Pfizer ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမအသုတ် အမေရိကန်သို့ လေယာဉ်ဖြင့် အလုံးအရင်းစတင်ရောက်ရှိ

Pfizer ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမအသုတ် အမေရိကန်သို့ လေယာဉ်ဖြင့် အလုံးအရင်းစတင်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Dec 2020 11:18 am တွင် တင်ခဲ့သည်
2108 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် ပြည်ထောင်စုလေကြောင်းကွပ်ကဲရေးအဖွဲ့က ၎င်းတို့သည် Covid-19 ကာကွယ်ဆေးပထမအသုတ် လေယာဉ်ဖြင့် အလုံးအရင်းတင်ပို့မှုအတွက် အကူအညီများပေးအပ်ခဲ့ကြောင်းထုတ်ပြန်လိုက်ပြီးဆေးဝါးကုမ္ပဏီများနှင့် လေကြောင်းလိုင်းများမှာလည်းဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းများကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရေးအတွက် ကွန်ရက်များ ကြိုတင်ပြင်ဆင်လျက်ရှိသည်။

United Airlines လေကြောင်းလိုင်းသည် Pfizer ၏ Covid-19ကာကွယ်ဆေးများကိုဥရောပသမဂ္ဂ ရုံးစိုက်ရာဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှ အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့ရှိO’Hare နိုင်ငံတကာလေဆိပ်သို့ သယ်ယူပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအားဖြင့် ဆေးဝါးကုမ္ပဏီများ၊ လေကြောင်းလိုင်းများနှင့် အခြားသောထောက်ပံ့ရေးကဏ္ဍများကဆေးအသုံးပြုခွင့်ရသည်နှင့် ဖြန့်ဖြူးမှုများလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြရာကျယ်ပြန့်လှသောကွန်ရက်ကြီးတစ်ခုအဖြစ် ပါဝင်မည်ဖြစ်ပြီးကာကွယ်ဆေးများကိုထိန်းသိမ်းထားရှိမည့် အအေးခန်းစနစ်များလည်းပါဝင်မည် ဖြစ်သည်။

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) ကမူမည်သည့် COVID-19 ကာကွယ်ဆေးကိုမျှ အတည်ပြုမပေးသေးချေ။

Pfizer နှင့် Moderna ကုမ္ပဏီတို့ကထုတ်ပြန်ထားရာတွင် ၎င်းတို့၏ ကာကွယ်ဆေးများသည် Covid-19ရောဂါကူးစက်မှုကိုကာကွယ်ရာတွင် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်းထုတ်ပြန်ထားသည်။

ကာကွယ်ဆေးတင်ပို့မှု သတင်းနှင့်စပ်လျဉ်းပြီးPfizerကုမ္ပဏီကတစုံတရာမှတ်ချက်ပြုခြင်းမရှိချေ။

Pfizer ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးကင်မ် ဘန့်ကာကယခင်ကပြောခဲ့ဖူးသည်မှာမူ FDA ထံမှ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက် မရမချင်းကာကွယ်ဆေးတင်ပို့မှုများ ပြုလုပ်မည်မဟုတ်ကြောင်းပြောကြားဖူးသည်။

Pfizer က ၎င်း၏ ကာကွယ်ဆေးကိုအရေးပေါ်အခြေအနေအဖြစ်အသုံးပြုခွင့်ရရန် နိုဝင်ဘာ ၂၀ ရက်ကလျှောက်ထားတင်ပြခဲ့သည်။

FDA က လာမည့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် “ကာကွယ်ဆေးနှင့် ဆက်နွှယ်သောဇီဝထုတ်ကုန်များအကြံပေးကော်မတီ” အစည်းအဝေးတွင် ယင်းကိစ္စကိုဆွေးနွေးသွားမည် ဖြစ်သည်။

Modernaကုမ္ပဏီကလည်းလာမည့် တနင်္လာနေ့တွင် အရေးပေါ်အခြေအနေသုံးစွဲခွင့်ရရှိရေးလျှောက်ထားရန် စီစဉ်လျက်ရှိသည်။

