ကြက်သွန်နီ/ဖြူ အခွံတွေကိုသိမ်းထားပြီး ဘယ်လို အသုံးတည့်အောင်လုပ်မလဲ

ကြက်သွန်နီ/ဖြူ အခွံတွေကိုသိမ်းထားပြီး ဘယ်လို အသုံးတည့်အောင်လုပ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
15 Mar 2022 11:10 am တွင် တင်ခဲ့သည်
2553 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကြက်သွန်ဖြူ၊ ကြက်သွန်နီ တွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။

ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

ကြက်သွန်ခွံတွေမှာ ဘာတွေပါ။

ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ အပြင်ခွံတွေမှာ အခုလိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

ဗီတာမင် A

ဗီတာမင် C

ဗီတာမင် E

ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ဖလေဗာနွိုက်

quercetin တို့ ပါဝင်နေပါတယ်။

ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို ကြက်သွန်ဖြူခွံက ကိုယ်ခံအားကောင်းစေပြီး၊ အရေပြားကိုကျန်းမာစေပါတယ်။

ကြက်သွန်ခွံတွေကို သိမ်းထားပါ။

ကြက်သွန်ခွံတွေကို သိမ်းထားပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံတွေက အခုလို အသုံးတည့်လို့ပါ။

ဟင်းချို၊ အသားပေါင်းတွေကို အာဟာရနဲ့ အရသာတိုးစေတယ်

ကြက်သွန်ခွံတွေက စွပ်ပြုတ်၊ အသားပေါင်းတို့လိုမျိုး ဟင်းလျာတွေထဲကို ထည့်သုံးမယ်ဆိုရင် ဟင်းရဲ့ အရသာကို တိုးစေနိုင်သလို အာဟာရတန်ဖိုးလည်း ပိုမြင့်စေပါတယ်။

အသားကင်ကို အရသာတိုးစေတယ်

အသားတွေကင်တဲ့အခါ ကြက်သွန်ဖြူခွံကို ထည့်ပြီး ကင်ပေးပါ။ ဒီလို ကင်ပေးတာက အသားထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေကို တိုးစေနိုင်ပါတယ်။

ထမင်းကို အာဟာရ ဖြည့်ပေးတယ်

ထမင်းချက်တဲ့အခါ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ထည့်ချက်ပေးပါ။ ဒီလို ထည့်ချက်တာက ထပ်ဆောင်း ဗီတာမင်တွေကို ရရှိစေနိုင်ပါတယ်။ ထမင်းကျက်သွားပြီဆိုရင်တော့ ဖယ်ပြီး သုံးဆောင်ရုံပါ။

ပေါင်မုန့်ကို အရသာကောင်းစေတယ်

သေချာသန့်စင် နေလှမ်းပြီး အခြောက်ခံထားတဲ့ ကြက်သွန်ခွံကို သေချာညက်အောင် အမှုန့်ကြိတ်ပါ။ ပြီးရင် အိမ်လုပ်ပေါင်မုန့်ထဲကို ထည့်တာက ပေါင်မုန့်ကို အရသာတိုးစေပြီး အာဟာရလည်း ပိုပြည့်စေနိုင်ပါတယ်။

ကြွက်တက်တာကို သက်သာစေနိုင်တယ်

သေချာ သန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် ရေနွေးဆူဆူထဲမှာ ထည့်ပြုတ်လိုက်ပါ။ ပြီးရင် အခွံတွေကို ဖယ်ပြီး ပြုတ်ရည်ကို အိပ်ရာမဝင်ခင်မှာ တစ်ခွက်စာလောက် သောက်ပေးပါ။ ကြွက်တက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

အိပ်ပျော်စေတယ်

ကြက်သွန်နီခွံ ရေနွေးကြမ်းက အိပ်ပျော်စေမယ့် သဘာဝ ဆေးတစ်လက်ပါ။ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ရေနွေးခွက် တစ်လုံးထဲ ထည့်လိုက်ပါ။ အပေါ်ကနေ ရေနွေးဆူဆူကို လောင်းချပေးပါ။ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် သောက်လို့ ရပါပြီ။

