အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
26 Apr 2024 11:41 am တွင် တင်ခဲ့သည်
605 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်တွင် စပိန်မစ်ရှင် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၁၉၄၀ ပြည့်လွန်ကာလများအထိ ဖွင့်လှစ်လည်ပတ်ခဲ့သော ကြီးမားကျယ်ဝန်းသည့် သမိုင်းဝင် ဆေးရုံကြီးတစ်လုံး ၁၀ ဒေါ်လာမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဆေးရုံမှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၁၆၀၀၀ ကျော် ကျယ်ဝန်းသည်။

သို့သော် ရောင်းချမည်မှာ ဆေးရုံအဆောက်အအုံသာဖြစ်ပြီး မြေနေရာမပါဝင်ချေ။

 

(စပိန်မစ်ရှင် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ဆေးရုံကို ၁၀ ဒေါ်လာမျှဖြင့် အရောင်းဈေးကွက်တင် ထားသည်။ ဓာတ်ပုံ-Performance real estate)

 

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားမှုအရ ဝယ်ယူမည့်သူအနေဖြင့် ဆေးရုံအဆောက်အအုံကို အခြား တစ်နေရာရာသို့ ရွှေ့ပြောင်းသယ်ယူရမည်ဟု ဆိုသည်။

ဆေးရုံရွှေ့ပြောင်းစရိတ်အတွက် ရောင်းချသူက ဒေါ်လာ ၁၀၀,၀၀၀ ငွေချေးမည်ဟုလည်း ကမ်းလှမ်း ထားသည်။

နှစ်ပေါင်း ၁၁၃ နှစ်သက်တမ်းရှိ ကြီးမားလှသော အဆောက်အအုံကြီးအား ရွှေ့ပြောင်းခြင်း၊ မွမ်းမံခြင်းများ ပြုလုပ်ရသည်မှာ ငွေကြေးအလွန်အမင်းကုန်ကျမည် ဖြစ်သည်။

ပြန်လည်မွမ်းမံစရိတ် တစ်ခုတည်းပင်လျှင် ကန်ဒေါ်လာ ၈ သန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း Missoula Current က ခန့်မှန်းသည်။ Old Post အမည်ရှိ ယခုဆေးရုံကို မွန်တားနားပြည်နယ် Missoula မြို့တွင် ၁၉၁၁ ခုနှစ်၌ ဆောက်လုပ်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဆေးရုံအဖြစ် အသုံးပြုမှု ရပ်ဆိုင်းခဲ့သည်။

 

(ပြန်လည်မွမ်းမံစရိတ် တစ်ခုတည်းပင်လျှင် ကန်ဒေါ်လာ ၈ သန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း Missoula Current က ခန့်မှန်းသည်။ဓာတ်ပုံ-Mediadrumimages)

 

၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကပ်ဘေးကာလကြီးအတွင်း ရောဂါကူးစက်ခံရသူများကို ဤဆေးရုံကြီးတွင် ဆရာဝန်များနှင့် သူနာပြုများက ဆေးဝါးကုသမှု ပေးခဲ့ကြသည်။

ထို့အပြင် ကပ်ဘေးကာလအတွင်း ပိုလီယိုရောဂါ ခံစားရသည့် ကလေးငယ်များကိုလည်း ဆေးဝါးကုသ ပေးခဲ့သည်။

ဆေးရုံအဖြစ် အသုံးပြုမှု ရပ်ဆိုင်းသွားပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်အထိ ကျန်းမာရေးဌာန ရုံးခန်းများအဖြစ် ပြောင်းလဲ အသုံးပြုခဲ့သည်။

ဆေးရုံ၏ လက်ရှိပိုင်ရှင်က ဆေးရုံမွမ်းမံထိန်းသိမ်းရေးအတွက် ရန်ပုံငွေရရှိရန် ဆေးရုံဝန်းအတွင်း လူနေအိမ် စီမံကိန်းများ ဆောက်လုပ်ရန် တင်ပြခဲ့သော်လည်း Missoula မြို့ သမိုင်းဝင်နေရာများ ထိန်းသိမ်းရေး ကော်မရှင်က ပယ်ချခဲ့သည်။

 

(Old Post ဆေးရုံကို ၁၉၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကပ်ဘေး ကာလကြီး အတွင်း ရောဂါကူးစက်ခံရသူများကို ဤဆေးရုံကြီးတွင် ဆရာဝန်နှင့် သူနာပြုများက ဆေးဝါးကုသပေးခဲ့ ကြသည်။ ဓာတ်ပုံ-mediadrumimages/circaoldhouses)

 

ဆေးရုံအဆောက်အအုံဘေးတွင် အိမ် ၁၆ လုံးဆောက်လုပ်ရန် အိမ်ခြံမြေ developer ဖြစ်သော FAE-Wolf က ခွင့်ပြုချက်လျှောက်ထားခဲ့သည်။

