မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
10 Nov 2022 11:23 am တွင် တင်ခဲ့သည်
3198 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ဘီလျံနာ Jean Todt နှင့် မီရှဲယိုတို့ ဇနီးမောင်နှံကို ဂျီနီဗာရှိ နေအိမ်မှ ဧည့်ခန်းအတွင်း တွေ့ရပုံ)
မကြာသေးမီက မီရှဲယိုကို သတင်းမီဒီယာတို့က တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့ရာတွင် သူနေထိုင်ရာ စံအိမ်အကြောင်းကိုလည်း ပရိသတ်များထံ ဖွင့်ဟချပြခဲ့သည်။
မီရှဲယို၏ စံအိမ်အပေါ် သူ၏ပရိသတ်တို့က များစွာစိတ်ဝင်စားခဲ့ကြသည်။
ရုပ်ရှင်နတ်ဖုရားမ၏ တကိုယ်ရည် နေထိုင်မှုဘဝ မည်သို့ရှိပါသနည်း။
မီရှဲယိုသည် ချမ်းသာကြွယ်ဝသော ခင်ပွန်းနှင့် လက်ထပ်ပြီးနောက်ပိုင်း ထင်ထင်ပေါ်ပေါ် နေထိုင်ခြင်းမရှိရာ သူ၏ တကိုယ်ရည်နေထိုင်မှုဘဝနှင့် စံအိမ်တို့အကြောင်းကို ပရိသတ်များ မသိခဲ့ကြရ။ မီရှဲယိုတို့ ဇနီးမောင်နှံနေထိုင်သည့်စံအိမ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် တည်ရှိသည်။
အဆောက်အအုံတစ်ခုလုံးမှာ အလွန်အနုပညာဆန်ပြီး အတွင်းပိုင်း မွမ်းမံမှုမှာ Luxurious ဆန်သည်။
အတွင်းပိုင်း မွမ်းမံမှုမှာ ဂန္ထဝင်နှင့် ခေတ်မီဟန်များ ပေါင်းစပ်ထားသည်။
အဆင့်မြင့်နည်းပညာသုံး မီးဖိုဆောင်မှာ များစွာကျယ်ဝန်းသည်။ စံအိမ်အတွင်း မီရှဲယို၏ ဓာတ်ပုံကြီးတစ်ခု ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။ ခင်ပွန်းဖြစ်သူ Jean Todt က မီရှဲယိုအတွက် ပြုလုပ်ပေးထားခြင်း ဖြစ်နိုင်သည်။
ထို့အပြင် ခင်ပွန်းဖြစ်သူ Jean Todt ၏ ဓာတ်ပုံတစ်ခုလည်း ရှိသည်။
ဟောလိဝုဒ်တွင် မီရှဲယိုနှင့် ယှဉ်နိုင်မည့် တရုတ်ရုပ်ရှင်မင်းသမီး အနည်းငယ်သာရှိသည်။
မီရှဲယိုသည် ၁၉၉၀ ပြည့်လွန်ကာလများတွင် ဟောင်ကောင်ရုပ်ရှင်လောကသို့ ရောက်ရှိကာ ကျော်ကြားခဲ့ပြီး Crouching Tiger, Hidden Dragon နှင့် ဂျိမ်းစ်ဘွန်းရုပ်ရှင်Tomorrow Never Dies တို့ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့သည်။
မီရှဲယို၏ ခင်ပွန်း Todt သည် Ferrari ပြိုင်ကားအသင်းတစ်ခု ပိုင်ဆိုင်ထားပြီး သူ၏ အသင်းတွင် ကမ္ဘာကျော် ပြိုင်ကားမောင်းသမားဖြစ်သော Michael Schumacher ပါဝင်သည်။
Schumacher သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အကြား Formula One ဆုဖလား ၅ ကြိမ် ရရှိခဲ့သည်။
လက်ရှိအားဖြင့် Todt သည် နိုင်ငံတကာ မော်တော်ကားအသင်းချုပ် (FIA) ၏ ဥက္ကဌလည်း ဖြစ်သည်။
မီရှဲယိုနှင့် Todt တို့သည် တစ်နှစ်ပတ်လုံးနီးပါး ခရီးထွက်နေလေ့ရှိရာ တစ်နှစ်လျှင် ၁၈၅ ရက်ခန့် လမ်းပေါ်တွင် ရှိနေကြောင်း၊ ပြင်သစ်နိုင်ငံတွင် ရက်ပေါင်း ၇၀ ခန့်နှင့် ဂျီနီဗာတွင် ရက်ပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း Todt က Financial Times သို့ ပြောသည်။