သက်ဆိုင်ရာအကြီးအကဲများအနေဖြင့် ကာကွယ်ဆေးကိုအချိန်ဆွဲခြင်းမရှိဘဲအတည်ပြုခွင့်ပြုပေးမည်ဆိုပါကလာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်းအမေရိကန်နိုင်ငံသားများစတင်၍ ကာကွယ်ဆေးထိုးနိုင်ဖွယ်ရာရှိသည်။

Pfizer ၏ ကာကွယ်ဆေးသည် အနှုတ် ၉၄ ဒီဂရီဖာရင်ဟိုက်တွင် ထားသိုရန် လိုအပ်ပြီး Moderna ကုမ္ပဏီကမူ ၎င်းတို့၏ ကာကွယ်ဆေးသည် ၃၆ မှ ၄၆ ဒီဂရီဖာရင်ဟိုက်အကြားထားရှိနိုင်ကြောင်းပြောကြားထားသည်။

Moderna ၏ ကာကွယ်ဆေးကိုနေအိမ်များတွင် သုံးစွဲလျက်ရှိကြသောရေခဲသေတ္တာ၏ အအေးချိန်မျှဖြင့် ရက်ပေါင်း ၃၀ ကျော် သက်တမ်းထားရှိနိုင်ကာ အနှုတ် ၄ ဒီဂရီဖာရင်ဟိုက်တွင် ထားရှိမည်ဆိုပါက ၆ လနှင့်အထက် သက်တမ်းခံနိုင်ကြောင်းယင်းကုမ္ပဏီကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: First ‘mass air shipment’ of Pfizer’s Covid vaccine arrives as airlines prepare for more (CNBC)

 [Zawgyi]

Pfizer ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးပထမအသုတ္ အေမရိကန္သို႔ ေလယာဥ္ျဖင့္ အလံုးအရင္းစတင္ေရာက္ရွိ

အေမရိကန္ ျပည္ေထာင္စုေလေၾကာင္းကြပ္ကဲေရးအဖြဲ႔က ၎တို႔သည္ Covid-19 ကာကြယ္ေဆးပထမအသုတ္ ေလယာဥ္ျဖင့္ အလံုးအရင္းတင္ပို႔မႈအတြက္ အကူအညီမ်ားေပးအပ္ခဲ့ေၾကာင္းထုတ္ျပန္လိုက္ျပီးေဆးဝါးကုမၸဏီမ်ားႏွင့္ ေလေၾကာင္းလိုင္းမ်ားမွာလည္းေဆးဝါးျဖန္႔ျဖဴးေရးလုပ္ငန္းမ်ားက်ယ္ျပန္႔စြာလုပ္ေဆာင္ႏိုင္ေရးအတြက္ ကြန္ရက္မ်ား ၾကိဳတင္ျပင္ဆင္လ်က္ရွိသည္။

United Airlines ေလေၾကာင္းလိုင္းသည္ Pfizer ၏ Covid-19ကာကြယ္ေဆးမ်ားကိုဥေရာပသမဂၢ ရံုးစိုက္ရာဘယ္လ္ဂ်ီယမ္ႏိုင္ငံ၊ ဘရပ္ဆဲလ္ျမိဳ႕မွ အေမရိကန္ျပည္ေထာင္စု၊ ခ်ီကာဂိုျမိဳ႕ရွိO’Hare ႏိုင္ငံတကာေလဆိပ္သို႔ သယ္ယူပို႔ေဆာင္ေပးခဲ့ျခင္း ျဖစ္သည္။

လက္ရွိအားျဖင့္ ေဆးဝါးကုမၸဏီမ်ား၊ ေလေၾကာင္းလိုင္းမ်ားႏွင့္ အျခားေသာေထာက္ပံ့ေရးက႑မ်ားကေဆးအသံုးျပဳခြင့္ရသည္ႏွင့္ ျဖန္႔ျဖဴးမႈမ်ားလုပ္ေဆာင္ရန္ ၾကိဳတင္ျပင္ဆင္လ်က္ရွိၾကရာက်ယ္ျပန္႔လွေသာကြန္ရက္ၾကီးတစ္ခုအျဖစ္ ပါဝင္မည္ျဖစ္ျပီးကာကြယ္ေဆးမ်ားကိုထိန္းသိမ္းထားရွိမည့္ အေအးခန္းစနစ္မ်ားလည္းပါဝင္မည္ ျဖစ္သည္။