အဆိုပါအိမ်များမှဝင်ငွေဖြင့် ဆေးရုံကို ပြန်လည်မွမ်းမံရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဆောက်လုပ်မည့် အဆောက်အအုံများသည် သမိုင်းဝင်လက်ရာဖြစ်သော ဆေးရုံအဆောက်အအုံ၏ အရေးပါမှုကို ကျဆင်းစေနိုင်သည်ဟုဆိုကာ သမိုင်းဝင်နေရာ ထိန်းသိမ်းရေးကော်မရှင်က ပယ်ချခဲ့သည်။

 

(ဆေးရုံ၏ လက်ရှိပိုင်ရှင်က ဆေးရုံဝန်းအတွင်း အဆောက်အအုံများဆောက်လုပ်ရန် ခွင့်ပြုချက်တင်ခဲ့ သော်လည်း ခွင့်ပြုချက်မရခဲ့။ ဓာတ်ပုံ-Google St View)

 

အကယ်၍ ဝယ်လက်မပေါ်ပေါက်ပါက ခွင့်ပြုချက်အသစ်တစ်မျိုးထပ်မံလျှောက်ထားသွားမည်ဖြစ်ပြီး ယခုတကြိမ် လျှောက်ထားမည်မှာ အဆောက်အအုံဖြိုချခွင့်ဖြစ်ကြောင်း ဆေးရုံပိုင်ရှင်က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Historic Montana hospital hits the market for just $10 — but potential buyers face this huge obstacle (nypost)

Photo Credit- Mediadrumimages, Google St View, Performance real estate

 

 

[Zawgyi]

အေမရိကန္ျပည္ မြန္တားနားျပည္နယ္တြင္ သမိုင္းဝင္ (၃) ထပ္ ေဆး႐ုံႀကီးကို ၁၀ ေဒၚလာမွ်ျဖင့္ ေရာင္းမည္

 

အေမရိကန္ျပည္ေထာင္စု၊ မြန္တားနားျပည္နယ္တြင္ စပိန္မစ္႐ွင္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားၿပီး ၁၉၄၀ ျပည့္လြန္ကာလမ်ားအထိ ဖြင့္လွစ္လည္ပတ္ခဲ့ေသာ ႀကီးမားက်ယ္ဝန္းသည့္ သမိုင္းဝင္ ေဆး႐ုံႀကီးတစ္လုံး ၁၀ ေဒၚလာမွ်ျဖင့္ အေရာင္းေဈးကြက္ဝင္လာသည္။

ေဆး႐ုံမွာ ၃ ထပ္အေဆာက္အအုံျဖစ္ၿပီး စတုရန္းေပ ၁၆၀၀၀ ေက်ာ္ က်ယ္ဝန္းသည္။

သို႔ေသာ္ ေရာင္းခ်မည္မွာ ေဆး႐ုံအေဆာက္အအုံသာျဖစ္ၿပီး ေျမေနရာမပါဝင္ေခ်။

(စပိန္မစ္႐ွင္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ေဆး႐ုံကို ၁၀ ေဒၚလာမွ်ျဖင့္ အေရာင္းေဈးကြက္တင္ ထားသည္။ ဓာတ္ပုံ-Performance real estate)

ေဈးကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပထားမႈအရ ဝယ္ယူမည့္သူအေနျဖင့္ ေဆး႐ုံအေဆာက္အအုံကို အျခား တစ္ေနရာရာသို႔ ေ႐ႊ႕ေျပာင္းသယ္ယူရမည္ဟု ဆိုသည္။

ေဆး႐ုံေ႐ႊ႕ေျပာင္းစရိတ္အတြက္ ေရာင္းခ်သူက ေဒၚလာ ၁၀၀,၀၀၀ ေငြေခ်းမည္ဟုလည္း ကမ္းလွမ္း ထားသည္။

ႏွစ္ေပါင္း ၁၁၃ ႏွစ္သက္တမ္း႐ွိ ႀကီးမားလွေသာ အေဆာက္အအုံႀကီးအား ေ႐ႊ႕ေျပာင္းျခင္း၊ မြမ္းမံျခင္းမ်ား ျပဳလုပ္ရသည္မွာ ေငြေၾကးအလြန္အမင္းကုန္က်မည္ ျဖစ္သည္။

ျပန္လည္မြမ္းမံစရိတ္ တစ္ခုတည္းပင္လွ်င္ ကန္ေဒၚလာ ၈ သန္းဝန္းက်င္ ကုန္က်ႏိုင္ေၾကာင္း Missoula Current က ခန္႔မွန္းသည္။ Old Post အမည္႐ွိ ယခုေဆး႐ုံကို မြန္တားနားျပည္နယ္ Missoula ၿမိဳ႕တြင္ ၁၉၁၁ ခုႏွစ္၌ ေဆာက္လုပ္ခဲ့ၿပီး ၁၉၄၇ ခုႏွစ္တြင္ ေဆး႐ုံအျဖစ္ အသုံးျပဳမႈ ရပ္ဆိုင္းခဲ့သည္။

