ဘရာဇီးတွင် မိမိကိုယ်ကိုအဆုံးစီရင်မှုကြောင့် တရုတ်ထုတ် ကာကွယ်ဆေးစမ်းသပ်မှုရပ်ဆိုင်း

ဘရာဇီးတွင် မိမိကိုယ်ကိုအဆုံးစီရင်မှုကြောင့် တရုတ်ထုတ် ကာကွယ်ဆေးစမ်းသပ်မှုရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
12 Nov 2020 1:35 pm တွင် တင်ခဲ့သည်
939 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရာဇီးနိုင်ငံတွင် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးနောက် ဘရာဇီးကျန်းမာရေးအာဏာပိုင်တို့ကတရုတ်နိုင်ငံထုတ် Sinovacကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှုများကိုရပ်ဆိုင်းလိုက်သည်။

ယခုကဲ့သို့ ရပ်တန့်လိုက်မှုမှာဘရာဇီးသမ္မတဂျားဘိုဆိုနားရို (JairBolsonaro )အတွက်ကားဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဘိုဆိုနားရိုသည် အဆိုပါကာကွယ်ဆေး၏ ယုံကြည်စိတ်ချနိုင်မှုအပေါ် အမြဲဝေဖန်နေခဲ့သူဖြစ်ပြီး ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် Sinovacကာကွယ်ဆေးကိုဝယ်ယူလိမ့်မည်မဟုတ်ကြောင်းပြောကြားထားသူလည်း ဖြစ်သည်။

ဘရာဇီးအမျိုးသားကျန်းမာရေးစောင့်ကြည့်မှု အေဂျင်စီAnvisa က Sinovacကာကွယ်ဆေးစမ်းသပ်မှုကိုတနင်္လာနေ့တွင် ရပ်ဆိုင်းလိုက်ပြီးအဆုံးစီရင်မှုဖြစ်ရပ်မှာအောက်တိုဘာလ ၂၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။

ဆောင်းပေါလို (Sao Paulo) ၏ ပြည်နယ်အစိုးရကထုတ်ပြန်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးစမ်းသပ်ခံသူသေဆုံးသွားခြင်းမှာမိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်သည်ဟုစုံစမ်းသိရှိရကြောင်းထုတ်ပြန်သည်။

အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်းပြီးရဲတပ်ဖွဲ့၏ အစီရင်ခံစာကိုရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည်။

ယခုကဲ့သို့ ကာကွယ်ဆေးစမ်းသပ်မှု ရပ်ဆိုင်းသွားခြင်းမှာသမ္မတဘိုဆိုနားရိုနှင့် ဆောင်းပေါလိုအုပ်ချုပ်ရေးမှူး ရှဝါးဒိုးရီယာ (Joao Doria )တို့အကြားတင်းမာမှုများပိုမိုကြီးထွားလာစေရန် မီးမွှေးပေးလိုက်သကဲ့သို့ ရှိသည်။

ရှဝါးဒိုးရီယာကတရုတ်ကာကွယ်ဆေးအပေါ်တွင် သူ့အတွက်နိုင်ငံရေးမျှော်မှန်းချက်များရှိနေပြီး ပြည်ထောင်စုအစိုးရ၏ ကူညီအားပေးမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေသူ၏ ပြည်နယ်တွင် လာမည့် ဇန်နဝါရီလအစောဆုံးထားကာကာကွယ်ဆေးဖြန့်ဖြူးပေးနိုင်ရန် ရည်မှန်းထားသူ ဖြစ်သည်။

Anvisa က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်မှာကာကွယ်ဆေးစမ်းသပ်မှု ရပ်ဆိုင်းသွားမည်ဖြစ်ပြီးရပ်ဆိုင်းထားမှု မည်မျှကြာမည်ကိုမပြောနိုင်ကြောင်း၊ အဆုံးစီရင်မှုဖြစ်ရပ်နှင့် စပ်လျဉ်းပြီးအချက်အလက်များစွာသိရှိနိုင်ရန် လိုနေသေးကြောင်းထုတ်ပြန်သည်။

ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံရေးအရဖြစ်သည်ဟူသောပြောဆိုနေမှုများကိုAnvisa က ပယ်ချလိုက်ပြီးယခုဆုံးဖြတ်ချက်မှာနည်းစနစ်ပိုင်းသက်သက်မျှသာဖြစ်ကြောင်းAnvisa က ထုတ်ပြန်သည်။

ကာကွယ်ဆေးစမ်းသပ်မှု ပြုလုပ်ရန် ကမကထပြုခဲ့သူများကAnvisa ၏ ဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပြီး ၎င်းတို့ကို ကြိုတင်အသိမပေးခဲ့ ကြောင်း၊ စမ်းသပ်မှုများရပ်ဆိုင်းရန် မည်သည့်အကြောင်းရင်းမျှ မရှိကြောင်းဝေဖန်သည်။