အေမရိကန္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) ကမူမည္သည့္ COVID-19 ကာကြယ္ေဆးကိုမွ် အတည္ျပဳမေပးေသးေခ်။

Pfizer ႏွင့္ Moderna ကုမၸဏီတို႔ကထုတ္ျပန္ထားရာတြင္ ၎တို႔၏ ကာကြယ္ေဆးမ်ားသည္ Covid-19ေရာဂါကူးစက္မႈကိုကာကြယ္ရာတြင္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ထိေရာက္မႈရွိေၾကာင္းထုတ္ျပန္ထားသည္။

ကာကြယ္ေဆးတင္ပို႔မႈ သတင္းႏွင့္စပ္လ်ဥ္းျပီးPfizerကုမၸဏီကတစံုတရာမွတ္ခ်က္ျပဳျခင္းမရွိေခ်။

Pfizer ၏ ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီးကင္မ္ ဘန္႔ကာကယခင္ကေျပာခဲ့ဖူးသည္မွာမူ FDA ထံမွ အေရးေပၚအသံုးျပဳရန္ ခြင့္ျပဳခ်က္ မရမခ်င္းကာကြယ္ေဆးတင္ပို႔မႈမ်ား ျပဳလုပ္မည္မဟုတ္ေၾကာင္းေျပာၾကားဖူးသည္။

Pfizer က ၎၏ ကာကြယ္ေဆးကိုအေရးေပၚအေျခအေနအျဖစ္အသံုးျပဳခြင့္ရရန္ ႏိုဝင္ဘာ ၂၀ ရက္ကေလွ်ာက္ထားတင္ျပခဲ့သည္။

FDA က လာမည့္ ဒီဇင္ဘာ ၁၀ ရက္တြင္ က်င္းပမည့္ “ကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္ေသာဇီဝထုတ္ကုန္မ်ားအၾကံေပးေကာ္မတီ” အစည္းအေဝးတြင္ ယင္းကိစၥကိုေဆြးေႏြးသြားမည္ ျဖစ္သည္။

Modernaကုမၸဏီကလည္းလာမည့္ တနလၤာေန႔တြင္ အေရးေပၚအေျခအေနသံုးစြဲခြင့္ရရွိေရးေလွ်ာက္ထားရန္ စီစဥ္လ်က္ရွိသည္။

သက္ဆိုင္ရာအၾကီးအကဲမ်ားအေနျဖင့္ ကာကြယ္ေဆးကိုအခ်ိန္ဆြဲျခင္းမရွိဘဲအတည္ျပဳခြင့္ျပဳေပးမည္ဆိုပါကလာမည့္ရက္သတၱပတ္ အနည္းငယ္အတြင္းအေမရိကန္ႏိုင္ငံသားမ်ားစတင္၍ ကာကြယ္ေဆးထိုးႏိုင္ဖြယ္ရာရွိသည္။

Pfizer ၏ ကာကြယ္ေဆးသည္ အႏႈတ္ ၉၄ ဒီဂရီဖာရင္ဟိုက္တြင္ ထားသိုရန္ လိုအပ္ျပီး Moderna ကုမၸဏီကမူ ၎တို႔၏ ကာကြယ္ေဆးသည္ ၃၆ မွ ၄၆ ဒီဂရီဖာရင္ဟိုက္အၾကားထားရွိႏိုင္ေၾကာင္းေျပာၾကားထားသည္။

Moderna ၏ ကာကြယ္ေဆးကိုေနအိမ္မ်ားတြင္ သံုးစြဲလ်က္ရွိၾကေသာေရခဲေသတၱာ၏ အေအးခ်ိန္မွ်ျဖင့္ ရက္ေပါင္း ၃၀ ေက်ာ္ သက္တမ္းထားရွိႏိုင္ကာ အႏႈတ္ ၄ ဒီဂရီဖာရင္ဟိုက္တြင္ ထားရွိမည္ဆိုပါက ၆ လႏွင့္အထက္ သက္တမ္းခံႏိုင္ေၾကာင္းယင္းကုမၸဏီကထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: First ‘mass air shipment’ of Pfizer’s Covid vaccine arrives as airlines prepare for more (CNBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service