ယခု၂၀၁၆ခုနှစ်မှာ တည်ဆောက်ပြီးစီးမယ့် ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်(၁၀)ခုကို ရုပ်ပုံများနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ယင်းအနက် (၆)ခုက တရုတ်က ဖြစ်ပြီး နှစ်ခုက ဒူဘိုင်းက ဖြစ်ကာ ကျန်နှစ်ခုက ဆိုးလ်နဲ့မော်စကိုမြို့တော်တို့က ဖြစ်တာကို တွေ့ရပါတယ်။
၁။ Ping An Finance Centre (Shenzhen မြို့, တရုတ်)
အမြင့်- ၅၉၉ မီတာ
အမေရိကန်ဒီဇိုင်းလုပ်ငန်း Kohn Pedersen Fox ရဲ့ တာဝါတစ်ခုဖြစ်တဲ့ ဒီအမေရိကန်ဒေါ်လာ ၆၇၈ သန်းတန် မိုးမျှော်တိုက်ဟာ သတ်မှတ်ထားတဲ့အတိုင်း ယခုနှစ်နှောင်းပိုင်းမှာ တည်ဆောက်ပြီးစီးပါက ကမ္ဘာ့စတုတ္ထအမြင့်ဆုံး အဆောက်အအုံဖြစ်လာမှာပါ။
၂။ Goldin Finance 117 (Tianjin မြို့, တရုတ်)
အမြင့်- ၅၉၇ မီတာ
China 117 Tower လို့လည်း လူသိများကြတဲ့ ဒီအဆောက်အအုံဟာ အောက်ထပ်တွေကို ရုံးခန်းတွေ အခြေစိုက်နိုင်အောင် ဒီဇိုင်းဆွဲထားပြီး အပေါ်ထပ်တွေကို ဟိုတယ်ဖွင့်လို့ ရအောင် စီစဉ်ထားပါတယ်။ တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ သန်း ၈၂၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
၃။ Lotte World Tower (ဆိုးလ်မြို့, တောင်ကိုရီးယား)
အမြင့်- ၅၅၅ မီတာ
Kohn Pedersen Fox ရဲ့ နောက်ထပ်ဒီဇိုင်းတစ်ခုဖြစ်ပြီး ဒီတာဝါမှာ ဈေးဆိုင်တွေ၊ ရုံးခန်းတွေနဲ့ ကြယ်ခုနှစ်ပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ခေါင်းမိုးထိပ်မှာတော့ rooftop café ဆိုင်တစ်ဆိုင်လည်း ပါဝင်မယ်လို့ သိရပါတယ်။
၎။ CTF Finance Centre (ကွမ်ကျိုး, တရုတ်)
အမြင့်- ၅၃၀ မီတာ
ဒီမိုးမျှော်တိုက်မှာ ရုံးခန်းတွေ၊ ဟောပြောပွဲကျင်းပရာ centre ၊ ဈေးဝယ်စင်တာနဲ့ ရှုခင်းကြည့်စင်တာတို့ ပါဝင်ပါမယ်။ Kohn Pedersen Fox ရဲ့ ဒီဇိုင်းတစ်ခုပဲ ဖြစ်ပြီး Pearl မြစ်ကြီးတစ်ခုလုံးကို အပေါ်စီးကနေ မြင်နိုင်မှာပါ။ တစ်နာရီကို ၄၅ မိုင်နှုန်းနဲ့ ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကားတွေကို တပ်ဆင်မှာလို့လည်း သိရပါတယ်။
၅။ Wuhan Centre (Wuhan မြို့၊ တရုတ်)
အမြင့်- ၄၃၈ မီတာ
ECADI အဖွဲ့က ဗိသုကာပညာရှင်တွေရဲ့ ပြောကြားချက်အရ ဒီနံရံကွေးတွေဟာ သင်္ဘောရွက်တွေကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ ဒီတာဝါမှာ လက်လီဈေးဆိုင်တွေ၊ လူနေတိုက်ခန်းတွေ၊ ရုံးခန်းတွေနဲ့ ဟိုတယ်တစ်လုံးတို့ ပါဝင်ပါမယ်။
၆။ Marina 101 (ဒူဘိုင်း)
အမြင့်- ၄၂၆ ဒသမ ၅ မီတာ
ဒီစီမံကိန်းနှောင့်နှေးနေတဲ့ Marina 101 ဟာ Burj Khalifa ပြီးရင် ယူအေအီးမှာ ဒုတိယအမြင့်ဆုံးအဆောက်အအုံဖြစ်ဖို့ မျှော်မှန်းထားတာပါ။ ၁၀၁ ထပ်လုံးမှာ နာမည်ကျော် Hard Rock ဟိုတယ်တစ်လုံး၊ အပန်းဖြေအခန်းတွေနဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ထည့်သွင်းမှာပါ။
၇။ Eton Place Dalian Tower 1 (Dalianမြို့၊ တရုတ်)
အမြင့်- ၃၈၁ မီတာ
NBBJ ဒီဇိုင်းကုမ္ပဏီက ဒီဇိုင်းဆွဲပြီး သတ်မှတ်ထားတာထက် လေးနှစ်နောက်ကျပြီးယခုနှစ်ထဲမှ တည်ဆောက်ပြီးစီးမှာပါ။ ဒီမိုးမျှော်တိုက်ကိုS upertower One လို့လည်း လူသိများပါသတဲ့။
၈။ Vostok Tower (မော်စကို၊ ရုရှား)
အမြင့်- ၃၇၃ မီတာ
မော်စကိုစီးတီးစီးပွားရေးခရိုင်မှာရှိတဲ့ ဒီတာဝါဟာ တည်ဆောက်ပြီးစီးပါက ဥရောပရဲ့ အမြင့်ဆုံးအဆောက်အအုံ ဖြစ်လာမှာပါ။
၉။ Dalian International Trade Centre (Dalianမြို့ ၊ တရုတ်)
အမြင့်- ၃၇၀ မီတာ
ဒေသတွင်းကုမ္ပဏီ Dalian ဗိသုကာဒီဇိုင်းနှင့်သုတေသနလုပ်ငန်းရဲ့ ဒီဇိုင်းဖြစ်ပြီး လူနေတိုက်ခန်းတွေရော ရုံးခန်းတွေပါ ပါဝင်မှာပါ။
၁၀။ The Address The BLVD (ဒူဘိုင်း)
အမြင့်- ၃၇၀ မီတာ
ဒီကြယ်ငါးပွင့်ဟိုတယ်မှာ ဟိုတယ်ခန်း ၂၀၀ နဲ့ residence လူနေအိမ်ခန်း ၅၂၃ ခန်း ပါဝင်မယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)