မီရှဲယိုတို့ ဇနီးမောင်နှံသည် ပဲရစ်၊ ပဲရစ်မြို့ပြင်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း Ipoh မြို့နှင့် ဟောင်ကောင်တို့တွင် နေအိမ်များစွာ ပိုင်ဆိုင်ထားသည်။
(ဧည့်ခန်း)
(ကား၊ ဖက်ရှင်၊ ဗိသုကာပညာနှင့် ပတ်သက်သော စာအုပ်များ ထားရှိသည့်အခန်း)
ဧည့်ခန်းမှာ သဘာဝအလင်းကောင်းစွာရရှိပြီး ပရိဘောဂများမှာ minimalist ဟန်မျိုး ဖြစ်သည်။
“ဒီလို ခမ်းနားတဲ့နေရာမျိုး ပိုင်ဆိုင်ထားရတာ ဘယ်လောက်ကံကောင်းခြင်းမျိုးလဲလို့ တခါတလေမှာ ကျွန်တော်တွေးမိပါတယ်”ဟု Todt က ပြောသည်။
မီရှဲယိုသည် မလေးရှားနိုင်ငံ၊ Ipoh မြို့တွင် မွေးဖွားပြီး ရှေ့နေတစ်ဦး၏ သမီးဖြစ်ကာ အင်္ဂလိပ်၊ မလေးနှင့် တရုတ်စကားများ ကျွမ်းကျင်စွာ ပြောနိုင်သည်။
မလေးရှားမှတဆင့် ဟောင်ကောင်ရုပ်ရှင်လောကသို့ ရောက်လာကာ နာမည်ကျော်ခဲ့ပြီး နောက်ဆုံးတွင် ဟောလိဝုဒ်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။
ခင်ပွန်းဖြစ်သူ သူဌေးကြီး Todt မှာမူ ပြင်သစ်နိုင်ငံရှိ ရွာငယ်လေးတစ်ခုတွင် မွေးဖွားပြီး ဆရာဝန်တစ်ဦး၏ သားဖြစ်သည်။
မီရှဲယိုနှင့် သူ၏ ခင်ပွန်းတို့ ၂၀၀၄ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၌ စတင်ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က ခင်ပွန်းဖြစ်သူ Todt သည် ပွဲလမ်းတစ်ခုအတွက် မော်တော်ကားတစ်စင်း ပြသနေချိန်ဖြစ်ပြီး မီရှဲယိုက မော်တော်ကားဘေးတွင် ဓာတ်ပုံများ အရိုက်ခံနေသည်။ Todt က ထိုမြင်ကွင်းကို ကြည့်ရင်း မီရှဲယိုထံသွားကာ ဘောပင်တစ်ချောင်းပေးလိုက်ပြီး ဖုန်းနံပါတ်တောင်းခဲ့သည်။
ထိိုနောက်ပိုင်းတွင် မိတ်ဆွေဖြစ်သူ ပြိုင်ကားမောင်းချန်ပီယံ Schumacher က ဖုန်းဖြင့် ရည်းစားစာပို့ရန် Todt အား သင်ပေးသည်။
သို့နှင့် Todt လည်း ဖုန်းမှတဆင့် စတင်ဆက်သွယ်ကာ ချစ်ကြိုက်ခဲ့ကြသည်။
၂၀၀၉ ခုနှစ်တွင် မီရှဲယိုတို့ စုံတွဲသည် Ferrari ပြိုင်ကားများ၏ အီတလီကုမ္ပဏီ အခြေစိုက်ရာမြို့ဖြစ်သော Maranello မြို့မှ ထွက်ခွာကာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် အခြေချခဲ့ကြသည်။
Todt ၏ ပထမအိမ်ထောင်နှင့်ရသော သားဖြစ်သူ နီကိုလပ်စ်သည်လည်း ဂျီနီဗာတွင် မီရှဲယိုတို့ စုံတွဲနှင့် အတူနေထိုင်လျက်ရှိသည်။
(နေအိမ်ခြံဝန်း)
(Frank Stella ၏ အနုပညာလက်ရာ)
(မီးဖိုဆောင်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Michelle Yeoh and her 73-year-old wealthy husband live in a mansion to show their love. It's like a European castle decorated like a palace! (inf.news)
[Zawgyi]
(ဧည့်ခန်း)
ထိုနောက်ပိုင်းတွင် မိတ်ဆွေဖြစ်သူ ပြိုင်ကားမောင်းချန်ပီယံ Schumacher က ဖုန်းဖြင့် ရည်းစားစာပို့ရန် Todt အား သင်ပေးသည်။
(နေအိမ်ခြံဝန်း)
(မီးဖိုဆောင်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
MIngalardon Garden City
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service