လန်ဒန်တွင် အာရပ်စော်ဘွာများ ပြည်ထောင်စု သမ္မတပိုင်ဆိုင်ထားသော ပေါင် ၅ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ခြံမြေများ
လန်ဒန်တွင် အာရပ်စော်ဘွာများ ပြည်ထောင်စု သမ္မတပိုင်ဆိုင်ထားသော ပေါင် ၅ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ခြံမြေများ - Property News in Myanmar from iMyanmarHouse.com
21 Oct 2020 1:36 pm တွင် တင်ခဲ့သည်
1301 ကြိမ် ကြည့်ရှု့ပြီး
[Unicode] အာရပ်စော်ဘွာများ ပြည်ထောင်စု၏ သမ္မတ ရှိတ်ခ် ခါလီဖာ (Sheikh Khalifa ) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် ပေါင် ၅ ဘီလီယံကျော်တန်ဖိုးရှိသော အိမ်ခြံမြေပေါင်း ၁၇၀ ကျော်လျှိဝှက်ပိုင်ဆိုင်ထားကြောင်း ပေါ်ပေါက်လာသည်။
လန်ဒန်မြို့ သိမ်မြစ်ကမ်းနံဘေး Richmond မှ ဆိတ်ငြိမ်သော တစ်ဖက်ပိတ်လမ်းကလေးအတွင်းရှိ ၁၉၆၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော လူနေအိမ်တန်းများ ၊ ဆင်ခြေဖုံးဒေသမှ လူနေအိမ်များ Damien Hirst ရေသူမရုပ်ထုများနှင့် ပင်လယ်စာ စားသောက်ဆိုင်ဖြစ်သော Sexy Fish စားသောက်ဆိုင်၊ ကမာ္ဘအချမ်းသာဆုံးနိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတ ရှိတ်ခ် ခါလီဖာ ဘင် ဇာယစ် အယ်လ် နာယန် (အဘူဒါဘီစော်ဘွားလည်းဖြစ်သည်)
လျှိဝှက်စွာ ပိုင်ဆိုင်ထားသော ပေါင် ၅ ဒသမ ၅ ဘီလီယံဖိုးရှိ အိမ်ခြံမြေပိုင်ဆိုင်ထားမှုမှ အချို့ဖြစ်သည်။ ယင်းအိမ်ခြံမြေတို့ကို ရှိတ်ခ် ခါလီဖာ ပိုင်ဆိုင်ထားခြင်းမှာ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ခြင်းဖြစ်ကြောင်း ခါလီဖာ၏ စီးပွားရေးလုပ်ဆောင်မှုများအကြောင်းသိရှိထားသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။
ယခုပေါက်ကြားလာသော စာရွက်စာတမ်းများ၊ တရားရုံးအချက်အလက်များနှင့် အများပြည်သူသိန်ိုင်သော အချက်အလက်များကို စမ်းစစ်မှု့တို့အရ ရှိတ်ခ်ခါလီဖာသည် လန်ဒန်မြို့၏ အိမ်ခြံမြေမျာစွာကို ပိုင်ဆိုင်ထားသည့် အဓိကအိမ်ရှင်၊ မြေရှင်ကြီးတစ်ဦးဖြစ်နေသည်ကို ဖော်ထုတ် သိရှိလာခြင်းဖြစ်သည်။
လန်ဒန်တွင် ခါလီဖာ ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများသည် အသက် ၂၉ နှစ် အရွယ်ရှိ မင်းမျိုးမင်းနွယ်ဖြစ်သော ဝက်စ်မင်စတားမြို့၏ ပိုင်ဆိုင်မထက်ပင် များပြားဟန်ရသည်။ ခါလီဖာပိင်ဆိုင်ထားသော အိမ်ခြံမြေများသည် လန်ဒန်မြို့၏ ဈေးအကြီးဆုံးရပ်ကွက်များတွင် တည်ရှိပြီး ကူသန်းရောင်းဝယ်ရေးနှင့် လူနေ ၂ မျိုးလုံး ဖြစ်သည်။