ဆံပင်ဆေးဆိုးလို့ ရတယ်

ကြက်သွန်နီ အခွံကို ရေနွေးဆူဆူထဲမှာ နာရီဝက် – တစ်နာရီလောက် ပြုတ်ပါ။ ပြီးရင် အအေးခံပြီး သေချာလေး လျှော်ထားတဲ့ ဆံသားတွေပေါ်ကို လောင်းချလိုက်ပါ။ နာရီဝက်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အရေပြား ယားယံမှုကို သက်သာစေနိုင်ပါတယ်

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူခွံတွေက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြား ယားတာကို သက်သာစေဖို့ အသုံးပြုလို့ရသလို သဲဝဲ၊ ရေဝဲ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။ ပြုတ်ရည်ကို လိမ်းပေးရုံပါ။

ကဲ....ဒီလောက်တောင် အသုံးဝင်တယ်ဆိုတော့ ကြက်သွန်ခွံတွေကို သိမ်းထားသင့်တယ်ဟုတ်...

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ၾကက္သြန္နီ/ျဖဴ အခြံေတြကိုသိမ္းထားၿပီး ဘယ္လို အသံုးတည့္ေအာင္လုပ္မလဲ

 

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ ေတြက ဟင္းလ်ာတိုင္းမွာ မပါမျဖစ္ပါ။ ဒီလို ဟင္းအႏွစ္ရဖို႔၊ အညႇီေပ်ာက္ဖို႔ဆိုၿပီး ဟင္းခ်က္တဲ့အခါ ထည့္ခ်က္တဲ့ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြက ဟင္းေတြကိုတင္ အရသာတိုးေစတာ မဟုတ္ဘဲ က်န္းမာေရးကိုလည္း အေထာက္အကူျပဳတယ္ဆိုတာကို အေတာ္မ်ားမ်ား သိထားၿပီး ျဖစ္မွာပါ။

ဒီတစ္ေခါက္ေတာ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေတြရဲ႕ အတြင္းသားကတင္ အသုံးဝင္တာ မဟုတ္ဘဲ။ အျပင္ခြံေလးေတြကပါ ဘယ္လို အသုံးတည့္လဲဆိုတာေလးကို ေျပာျပေပးခ်င္ပါတယ္။

ၾကက္သြန္ခြံေတြမွာ ဘာေတြပါ။

ၾကက္သြန္နီ နဲ႔ ၾကက္သြန္ျဖဴ အျပင္ခြံေတြမွာ အခုလိုမ်ိဳး ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ပါဝင္ေနပါတယ္။

ဗီတာမင္ A

ဗီတာမင္ C

ဗီတာမင္ E

ဓာတ္တိုးဆန္႔က်င္ပစၥည္း

ဖေလဗာႏြိဳက္

quercetin တို႔ ပါဝင္ေနပါတယ္။

ၾကက္သြန္နီခြံက အေရာင္က်ေစႏိုင္သလို ၾကက္သြန္ျဖဴခြံက ကိုယ္ခံအားေကာင္းေစၿပီး၊ အေရျပားကိုက်န္းမာေစပါတယ္။

ၾကက္သြန္ခြံေတြကို သိမ္းထားပါ။

ၾကက္သြန္ခြံေတြကို သိမ္းထားပါ။ ဘာေၾကာင့္ ဒီလို ေျပာရတာလဲဆိုေတာ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ အခြံေတြက အခုလို အသုံးတည့္လို႔ပါ။

ဟင္းခ်ိဳ၊ အသားေပါင္းေတြကို အာဟာရနဲ႔ အရသာတိုးေစတယ္

ၾကက္သြန္ခြံေတြက စြပ္ျပဳတ္၊ အသားေပါင္းတို႔လိုမ်ိဳး ဟင္းလ်ာေတြထဲကို ထည့္သုံးမယ္ဆိုရင္ ဟင္းရဲ႕ အရသာကို တိုးေစႏိုင္သလို အာဟာရတန္ဖိုးလည္း ပိုျမင့္ေစပါတယ္။

အသားကင္ကို အရသာတိုးေစတယ္

အသားေတြကင္တဲ့အခါ ၾကက္သြန္ျဖဴခြံကို ထည့္ၿပီး ကင္ေပးပါ။ ဒီလို ကင္ေပးတာက အသားထဲမွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အာဟာရေတြကို တိုးေစႏိုင္ပါတယ္။

