မြောက်များစွာသော နာနာဘာဝပရလောကသားများကျက်စားနေထိုင်ရာ အင်္ဂလန်နိုင်ငံ၏ သရဲအခြောက်ဆုံး ဟိုတယ် The Ancient Ram Inn
မြောက်များစွာသော နာနာဘာဝပရလောကသားများကျက်စားနေထိုင်ရာ အင်္ဂလန်နိုင်ငံ၏ သရဲအခြောက်ဆုံး ဟိုတယ် The Ancient Ram Inn - Property News in Myanmar from iMyanmarHouse.com
16 Sep 2023 11:51 am တွင် တင်ခဲ့သည်
696 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လွန်ခဲ့သော ၁၅ ရာစုနှစ်ဆီက စုန်းပညာတတ်မြောက်သောကြောင့် သေမိန့်ချခံရသူ စုန်းမဝိဉာဉ်နှင့် သူမ၏ကြောင်သရဲ ,The Ancient Ram Inn အား ရာစုနှစ်အဆက်ဆက် ပိုင်ဆိုင်ခဲ့သူများရဲ့ ဝိဉာဉ်များအား တွဲလောင်းကျလျက် မြင်တွေ့နိုင်ပြီး၊ အမည်မသိ မိန်းကလေးငယ်ဝိဉာဉ်ဖြူလေးမှ ရံဖန်ရံခါ သူမအား တည်းခိုသူ ခရီးသွားများ မြင်တွေ့စေနိုင်ရန် လက်ပြနှုတ်ဆက်လေ့ရှိသော The Ancient Ram Inn သည် အင်္ဂလန်နိုင်ငံရဲ့ ပရလောကဝိဉာဉ်နတ်ဆိုး ဝိဉာဉ်ပေါင်းစုံကျက်စားနေထိုင်သော အချောက်ချားဆုံး Hotel အဖြစ်နာမည်ကြီးသည်။
The Ancient Ram Inn ကို ထိုစဉ်က St. Mary’s Church ကျောင်းကိုဆောက်လုပ်ရာတွင် ပါဝင်သော ကျွန်၊အလုပ်သမားများနေထိုင်ရန်အတွက် ၁၁၄၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ Gloucestershire ပြည်နယ်ရှိ ဈေးမြို့ငယ်လေးတွင်တည်ရှိပြီး အလုပ်သမားများထွက်ခွာသွားသည့်အခါမှာတော့ ခရစ်ယာန်ဘုန်းတော်ကြီးများ ဆက်လက်နေထိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ The Ancient Ram Inn ဟာ ပိုင်ဆိုင်သူ အမြောက်အမြားလက်ထဲ၌ ပြုပြင်မှုများစွာနှင့် ပုံစံအမျိုးမျိုးပြောင်းလဲခဲ့သည်။ နောက်ဆုံးပိုင်ရှင် John Humphries မှ ၁၉၆၈ ခုနှစ်တွင် ပေါင် ၂၆၀၀ နှင့်ဝယ်ယူခဲ့ပြီး Hotel ဖွင့်ခဲ့ကာ ချောက်ချားဖွယ်ကောင်းလှသော သရဲတစ္ဆေဖြစ်ရပ်ဆန်းများအား တွေ့မြင်ခဲ့သည်။
The Ancient Ram Inn တွင်နေထိုင်သော နာနာဘာဝ ဝိဉာဉ်များအနက် နတ်ဆိုးဝိဉာဉ်များသာမဟုတ် နောက်ပြောင်ကျီစယ်တတ်သော ဝိဉာဉ်ကောင်းများလဲ နေထိုင်ကြသည်။ ၁၅ ရာစုနှစ်ဆီက စုန်းပညာ တတ်မြောက်မှုကြောင့် ကားစင်တင်မီးရှို့ခံရသော စုန်းမဝိဉာဉ်ဆိုလျှင် ဟိုတယ်၌တည်းခိုသူများကို ခြောက်လှန့်ခြင်းမပြု။ တစ်ခါတစ်ရံတွင်တော့ စုန်းမအခန်းဟုခေါ်သော သူမ၏ ကိုယ်ပိုင်အခန်းရှိ ထုပ်တန်း၌ တွဲလောင်းချနေလျက်ရှိသည်။ စုန်းမတွင် ကြောင်မည်းလေးတစ်ကောင် ရှိဟန်တူသည်။ ထိုကြောင်မည်းလေး၏ ဝိဉာဉ်ကိုလည်း ဟိုတယ်အခန်းထောင့်တွင် ရံဖန်ရံခါမြင်ရလေ့ရှိသည်။ အမည်မသိ မိန်းကလေးငယ် ဝိဉာဉ်ဖြူလေးဆိုလျှင် ခရီးသွားများနှင့် စကားပြောလိုသည့်ဟန် လက်ပြနှုတ်ဆက်လေ့ရှိသည်။
ဟိုတယ်မြေအောက်ခန်းကို ပြန်လည်ပြင်ဆင်စဉ်ကလည်း မြှုပ်နှံထားသော ကလေးအရိုးစု အမြောက်အမြားကို တူးဆွမိသည်။ ထိုကလေးများသည် ရင်ဘတ်တွင်ဓားများစိုက်ဝင်လျက် သေဆုံးနေပြီး သတ်ဖြတ်ယစ်ပူဇော်ရာတွင် အသုံးပြုခံခဲ့ရသော နစ်နာသူကလေးငယ်များဖြစ်သည်။ ရှေးဟောင်းဟိုတယ်အိမ်ကြီး၏ နံရံများထက်တွင် ဝမ်းနည်းပက်လက်ကလေးငိုသံများကို ကြားရလေ့ရှိပြီး ရိုစီအမည်ရှိ သရဲကလေးမ ဝိဉာဉ်လေး လျှောက်ပြေးသွားနေသည်ကိုလည်း မြင်တွေ့ရနိုင်သည်။
The Ancient Ram Inn ဆီသို့ သရဲတစ္ဆေနာနာဘာဝ ဖြစ်တည်မှုများအား လေ့လာဆန်းစစ်ရန် လာရောက်သူများဟာ အင်္ကျီအဝတ်အစားတွေထက် ဘုရားစာအုပ်များ စုံလင်စွာပါရန် လိုအပ်ပေသည်။
၂၀၁၇ ခုနှစ်တွင် ဟိုတယ်ပိုင်ရှင် Mr. John Humphries သေဆုံးခဲ့ပြီးနောက်မှာတော့ သမီးငယ် Caroline Humphries မှ ဟိုတယ်အား လွှဲပြောင်းဆက်ခံခဲ့ပြီး အိမ်ကြီး၏ ပရလောကဖြစ်ရပ်ဆန်းများကို လေ့လာလိုသော ပညာရှင်၊ အပျော်တမ်းရှာဖွေသူများအား လာရောက်ရန် ဖိတ်ကြားလေ့ရှိသည်။ ပရလောက နာနာဘာဝများအား မျက်မြင်တွေ့လိုလျင် ဟိုတယ်၌ ညအိပ်လေ့လာနိုင်သည်။ သင်ဆိုရင်ကော သွားရဲသလား မေးမြန်းကြည့်ချင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service