ဇိမ်ခံလူနေရပ်ကွက်များရှိ သူပိုင်ဆိုင်ထားသော လူနေခန်းများ၏ တန်ကြေးမှာ ဈေးကွက်တွင် အနည်းဆုံး ပေါင် သန်း ၂၀ ခန့် ဈေးပေါက်သည်။
(ခါလီဖာ၏ အိမ်ခြံမြေများ အနက် အချို့)
(၁) Time Life အဆောက်အအုံ၊ New Bond လမ်း။ တည်နေရာ -မေဖဲယားရပ်ကွက်။ ဝယ်ယူခဲ့သည် ခုနှစ်- 2005
(၂) Berkeley Square House ၊ တည်နေရာ -ဖေဖဲယား ရပ်ကွက်။ ဝယ်ယူခဲ့သည့် ခုနှစ် - 2003
(၃) One Kensington Gardens အဆောက်အအုံ။ တည်နေရာ- ကန်ဆင်တန်အရပ်။ ဝယ်ယူခဲ့သည့် ခုနှစ် - 2008
(၄)3 Hans Cressent ၊ တည်နေရာ -နိုက်ဘရပ်စ်အရပ်။ ဝယ်ယူခဲ့သည့် ခုနှစ် - 2018
(၅) 16 Berkeley Square ၊ တည်နေရာ-မေဖဲယားရပ်ကွက်။ ဝယ်ယူခဲ့သည့်ခုနှစ် - 2001
(၆) Tilney House ၊ တည်နေရာ- မေဖဲယားရပ်ကွက်၊ ဝယ်ယူခဲ့သည့် ခုနှစ် - 1997
(၇) 50 Berkeley Street ရုံးခန်းအဆောက်အအုံ။ တည်နေရာ- ကန်ဆင်တန်အရပ်။ ဝယ်ယူခဲ့သည့် ခုနှစ်- 2002
(၈) Ham Ridings လုံးချင်းအိမ် ၄လုံး။ တည်နေရာ- ရစ်ချ်မွန်အရပ်။ ဝယ်ယူခဲ့သည့် ခုနှစ် - 2002 မှ 2006 ပေါ်ပေါက်လာသော စာရွက်စာတမ်းများအရ လူ ၁၀၀ ခန့်အထိကို ပြန်လည်အငှါးချထားသည် အိမ်ခြံမြေအင်ပါယာကြီးကို လန်ဒန်တွင် တိတ်တဆိတ် ဝယ်ယူနိုင်ခဲ့ခြင်းမှာ လန်ဒန်ရှိ ထိပ်တန်း ဥပဒေ အကျိုးဆောင် အဖွဲ့အစည်းများမှ တဆင့် အမည်ခံ ကုမ္ပဏီများရှုပ်ထွေးစွာ ဖွဲ့စည်းကာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ရှိတ်ခ် ခါလီဖာ၏ လန်ဒန်မှ အိမ်ခြံမြေများအကြောင်း ပထမဆုံး စတင်ပေါ်ပေါက်ခဲ့ဖူးသည်မှာ ၂၀၁၆ ခုနှစ်အတွင်း ပနားမား စာရွက်စာတမ်းများ ထွက်ပေါ်လာခဲ့ချိန်က ဖြစ်သည်။
ရှိတ်ခ် ခါလီဖာသည် လန်ဒန်တွင်ပေါင် ၁ ဒသမ ၂ ဘီလီယံ တန်ကြေးရှိသော အိမ်ခြံမြေများ ဝယ်ယူပိုင်ဆိုင်ထားကြောင်း ထိုစဉ်က ပေါ်ပေါက်ခဲ့ဖူးသည်။ ယခုအခါတွင်မူ The Guardian သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သော စာရွက်စာတမ်းများအရ ယနေ့ကာလ ခါလီဖာ၏ ပိုင်ဆိုင်မှုမှာ 2016 ကထက် ၅ ဆနီးပါးရှိနေပြီဖြစ်သည်။
တရားရုံးမှတ်တမ်းများအရ ရှိတ်ခ်ခါလိဖာ သည် ၂၀၁၅ ခုနှစ် တစ်နှစ်တည်းတွင် ပင်လျှင် အိမ်ခြံမြေ ၅ ခုကို ပေါင် ၁ ဘီလီယံသုံးစွဲကာ ဝယ်ယူခဲ့သည်ဟု ဆိုသည်။ ယနေ့ကာလတွင် ရှိတ်ခ်ခါလီဖာ၏ လန်ဒန်ရှိ အိမ်ခြံမြေများ စုစုပေါင် တန်ဖိုးမှာ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ခန့်ရှိပြီး ပြန်လည်အငှါးချထားမှုမှာ နှစ်စဉ်ဝင်ငွေ ပေါင်သန်း ၁၆၀ ခန့်အထိ ရရှိလျက်ရှိသည်။
