ဗန်ဒိန်း ရုပ်ရှင်လောကအတွင်း မရောက်မီက ဆီဗက်စတာ စတားလုံး၏ အိမ်ကို အုတ်တံတိုင်းကျော်ကာ ဝင်ရောက်ခဲ့သောကြောင့် စတားလုံး၏ ဇနီးက ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ရ ၊ ဗန်ဒိန်း၏ ဈေးကွက်တင်ထားသော စံအိမ်
ဗန်ဒိန်း ရုပ်ရှင်လောကအတွင်း မရောက်မီက ဆီဗက်စတာ စတားလုံး၏ အိမ်ကို အုတ်တံတိုင်းကျော်ကာ ဝင်ရောက်ခဲ့သောကြောင့် စတားလုံး၏ ဇနီးက ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ရ ၊ ဗန်ဒိန်း၏ ဈေးကွက်တင်ထားသော စံအိမ် - Property News in Myanmar from iMyanmarHouse.com
4 Apr 2023 11:02 am တွင် တင်ခဲ့သည်
1567 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ယန်းကလော့ ဗန်ဒိန်း (Jean-Claude Van Damme) သည် ဟောလိဝုဒ်၏ အထင်ကရအဖြစ်ဆုံး နာမည်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဘယ်လ်ဂျီယံနိုင်ငံသား ဗန်ဒိန်းသည် ရုပ်ရှင်သရုပ်ဆောင်ကောင်းတစ်ဦးမျှသာမက ချီးကျူးထိုက်သော ကိုယ်ခံပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်က ရုံတင်ခဲ့သော ဗန်ဒိန်း၏ Death Warrant ရုပ်ရှင်ဇာတ်ကားသည် ရုပ်ရှင်သမိုင်းတစ်လျှောက် အထင်ကရအဖြစ်ဆုံး ကိုယ်ခံပညာအက်ရှင်ဇာတ်ကားများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။
ဗန်ဒိန်းသည် ငယ်စဉ်အခါက ရမ်ဘိုဇာတ်ကားများဖြင့် လျှမ်းလျှမ်းတောက်အောင်မြင်နေသူ ဟောလိဝုဒ် ကြယ်ပွင့် ဆီဗက်စတာ စတားလုံး၏ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့သည်။
ဗန်ဒိန်းသည် သူ၏ idol စတားလုံးကို တွေ့ခွင့်ရရန် အခြားသူများ မတွေးဝံ့သောလုပ်ရပ်တစ်ခု လုပ်ဆောင်ခဲ့သည်။
((ဗန်ဒိန်းက စတားလုံး၏ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ခြင်း))
ယန်းကလော့ ဗန်ဒိန်းသည် ရုပ်ရှင်လောကသို့ ခြေချရန် ကြိုးစားနေစဉ်ကာလများအတွင်း သူသည် ဆီဗက်စတာ စတားလုံး၏ အမာခံပရိသတ်တစ်ဦး ဖြစ်ခဲ့သည်။
ဗန်ဒိန်းက သူ၏ Idol ကို တွေ့ခွင့်ရရန်အတွက် စတားလုံး၏ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသည်။
Yahoo နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗန်ဒိန်းက ထုတ်ဖော်ပြောခဲ့သည်မှာ စတားလုံးနှင့် တွေ့ဆုံကာ မိမိနှင့် ရုပ်ရှင်ရိုက်ရေး ပြောကြားရန်အတွက် စတားလုံး၏ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးကြောင်း ပြောသည်။
“ကျွန်တော် သူ့အိမ်ဘေးကို ရောက်တော့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးကို တွေ့ပါတယ်။ အဲဒါက သူ့ရဲ့ ပထမဇနီး (Sasha Czack) ပါ။ သူက အိမ်ထဲကနေ စက်ဘီးတစ်စီးနဲ့ ထွက်လာတယ်။ ကျွန်တော်က အုတ်တံတိုင်းကျော်တက်ဖို့ လုပ်နေတာ။ Czack က ကျွန်တော့်ကိုလည်း တွေ့ရော ရဲကို ဖုန်းဆက်ခေါ် တော့တာပဲ။ ရဲတွေကလည်း ချက်ချင်းရောက်လာတယ်။ ကျွန်တော်လည်း ပြောရတာပေါ့….ကျွန်တော်က စတားလုံးရဲ့ အမာခံပရိသတ်ပါ။ သူနဲ့ ကရာတေးကစားကြည့်ချင်လို့ လာခဲ့တာပါ…လို့ ပြောလိုက်တယ်။ ရဲအရာရှိတွေက ကျွန်တော့်စကားနားထောင်ပြီး ကျွန်တော့်မျက်လုံးထဲမှာလည်း ရိုးသားမှုကို တွေ့ရတော့ သူတို့က …သွား..သွား ..ပြန်တော့..လို့ ပြောတယ်လေ”ဟု ဆိုသည်။