ထမင္းကို အာဟာရ ျဖည့္ေပးတယ္

ထမင္းခ်က္တဲ့အခါ ေသခ်ာသန္႔စင္ထားတဲ့ ၾကက္သြန္နီခြံကို ထည့္ခ်က္ေပးပါ။ ဒီလို ထည့္ခ်က္တာက ထပ္ေဆာင္း ဗီတာမင္ေတြကို ရ႐ွိေစႏိုင္ပါတယ္။ ထမင္းက်က္သြားၿပီဆိုရင္ေတာ့ ဖယ္ၿပီး သုံးေဆာင္႐ုံပါ။

ေပါင္မုန္႔ကို အရသာေကာင္းေစတယ္

ေသခ်ာသန္႔စင္ ေနလွမ္းၿပီး အေျခာက္ခံထားတဲ့ ၾကက္သြန္ခြံကို ေသခ်ာညက္ေအာင္ အမႈန္႔ႀကိတ္ပါ။ ၿပီးရင္ အိမ္လုပ္ေပါင္မုန္႔ထဲကို ထည့္တာက ေပါင္မုန္႔ကို အရသာတိုးေစၿပီး အာဟာရလည္း ပိုျပည့္ေစႏိုင္ပါတယ္။

ႂကြက္တက္တာကို သက္သာေစႏိုင္တယ္

ေသခ်ာ သန္႔စင္ထားတဲ့ ၾကက္သြန္နီခြံကို ၁၀ မိနစ္ ကေန မိနစ္ ၂၀ ေလာက္ ေရေႏြးဆူဆူထဲမွာ ထည့္ျပဳတ္လိုက္ပါ။ ၿပီးရင္ အခြံေတြကို ဖယ္ၿပီး ျပဳတ္ရည္ကို အိပ္ရာမဝင္ခင္မွာ တစ္ခြက္စာေလာက္ ေသာက္ေပးပါ။ ႂကြက္တက္တာ၊ ႂကြက္သားေတြ ကိုက္ခဲတာကို သက္သာေစႏိုင္ပါတယ္။

အိပ္ေပ်ာ္ေစတယ္

ၾကက္သြန္နီခြံ ေရေႏြးၾကမ္းက အိပ္ေပ်ာ္ေစမယ့္ သဘာဝ ေဆးတစ္လက္ပါ။ ေသခ်ာသန္႔စင္ထားတဲ့ ၾကက္သြန္နီခြံကို ေရေႏြးခြက္ တစ္လုံးထဲ ထည့္လိုက္ပါ။ အေပၚကေန ေရေႏြးဆူဆူကို ေလာင္းခ်ေပးပါ။ အဖုံးအုပ္ၿပီး ၁၅ မိနစ္ေလာက္ ထားပါ။ ၿပီးရင္ ေသာက္လို႔ ရပါၿပီ။

ဆံပင္ေဆးဆိုးလို႔ ရတယ္

ၾကက္သြန္နီ အခြံကို ေရေႏြးဆူဆူထဲမွာ နာရီဝက္ – တစ္နာရီေလာက္ ျပဳတ္ပါ။ ၿပီးရင္ အေအးခံၿပီး ေသခ်ာေလး ေလွ်ာ္ထားတဲ့ ဆံသားေတြေပၚကို ေလာင္းခ်လိုက္ပါ။ နာရီဝက္ေလာက္ ထားပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ။

အေရျပား ယားယံမႈကို သက္သာေစႏိုင္ပါတယ္

ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴခြံေတြက မိႈပိုးေတြကို ဖယ္႐ွားေပးႏိုင္တဲ့ အာနိသင္႐ွိပါတယ္။ အေရျပား ယားတာကို သက္သာေစဖို႔ အသုံးျပဳလို႔ရသလို သဲဝဲ၊ ေရဝဲ သက္သာေစဖို႔လည္း အသုံးျပဳလို႔ ရပါတယ္။ ျပဳတ္ရည္ကို လိမ္းေပး႐ုံပါ။

ကဲ....ဒီေလာက္ေတာင္ အသုံးဝင္တယ္ဆိုေတာ့ ၾကက္သြန္ခြံေတြကို သိမ္းထားသင့္တယ္ဟုတ္...

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service