(ျပန္လည္မြမ္းမံစရိတ္ တစ္ခုတည္းပင္လွ်င္ ကန္ေဒၚလာ ၈ သန္းဝန္းက်င္ ကုန္က်ႏိုင္ေၾကာင္း Missoula Current က ခန္႔မွန္းသည္။ဓာတ္ပုံ-Mediadrumimages)

၁၉၁၈ ခုႏွစ္ စပိန္တုပ္ေကြးကပ္ေဘးကာလႀကီးအတြင္း ေရာဂါကူးစက္ခံရသူမ်ားကို ဤေဆး႐ုံႀကီးတြင္ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားက ေဆးဝါးကုသမႈ ေပးခဲ့ၾကသည္။

ထို႔အျပင္ ကပ္ေဘးကာလအတြင္း ပိုလီယိုေရာဂါ ခံစားရသည့္ ကေလးငယ္မ်ားကိုလည္း ေဆးဝါးကုသ ေပးခဲ့သည္။

ေဆး႐ုံအျဖစ္ အသုံးျပဳမႈ ရပ္ဆိုင္းသြားၿပီးေနာက္ပိုင္း ၂၀၁၅ ခုႏွစ္အထိ က်န္းမာေရးဌာန ႐ုံးခန္းမ်ားအျဖစ္ ေျပာင္းလဲ အသုံးျပဳခဲ့သည္။

ေဆး႐ုံ၏ လက္႐ွိပိုင္႐ွင္က ေဆး႐ုံမြမ္းမံထိန္းသိမ္းေရးအတြက္ ရန္ပုံေငြရ႐ွိရန္ ေဆး႐ုံဝန္းအတြင္း လူေနအိမ္ စီမံကိန္းမ်ား ေဆာက္လုပ္ရန္ တင္ျပခဲ့ေသာ္လည္း Missoula ၿမိဳ႕ သမိုင္းဝင္ေနရာမ်ား ထိန္းသိမ္းေရး ေကာ္မ႐ွင္က ပယ္ခ်ခဲ့သည္။

(Old Post ေဆး႐ုံကို ၁၉၁၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ၿပီး ၁၉၁၈ ခုႏွစ္ စပိန္တုပ္ေကြးကပ္ေဘး ကာလႀကီး အတြင္း ေရာဂါကူးစက္ခံရသူမ်ားကို ဤေဆး႐ုံႀကီးတြင္ ဆရာဝန္ႏွင့္ သူနာျပဳမ်ားက ေဆးဝါးကုသေပးခဲ့ ၾကသည္။ ဓာတ္ပုံ-mediadrumimages/circaoldhouses)

ေဆး႐ုံအေဆာက္အအုံေဘးတြင္ အိမ္ ၁၆ လုံးေဆာက္လုပ္ရန္ အိမ္ျခံေျမ developer ျဖစ္ေသာ FAE-Wolf က ခြင့္ျပဳခ်က္ေလွ်ာက္ထားခဲ့သည္။

အဆိုပါအိမ္မ်ားမွဝင္ေငြျဖင့္ ေဆး႐ုံကို ျပန္လည္မြမ္းမံရန္ ရည္႐ြယ္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ေဆာက္လုပ္မည့္ အေဆာက္အအုံမ်ားသည္ သမိုင္းဝင္လက္ရာျဖစ္ေသာ ေဆး႐ုံအေဆာက္အအုံ၏ အေရးပါမႈကို က်ဆင္းေစႏိုင္သည္ဟုဆိုကာ သမိုင္းဝင္ေနရာ ထိန္းသိမ္းေရးေကာ္မ႐ွင္က ပယ္ခ်ခဲ့သည္။

(ေဆး႐ုံ၏ လက္႐ွိပိုင္႐ွင္က ေဆး႐ုံဝန္းအတြင္း အေဆာက္အအုံမ်ားေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္တင္ခဲ့ ေသာ္လည္း ခြင့္ျပဳခ်က္မရခဲ့။ ဓာတ္ပုံ-Google St View)

အကယ္၍ ဝယ္လက္မေပၚေပါက္ပါက ခြင့္ျပဳခ်က္အသစ္တစ္မ်ိဳးထပ္မံေလွ်ာက္ထားသြားမည္ျဖစ္ၿပီး ယခုတႀကိမ္ ေလွ်ာက္ထားမည္မွာ အေဆာက္အအုံၿဖိဳခ်ခြင့္ျဖစ္ေၾကာင္း ေဆး႐ုံပိုင္႐ွင္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Historic Montana hospital hits the market for just $10 — but potential buyers face this huge obstacle (nypost)

Photo Credit- Mediadrumimages, Google St View, Performance real estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service