ကာကွယ်ဆေးစမ်းသပ်ခံသူသေဆုံးသွားသည်ဆိုသော်လည်းသေဆုံးမှုမှာကာကွယ်ဆေးနှင့် မဆိုင်ကြောင်းဆောင်းပေါလိုပြည်နယ် ၏ ကျန်းမာရေးဝန်ကြီးဂျီးန် ဂိုးရန့်ချ်ထိုင်း (Jean Gorinchteyn) က အင်္ဂါနေ့က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Sinovacကာကွယ်ဆေးစမ်းသပ်မှုများ ပြုလုပ်နေသောဆောင်းပေါလိုမှ ဆေးသုတေသနအင်စတီကျု Butantan ၏ အကြီးအကဲဒီးမက်စ် ကိုဗက်စ် (Dimas Covas ) က ပြောသည်မှာSinovacကာကွယ်ဆေးတွင် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများမရှိကြောင်းပြောကြားသည်။

Anvisa က ထုတ်ပြန်သည်မှာButantanထံမှ ရရှိလာသည့် ကနဦးအချက်အလက်များတွင် ကာကွယ်ဆေးစမ်းသပ်ခံလူနာသေဆုံးရခြင်းမှာမိမိကိုယ်မိမိအဆုံးစီရင်ခြင်းဖြစ်သည်ဟုအတိအကျဖော်ပြခဲ့ခြင်းမရှိကြောင်းထုတ်ပြန်သည်။

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုကိုဆိုင်းငံ့ထားဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူး” ဟုAnvisa ၏ အကြီးအကဲအန်တိုနီယိုဘာရာတောရက်စ်ကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Suicide, not 'adverse effects,' halted Brazil's Sinovac trial (Nikkei Asian Review)

 

[Zawgyi]

ဘရာဇီးတြင္ မိမိကိုယ္ကိုအဆံုးစီရင္မႈေၾကာင့္ တရုတ္ထုတ္ ကာကြယ္ေဆးစမ္းသပ္မႈရပ္ဆိုင္း

ဘရာဇီးႏိုင္ငံတြင္ မိမိကိုယ္ကိုအဆံုးစီရင္မႈျဖစ္ရပ္တစ္ခု ျဖစ္ပြားျပီးေနာက္ ဘရာဇီးက်န္းမာေရးအာဏာပိုင္တို႔ကတရုတ္ႏိုင္ငံထုတ္ Sinovacကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးစမ္းသပ္မႈမ်ားကိုရပ္ဆိုင္းလိုက္သည္။

ယခုကဲ့သို႔ ရပ္တန္႔လိုက္မႈမွာဘရာဇီးသမၼတဂ်ားဘိုဆိုနားရို (JairBolsonaro )အတြက္ကားဝမ္းေျမာက္ဖြယ္ျဖစ္သည္။ ဘိုဆိုနားရိုသည္ အဆိုပါကာကြယ္ေဆး၏ ယုံၾကည္စိတ္ခ်ႏိုင္မႈအေပၚ အျမဲေဝဖန္ေနခဲ့သူျဖစ္ျပီး ၎တို႔အစိုးရအဖြဲ႔အေနျဖင့္ Sinovacကာကြယ္ေဆးကိုဝယ္ယူလိမ့္မည္မဟုတ္ေၾကာင္းေျပာၾကားထားသူလည္း ျဖစ္သည္။

ဘရာဇီးအမ်ဳိးသားက်န္းမာေရးေစာင့္ၾကည့္မႈ ေအဂ်င္စီAnvisa က Sinovacကာကြယ္ေဆးစမ္းသပ္မႈကိုတနလၤာေန႔တြင္ ရပ္ဆိုင္းလိုက္ျပီးအဆံုးစီရင္မႈျဖစ္ရပ္မွာေအာက္တိုဘာလ ၂၉ ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းထုတ္ျပန္သည္။

ေဆာင္းေပါလို (Sao Paulo) ၏ ျပည္နယ္အစိုးရကထုတ္ျပန္ရာတြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးစမ္းသပ္ခံသူေသဆံုးသြားျခင္းမွာမိမိကိုယ္ကိုယ္ အဆံုးစီရင္သြားျခင္းျဖစ္သည္ဟုစံုစမ္းသိရွိရေၾကာင္းထုတ္ျပန္သည္။

အဆိုပါျဖစ္ရပ္ႏွင့္ စပ္လ်ဥ္းျပီးရဲတပ္ဖြဲ႔၏ အစီရင္ခံစာကိုရိုက္တာသတင္းဌာနက ၾကည့္ရႈခြင့္ရခဲ့သည္။