ဗန်ဒိန်းသည် နောက်ပိုင်းတွင် ဆီဗက်စတာ စတားလုံးနှင့် တွေ့ဆုံခဲ့ပြီး ရုပ်ရှင်အချို့ ပူးတွဲသရုပ်ဆောင်ခဲ့ကြသည်။
((ဗန်ဒိန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ Marina del Rey မှ စံအိမ်ကို ကန်ဒေါ်လာ ၉ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်ထား))
ဒိတ်ဒိတ်ကြဲ အက်ရှင်မင်းသားများစွာ ပါဝင်သရုပ်ဆောင်ထားသော The Expendables 2 တွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဗန်ဒိန်းသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင်၊ Marina del Rey ကမ်းခြေမြို့ကလေးရှိ စံအိမ်ကို အရောင်းဈေးကွက်တင်ထားသည်။
(၂၀၁၁ ခုနှစ်က ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး ပင်လယ်ကမ်းခြေသို့ ခေတ္တလမ်းလျှောက်ရုံဖြင့်ရောက်နိုင်ကာ လက်ရာကောင်းသော စားသောက်ဆိုင်များနှင့် နီးနီးနားနားရှိသည်။ ဓာတ်ပုံ- Zillow.com)
(အိမ်တွင်း အားကစားလေ့ကျင့်ခန်းမတွင် အားကစားလုပ်ပြီးလျှင် ဓာတ်လှေကားဖြင့် တက်နိုင်သည်။ ဓာတ်ပုံ- Zillow)
(မိတ်ဆွေသူငယ်ချင်းများကို ဧည့်ခံရင်း ညပေါင်းများစွာ ဖြတ်သန်းခဲ့သော ဆိုဖာခုံများ။ ဓာတ်ပုံ- Zillow)
(အိမ်တွင်း ရုပ်ရှင်ရုံ။ ဓာတ်ပုံ- Zillow)
(အိပ်ခန်း ၆ ခန်းပါဝင်ပြီး master bedroom တွင် ကိုယ်ပိုင်မီးလင်းဖိုတစ်ခုရှိသည်။ ဓာတ်ပုံ- Zillow)
(master bedroom တွင် သီးခြား ကျား၊ မ ရေချိုးခန်းများ ပါသည်။ ဓာတ်ပုံ- Zillow)
(ရေစိမ်ကန်။ ဓာတ်ပုံ- Zillow)
(ဇနီး ၊ ကလေး ၃ ဦးနှင့် အတူ ဖြတ်သန်းခဲ့သည့် မီးဖိုဆောင်။ ဓာတ်ပုံ- Zillow)
(အိမ်တွင်း ရုံးခန်း။ ဓာတ်ပုံ- Zillow)
(ဝိုင်သိုလှောင်ခန်း။ ဓာတ်ပုံ- Zillow)
(မီးဖိုဘေးတွင် လဲလျောင်းရင်း ပင်လယ်ရှုမျှော်ခင်းများ ခံစားနိုင်မည့်နေရာ။ ဓာတ်ပုံ- Zillow)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sylvester Stallone’s Ex-Wife Called the Cops on Jean-Claude Van Damme When He Broke Into Rambo Star’s Home “To do Karate with him” (fandomwire, businessinsider)
[Zawgyi]
(ရေစိမ်ကန်။ ဓာတ်ပုံ- Zillow)
(အိမ်တွင်း ရုံးခန်း။ ဓာတ်ပုံ- Zillow)
(ဝိုင်သိုလှောင်ခန်း။ ဓာတ်ပုံ- Zillow)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Sweet Dream Villa
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service