈေးမကျတဲ့အပြင် ဈေးတက်နေတယ်။ ပင်လယ်နားမှာ ကိုယ်ပိုင်အိမ်နဲ့ နေချင်တဲ့သူက ဝယ်နေကြတယ်။ အမြဲတမ်း အခြေချနေတာမဟုတ်ဘူး အလုပ်နားရက်မှာ အလည်လာနေကြတာမျိုးပေါ့၊ ” ဟု ပုသိမ်အခြေစိုက်အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောသည်။
ယခင်က အပန်းဖြေ အိမ်ရာဈေးကွက်တွင် ပြင်ဦးလွင်နှင့် ကလော စသောတောင်ပေါ်ဒေသများရှိ အပန်းဖြေအိမ်ရာများ ဈေးကောင်းခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ပင်လယ်ကမ်းခြေများကိုစိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
လက်တလော ပင်လယ်ကမ်းခြေအိမ်ရာများမှာ ဂရန်ပေါက်မြေကွက်များတွင် ဈေးနှုန်းမြင့်မားသော်လည်း ဥယျာဥ်ခြံမြေအမျိုးအစာ မြေကွက်များမှာ ဈေးနှုန်းသက်သာကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