ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြင်သစ်နိုင်ငံ၊ Cannes မြို့တွင် Ma Femme Sests Une Cochonne (My wife is a sow. ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ။) ဟု အမည်ပေးထားသော delicatessen ဆိုင်တစ်ဆိုင်မှာ လူပြောများ သတင်းကြီး နေသည်။ (မှတ်ချက်။ delicatessen shop ဟူသည်မှာ ချက်ပြုတ်စီမံထားပြီးဖြစ်သော အေးခဲထားသည့် အသားလွှာများနှင့် ဆင်းဒဝစ်ချ်များ ရောင်းချပေးသည့် ဆိုင်မျိုးဖြစ်သည်။) အင်္ဂလိပ်ဘာသာအားဖြင့် ဆိုင်နာမည်မှာ My wife is a sow. ဟု ဖြစ်သည်။ Sow ဟူသော အင်္ဂလိပ်စာလုံးမှာ ဝက်မတစ်ကောင်ကို ဆိုလိုခြင်းဖြစ်သော်လည်း အမျိုးသမီးတစ်ဦးကို ရည်ညွှန်းလျှင် မကောင်းသော အနက်အဓိပ္ပာယ်မျိုးရှိပြီး လူတကာနှင့် လိင်ဆက်ဆံတတ်သည့် ဝါသနာရှိသော အမျိုးသမီးဟုလည်း အဓိပ္ပာယ်ထွက်သည်။ အဆိုပါဆိုင်ကို ယခုနှစ် ဇန်နဝါရီ လလယ်ပိုင်းတွင် အစားအသောက် ဝါသနာအိုး ၂ ဦးက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆိုင်တွင် ချက်ပြုတ်ထားပြီးဖြစ်သည့် အေးခဲထားသော အသားလွှာများ၊ အရက်သေစာများ အပါအဝင် ထူးကဲသော စားသောက်ဖွယ်ရာများ ရောင်းချပေးသည်။ My wife is a sow. ဟူသော အမည်မှာ ထိုးနှက်တိုက်ခိုက်သည့် အဓိပ္ပာယ်မျိုးထွက်သော်လည်း ဆိုင်တည်ထောင်သူ အမျိုးသား ၂ ဦးက အခိုင်အမာပြောသည်မှာမူ မိမိတို့၏ အိမ်ထောင်ဘက်များနှင့် မည်သည့်ပြဿနာမှ မရှိကြောင်း ပြောသည်။ ယခုအမည်ကို အပျော်သဘောဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ နှစ်ဦးက ပြောသည်။ လူစိတ်ဝင်စားစေရန် ယခုအမည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cannes Shop Faces Criticism Over “My Wife Is a Sow” Branding