ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဆွီဒင်နိုင်ငံတွင် ကလေးတစ်ဦးမွေးဖွားလျှင် မိဘများမှာ ခွင့်ရက်ပေါင်း ၄၈၀ ရသည်။
နီကိုလာ လင်ဂရန်း (Nicola Lindgren) သည် အသက် ၂၀ ကျော်တွင် အလုပ်လုပ်ရန်အတွက် နယူးဇီလန်မှ ဆွီဒင်သို့ ရွှေ့ပြောင်းလာခဲ့သည်။
ခင်ပွန်းဖြစ်လာမည့်သူနှင့် ၂၀၁၅ ခုနှစ်တွင် မဆုံစည်းမီအထိ ဆွီဒင်တွင် အမြဲအခြေချရန်စိတ်ကူး ရေရေရာရာ မရှိခဲ့။
ယင်းနောက် ၎င်းတို့နှစ်ဦး ၂၀၁၉ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။
သားသမီးမွေးဖွားရန်နှင့် အလုပ်-ဘဝ မျှခြေအတွက်ဆိုလျှင် ဆွီဒင်မှာ အလွန်ကောင်းမွန်သည့် အခင်းအကျင်းရှိသည်ဟု နာမည်ကြီးနေသည်ကို လင်ဂရန်းသိထားသည်။
သို့အတွက် ဆွီဒင်တွင် အခြေချကာ ခင်ပွန်းဖြစ်သူ၏ မိသားစုနှင့် နီးနီးနားနားနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ပထမဆုံး ရင်သွေးထွန်းကားလာခဲ့သည်။
((ဆွီဒင်တွင် ကလေးယူသည့်မိဘများ လစာဖြင့်ခွင့်ရက်ပေါင်း ၄၈၀ ရရှိ))
ဆွီဒင်တွင် ကလေးတစ်ဦးမွေးဖွားလျှင် မိဘမှာ ခွင့်ရက်ပေါင်း ၄၈၀ ရရှိသည်။
ခွင့်ရက်များကို မိဘနှစ်ပါးအကြား ညီတူမျှတူ ခွဲဝေခံစားခွင့်ရှိသည်။
မိဘနှစ်ပါးခွင့်ယူမည်ဆိုပါက မိမိ၏ ခွင့်ရက်မှ အခြားသူထံ ရက်ပေါင်း ၁၅၀ လွှဲပြောင်းနိုင်မည်ဖြစ်ပြီး နှစ်ဦးလုံးတပြိုင်တည်း ခွင့်ယူနိုင်သည့်ကာလမှာ ရက်ပေါင်း ၃၀ ဖြစ်သည်။ Single မိဘများမှာမူ တစ်ဦးတည်း ရက်ပေါင်း ၄၈၀ အပြည့်ရသည်။
လင်ဂရန်းသည် ပထမဆုံးသမီးလေး မွေးဖွားချိန်တွင် သားမဖွားမီ ၂ ပတ်အလိုကတည်းက ခွင့်ယူလိုက်သည်။
ယင်းနောက် ခင်ပွန်းဖြစ်သူက လစာဖြင့်ခွင့် ၁၀ ရက် ရယူခဲ့သည်။
ထိုပုံစံမှာ ဆွီဒင်တွင် ပုံမှန်လုပ်ဆောင်လေ့ရှိသည့် အလေ့အထ ဖြစ်သည်။
“ဒီအချက်က တော်တော်လေး အံ့အားသင့်ဖို့ကောင်းပါတယ်။ ကလေးမွေးဖို့ မလွယ်ဘူး….အလုပ်တဖက်နဲ့ အရမ်းပင်ပန်းတယ်….လို့ တခြားသူတွေ ပြောနေကြတာ ကြားဖူးကြပါလိမ့်မယ်”
လင်ဂရန်းသည် ပထမကလေးမွေးဖွားရာတွင် မိဘအုပ်ထိန်းမှုခွင့်ကာလ ၁၀ လ ရယူခဲ့သည်။
