ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
မီးပျက်ချိန်ကြာမြင့်လာတာကြောင့် ရေရရှိလွယ်မှုနှင့်လေဝင်လေထွက်ကောင်းမွန်သောတိုက်ခန်းများ ရန်ကုန်အငှားဈေးကွက် အတွင်းအလုပ်ဖြစ်နေကြောင်း အကျိုးဆောင်များထံမှသိရသည်။
ယခင် တိုက်ခန်းအငှားဈေးကွက်တွင် တည်နေရာ အထပ်အမြင့်ပေါ်မှုတည်ကာ အငှားဈေးနှုန်းကွာခြားသော်လည်း လက်ရှိအချိန်၌ လျှပ်စစ်မီးပျက်ခြင်းကြောင့် အိမ်သုံးရေအလွယ်တကူရရှိရန်၊ လေဝင်လေထွက်နှင့် တိုက်ခန်းအပူချိန်ကိုပါ ထည့်သွင်းရွေးချယ်လာခြင်းဖြစ်သည်။
“ အရင်လိုတိုက်ခန်းဆိုတိုင်း အဲကွန်းတပ်ပြီးနေလို့မရတော့ဘူး၊မီးပျက်တဲ့အချိန် အိမ်သုံးရေအလွယ်တကူရမယ် လေဝင်လေထွက်ကောင်းတယ်ဆိုတဲ့ အခန်းတွေဆို ငှားတဲ့သူဘက်က ဈေးမဆစ်ဘူးတန်းငှားတာဘဲ၊ အခုလိုလျှပ်စစ်မီးပျက်နေရင် နောက်ပိုင်းမှာ တိုက်ခန်းအရောင်းအဝယ်ပုံစံတွေတောင် ပြောင်းလဲလာနိုင်တယ် ” ဟုတာမွေမြို့နယ်မှ အကျိုးဆောင်တစ်ဦးကပြောသည်။
ရန်ကုန်အပါအဝင်မြို့ကြီးများတွင် အိမ်ခြံမြေနှင့်တိုက်ခန်း အငှားဈေးကွက် အများဆုံးမြင့်တက်နေပြီး နယ်မြို့များမှ မြို့ကြီးများသို့ပြောင်းရွှေ့နေထိုင်နေခြင်းကြောင့်ဟု သိရသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် လူနေတိုက်ခန်းကငှားရမ်းမှုဈေးမှာ သုံးသိန်းဝန်းကျင်အနည်းဆုံးဖြစ်ပြီး မြေညီထပ်ငှားရမ်းခမှာ အနိမ့်ဆုံး ငါးသိန်းဝန်းကျင်ရှိကြောင်းသိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်အပါအဝင်မြို့ကြိးများတွင် အိမ်ခြံမြေနှင့်တိုက်ခန်း အငှားဈေးကွက် အများဆုံးမြင့်တက်နေပြီး နယ်မြို့များမှ မြို့ကြီးများသို့ပြောင်းရွှေ့နေထိုင်နေခြင်းကြောင့်ဟုသိရသည်။