လန်ဒန်ပြေယာဌာန မှတ်တမ်းများအရ လန်ဒန်တွင် ခါလီဖာ ပိုင်ဆိုင်ထားသည့် ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအိမ်ခြံမြေများမှာ ၁၇၀ ခန့်ရှိပြီး ရစ်ချ်မွန်ပန်ခြံအနီးရှိ တသီးတခြား ရပ်တည်နေသော စံအိမ်ကြီးတစ်လုံးမှ သည် လန်ဒန်မြို့လယ်ရှိ ထိပ်တန်း ရုံးခန်း အဆောက်အအုံပေါင်း များစွာအထိပါဝင်ကာ ရင်းနှီးမြှုပ်နှံမှုဘဏ်များနှင့် အခြားသောကုမ္ပဏီများအား အငှါးချထားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sheikh Khalifa’s £5bn London property empireDocuments reveal UAE president owns multibillion- (The Guardian)
[Zawgyi]
လန်ဒန်မြို့ သိမ်မြစ်ကမ်းနံဘေး Richmond မှ ဆိတ်ငြိမ်သော တစ်ဖက်ပိတ်လမ်းကလေးအတွင်းရှိ ၁၉၆၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော လူနေအိမ်တန်းများ ၊ ဆင်ခြေဖုံးဒေသမှ လူနေအိမ်များ Damien Hirst ရေသူမရုပ်ထုများနှင့် ပင်လယ်စာ စားသောက်ဆိုင်ဖြစ်သော Sexy Fish စားသောက်ဆိုင်၊ ကမ္ဘာအချမ်းသာဆုံးနိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတ ရှိတ်ခ် ခါလီဖာ ဘင် ဇာယစ် အယ်လ် နာယန် (အဘူဒါဘီစော်ဘွားလည်းဖြစ်သည်)
ယခုပေါက်ကြားလာသော စာရွက်စာတမ်းများ၊ တရားရုံးအချက်အလက်များနှင့် အများပြည်သူသိနိုင်သော အချက်အလက်များကို စမ်းစစ်မှု့တို့အရ ရှိတ်ခ်ခါလီဖာသည် လန်ဒန်မြို့၏ အိမ်ခြံမြေမျာစွာကို ပိုင်ဆိုင်ထားသည့် အဓိကအိမ်ရှင်၊ မြေရှင်ကြီးတစ်ဦးဖြစ်နေသည်ကို ဖော်ထုတ် သိရှိလာခြင်းဖြစ်သည်။
လန်ဒန်ပြေယာဌာန မှတ်တမ်းများအရ လန်ဒန်တွင် ခါလီဖာ ပိုင်ဆိုင်ထားသည့် ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအိမ်ခြံမြေများမှာ ၁၇၀ ခန့်ရှိပြီး ရစ်ခ်ျမွန်ပန်ခြံအနီးရှိ တသီးတခြား ရပ်တည်နေသော စံအိမ်ကြီးတစ်လုံးမှ သည် လန်ဒန်မြို့လယ်ရှိ ထိပ်တန်း ရုံးခန်း အဆောက်အအုံပေါင်း များစွာအထိပါဝင်ကာ ရင်းနှီးမြှုပ်နှံမှုဘဏ်များနှင့် အခြားသောကုမ္ပဏီများအား အငှါးချထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Shwe Wutt Hmone
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service