((မှတ်ချက်။ ဤနေရာတွင် ရှုပ်ထွေးမှုတစ်ခုရှိနေသည်။ မိဘတစ်ဦးလျှင် ရက်ပေါင်း ၂၄၀ သာခွင့်ပြုသော်လည်း လန်ဂရန်းမှာ ခွင့် ၁၀ လ (ရက်ပေါင်း ၃၀၀ ဝန်းကျင်) ယူခဲ့သည်ဟု ဆိုထားခြင်းဖြစ်သည်။ ဖြစ်တန်ရာချေရှိသည်မှာ အခြားသော ခွင့်အမျိုးအစားများဖြင့် ပေါင်းစပ် ရယူခြင်းဖြစ်နိုင်သည်။ ဆွီဒင်တွင် အပန်းဖြေခွင့်ရက် (Annual leave) အဖြစ် တစ်နှစ်လျှင် ၂၅ ရက် paid leave ပေးကြောင်း သိရသည်။ သတိပြုရမည့်အချက်တစ်ခုမှာ ကလေးမွေးဖွားခြင်းကြောင့် ရရှိသည့် မိဘအုပ်ထိန်းမှု ခွင့်ကာလများကို တဆက်တည်း ရယူခြင်းမဟုတ်ဘဲ နောက်နှစ်များအထိ ကြိုကြားကြိုကြား ဖြန့်ကျက်ရယူခြင်းဖြစ်ရာ အခြားနှစ်မှ annual leave (အပန်းဖြေခွင့်ရက်) များ၊ ကလေးနာမကျန်းခွင့်တို့အပြင် unpaid leave ကို ပေါင်းစပ် ရယူနိုင်ခြင်း ဖြစ်သည်။ ဆွီဒင်တွင် ကလေးတစ်ဦး မွေးဖွားလျှင် ခံစားခွင့်ပေးသည့် ခွင့်ရက် ၂၄၀ (single မိဘဆိုလျှင် ၄၈၀ ရက်) ကို ကလေး ၁၂ နှစ်သားအရွယ် ရောက်သည်အထိ ဖြန့်ကျက် သုံးစွဲခွင့်ပေးထား ကြောင်း iMyanmrHouse.com ၏ လေ့လာချက်အရ သိရသည်))
လန်ဂရန်းသည် ခွင့်ယူခဲ့သော ၁၀ လအနက် အများစုတွင် လစာ၏ ၈၀ ရာခိုင်နှုန်း ရရှိခဲ့သည်။
လင်ဂရန်းနှင့် ခင်ပွန်းဖြစ်သူတို့ နှစ်ဦးလုံး တပြိုင်တည်း ခွင့်ယူခဲ့သည်မှာ ၃ လဖြစ်သည်။ ခင်ပွန်းဖြစ်သူမှာ မိဘအုပ်ထိန်းမှုခွင့်ရက်နှင့် annual leave တို့ပေါင်းစပ်ကာ ခွင့်ယူခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ သဘောကျပါတယ်။ တရေးအိပ်ဖို့၊ အနားယူဖို့ လိုတဲ့အခါ အမျိုးသားက ကလေးထိန်းနေလို့ ရပါတယ်”
“အမျိုးသားကလည်း မိဘအုပ်ထိန်းမှုခွင့်ရက် ကာလရှည်ရတာကြောင့် တစ်ဦးနေရာကနေတစ်ဦး မျှဝေခံစားပေးလို့ ရလာတယ်။” ဟု လင်ဂရန်းက ပြောသည်။
လင်ဂရန်း အလုပ်ခွင်သို့ ပြန်သွားရချိန်တွင် ခင်ပွန်းအနေဖြင့် အိမ်တွင် ကလေးထိန်းကာ ကျန်ရစ်မည်ဖြစ်ရာ ယခင်က ဇနီးဖြစ်သူတစ်ယောက် ကလေးတစ်ယောက်နှင့် မည်သို့ဖြတ်သန်းရသည်ကို ကိုယ်တိုင်တွေ့ကြုံ ခံစားနိုင်မည် ဖြစ်သည်။
လင်ဂရန်း၏ အမျိုးသားသည် ခွင့်ကာလ ၁၀ လ ရယူခဲ့ပြီး ယင်းအနက် ၃ လမှာ ခွင့်ကာလ တစ်ဆက်တည်း ရယူခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယကလေးမွေးဖွားချိန်၌ လင်ဂရန်းက မိဘအုပ်ထိန်းမှုခွင့် ၈ လတာ ထပ်မံရယူခဲ့ပြန်သည်။
ထိုအချိန်တွင် ခင်ပွန်းဖြစ်သူက တပြိုင်တည်းခွင့်ရက် ၁ လတာ ရယူခဲ့ပြီး ယင်းနောက် ဇနီးဖြစ်သူ ခွင့်ကာလ ပြီးဆုံးချိန်တွင် ခင်ပွန်းက ခွင့် ၅ လ ရယူခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A mom in Sweden took 21 months off when her kids were born, and her partner took 15. Sharing parental leave changed their expectations of each other.