အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင်
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင် - Property News in Myanmar from iMyanmarHouse.com
22 Sep 2023 11:04 am တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့သည် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန် ဒီစီတွင် တည်ရှိသော ၎င်းတို့၏ စံအိမ်ကို Architectural Digest မဂ္ဂဇင်းသို့ ပြသခဲ့ဖူးသည်။
ဘီလ်ကလင်တန်တို့ ဇနီးမောင်နှံ၏ နီယိုး ဂျော်ဂျီယန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ရှားရှားပါးပါး မြင်ခွင့်ရခဲ့ကြခြင်းဖြစ်ပြီး သက်တောင့်သက်သာရှိကာ ဇိမ်ကျသော စံအိမ်တစ်လုံးဖြစ်သည်ကို တွေ့ရသည်။
အဖြူရောင်နိဗ္ဗာန်ဘုံဟု အမည်ပေးထားသော စံအိမ်ကို ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော စိတ်ခံစားမှုအကြောင်း ဟီလာရီကလင်တန်က Architectural Digest မဂ္ဂဇင်းသို့ ပြောပြခဲ့သည်။
“၂၀၀၀ ပြည့်နှစ်မှာ ကျွန်မ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရချိန်မှာ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နေထိုင်ဖို့ နေရာတစ်ခု လိုခဲ့ပါတယ်။ ဒါကြောင့် အိမ်ရှာခဲ့တယ်။ ဒီအိမ်ကို တွေ့လိုက်တဲ့အချိန်မှာ စိတ်လှုပ်ရှားသွားခဲ့တယ်။ ကျွန်မ တတိယထပ်ကို တက်ပြီး သစ်ပင်တွေကို စီးမိုးကြည့်ခဲ့တယ်။ ပြီးတော့ ဗြိတိသျှသံရုံးရဲ့ အနောက်ဘက်ကို လှမ်းမြင်ရတယ်။ ကျွန်မဟာ ခေတ်ဟောင်း လန်ဒန်မြို့ ဒါမှမဟုတ် နယူးယောက်မြို့ကို ရောက်သွားသလို ခံစားရတယ်။ ကျွန်မလိုက်ကြည့်ခဲ့တဲ့ အိမ်တွေထဲမှာ ဒီအိမ်က ပန်းဥယျာဉ်ဟာ အံ့မခန်းအရှိဆုံးပါပဲ။”
(ဝါရှင်တန်ဒီစီ၏ သံရုံးများအနီးရှိ ကလင်တန်တို့ ဇနီးမောင်နှံ၏စံအိမ်။ ဓာတ်ပုံ- Architectural Digest)
အုတ်ဖြင့် ဆောက်လုပ်ထားသော အနီရောင်စံအိမ်ဖြစ်ကာ ၁၉၅၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ခြံဝန်းအကျယ် စတုရန်းမီတာ ၅၀၀ ကျော်ရှိသည်။
ကလင်တန်တို့ ဇနီးမောင်နှံသည် အိမ်တွင်းဒီဇိုင်နာ Rosemarie Howe ၏ အကူအညီဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
ကလင်တန်တို့ ဇနီးမောင်နှံသည် နယူးယောက်ပြည်နယ် Chappaqua မြို့တွင် ပင်မစံအိမ်ရှိပြီး ထိုအိမ်ကိုလည်း Howe ကပင် မွမ်းမံပေးခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့က ဒီအိမ်ရဲ့ အခန်းတွေအားလုံးကို ခြံနောက်ဘက်က လှပတဲ့ ပန်းဥယျာဉ်ဆီ ဖွင့်ထားချင်ခဲ့တယ်။”
ဟီလာရီကလင်တန်က ဤစံအိမ်သို့ လာရောက်သူတိုင်း သက်သောင့်သက်သာ ခံစားရစေလိုကြောင်း Howe က ပြောသည်။
ဟီလာရီကလင်တန်က Architectural Digest သို့ ပြောသည်မှာ ယခုအိမ် မွမ်းမံရေးအတွက် မိခင်ကြီး Dorothy Rodham အား ခေါ်ယူခဲ့ကြောင်း ၊ ပရိဘောဂများ ဝယ်ခြင်း ၊ ဆေးရောင်ရွေးချယ်ခြင်း ၊ မွမ်းမံမှုပုံစံ ရွေးချယ်ခြင်းများတွင် မိခင်ကြီးက ကူညီခဲ့ကြောင်း ပြောသည်။
“အမေ ၊ Rosemarie တို့နဲ့ အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ အမေနဲ့ ကျွန်မနှစ်ယောက်လုံးက အရောင်တွေကို ချစ်တယ်။ ဒီအိမ်ထဲမှာဆိုရင် အရောင်မျိုးစုံ တွေ့ရမှာပါ။ ဒါက ကျွန်မတို့ ပူးပေါင်းမွမ်းမံမှုရဲ့ ရလာဒ်ပါပဲ။”
(ဟီလာရီကလင်တန်သည် နေအိမ်မွမ်းမံမှု ၊ ဆေးရောင်နှင့် ပရိဘောဂ ရွေးချယ်မှုတို့အတွက် မိခင်ကြီး၏ အကူအညီ ရယူခဲ့သည်။ ဓာတ်ပုံ- Architectural Digest)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Step Inside Bill and Hillary Clinton's Deeply Personal Washington, D.C., Home   ( 9now )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
7Mile Condominium
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service