ယခုကဲ့သို႔ ကာကြယ္ေဆးစမ္းသပ္မႈ ရပ္ဆိုင္းသြားျခင္းမွာသမၼတဘိုဆိုနားရိုႏွင့္ ေဆာင္းေပါလိုအုပ္ခ်ဳပ္ေရးမွဴး ရွဝါးဒိုးရီယာ (Joao Doria )တို႔အၾကားတင္းမာမႈမ်ားပိုမိုၾကီးထြားလာေစရန္ မီးေမႊးေပးလိုက္သကဲ့သို႔ ရွိသည္။

ရွဝါးဒိုးရီယာကတရုတ္ကာကြယ္ေဆးအေပၚတြင္ သူ႔အတြက္ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္မ်ားရွိေနျပီး ျပည္ေထာင္စုအစိုးရ၏ ကူညီအားေပးမႈ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစသူ၏ ျပည္နယ္တြင္ လာမည့္ ဇန္နဝါရီလအေစာဆံုးထားကာကာကြယ္ေဆးျဖန္႔ျဖဴးေပးႏိုင္ရန္ ရည္မွန္းထားသူ ျဖစ္သည္။

Anvisa က အဂၤါေန႔တြင္ ထုတ္ျပန္ခဲ့သည္မွာကာကြယ္ေဆးစမ္းသပ္မႈ ရပ္ဆိုင္းသြားမည္ျဖစ္ျပီးရပ္ဆိုင္းထားမႈ မည္မွ်ၾကာမည္ကိုမေျပာႏိုင္ေၾကာင္း၊ အဆံုးစီရင္မႈျဖစ္ရပ္ႏွင့္ စပ္လ်ဥ္းျပီးအခ်က္အလက္မ်ားစြာသိရွိႏိုင္ရန္ လိုေနေသးေၾကာင္းထုတ္ျပန္သည္။

ယခုကဲ့သို႔ ရပ္ဆိုင္းလိုက္ျခင္းသည္ ႏိုင္ငံေရးအရျဖစ္သည္ဟူေသာေျပာဆိုေနမႈမ်ားကိုAnvisa က ပယ္ခ်လိုက္ျပီးယခုဆံုးျဖတ္ခ်က္မွာနည္းစနစ္ပိုင္းသက္သက္မွ်သာျဖစ္ေၾကာင္းAnvisa က ထုတ္ျပန္သည္။

ကာကြယ္ေဆးစမ္းသပ္မႈ ျပဳလုပ္ရန္ ကမကထျပဳခဲ့သူမ်ားကAnvisa ၏ ဆံုးျဖတ္ခ်က္ကိုေဝဖန္ခဲ့ျပီး ၎တို႔ကို ၾကိဳတင္အသိမေပးခဲ့ ေၾကာင္း၊ စမ္းသပ္မႈမ်ားရပ္ဆိုင္းရန္ မည္သည့္အေၾကာင္းရင္းမွ် မရွိေၾကာင္းေဝဖန္သည္။

ကာကြယ္ေဆးစမ္းသပ္ခံသူေသဆံုးသြားသည္ဆိုေသာ္လည္းေသဆံုးမႈမွာကာကြယ္ေဆးႏွင့္ မဆိုင္ေၾကာင္းေဆာင္းေပါလိုျပည္နယ္ ၏ က်န္းမာေရးဝန္ၾကီးဂ်ီးန္ ဂိုးရန္႔ခ်္ထိုင္း (Jean Gorinchteyn) က အဂၤါေန႔က ျပဳလုပ္ေသာသတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

Sinovacကာကြယ္ေဆးစမ္းသပ္မႈမ်ား ျပဳလုပ္ေနေသာေဆာင္းေပါလိုမွ ေဆးသုေတသနအင္စတီက်ဳ Butantan ၏ အၾကီးအကဲဒီးမက္စ္ ကိုဗက္စ္ (Dimas Covas ) က ေျပာသည္မွာSinovacကာကြယ္ေဆးတြင္ ျပင္းထန္ေသာေဘးထြက္ဆိုးက်ဳိးမ်ားမရွိေၾကာင္းေျပာၾကားသည္။

Anvisa က ထုတ္ျပန္သည္မွာButantanထံမွ ရရွိလာသည့္ ကနဦးအခ်က္အလက္မ်ားတြင္ ကာကြယ္ေဆးစမ္းသပ္ခံလူနာေသဆံုးရျခင္းမွာမိမိကိုယ္မိမိအဆံုးစီရင္ျခင္းျဖစ္သည္ဟုအတိအက်ေဖာ္ျပခဲ့ျခင္းမရွိေၾကာင္းထုတ္ျပန္သည္။

“ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ ကာကြယ္ေဆးစမ္းသပ္မႈကိုဆိုင္းငံ့ထားဖို႔ကလြဲျပီးတျခားေရြးခ်ယ္စရာမရွိခဲ့ပါဘူး” ဟုAnvisa ၏ အၾကီးအကဲအန္တိုနီယိုဘာရာေတာရက္စ္ကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Suicide, not 'adverse effects,' halted Brazil's Sinovac trial (Nikkei Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service