အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ - Property Knowledge in Myanmar from iMyanmarHouse.com
446 Views

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ

Knowledge | Posted by Hnin Ei Khin

သက်တမ်းကုန် ဂရန်စာချုပ်အား သက်တမ်းတိုးတဲ့အခါ ဘာတွေလိုအပ်ပါသလဲ ......... ဆိုတဲ့ မေးခွန်းအပါအဝင် ဗဟုသုတရဖွယ်ရာ အမေးအဖြေသုံးခုကို ဒီကနေ့အတွက်‌ ရွေးချယ်ဖြေဆိုပေးထားပါတယ်။

⚖️မေးခွန်း(၁) - ဂရန်သက်တမ်းကုန်လို့ သက်တမ်းတိုးတဲ့အခါမှာ ဘယ်လိုဆောင်ရွက်ရမလဲ။ မည်သည့် စာရွက်စာတမ်း အထောက်အထားများ လိုအပ်ပါသလဲ။

မြေငှားစာချုပ် ဂရန်အား အသက် (၁၈) ပြည့်သူ ၊ စိတ်ပေါ့သွပ်သူ မဟုတ်သူ၊ နိုင်ငံသားဖြစ်သူ၊ သတ်မှတ် မြေငှားခအား ထမ်းဆောင်နိုင်သူမှ လျှောက်ထားခွင့်ရှိပါသည်။ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ဥပဒေ နှင့်အညီ လွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက်ရှိပြီးမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ် တကျ မြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျုးလွန်ခြင်းမြေ၊ ဂရန်ပေးစီမံချက်မြေတို့မှာ မြေငှားဂရန် လျှောက်ထားခွင့်ရှိသော မြေအမျိုးအစားပင်ဖြစ်ပါသည်။

အစိုးရမှ မြေငှားဂရန် ထုတ်ပေးသည့်အခါ မြေအမျိုးအစား အဆောက်အအုံ ခိုင်ခန့်မှုပေါ်မူတည်၍ (၁၀) နှစ်ဂရန်၊ နှစ်(၃၀)၊ နှစ်(၆၀)၊ နှစ်(၉၀) ဟူ၍ နှစ်ကာလ အပိုင်းအခြား ခွင့်ပြုချက်ဖြင့် ထုတ်ပေးပါသည်။ သက်တမ်းကုန် ဂရန်မြေမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ် သောကြောင့် သက်တမ်းမကုန်ခင် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ပါသည်။ ဂရန်သက်တမ်း ကျော်လွန်ပြီး သက်တမ်းတိုးလျှင် မြို့နယ်အလိုက် ဝန်ဆောင်ခအပြင် သက်တမ်းပြတ် ဒဏ်ကြေးအားလဲ ပေးသွင်းရမည်ဖြစ်ပါသည်။ သက်တမ်းတိုးခြင်းအား ကန့်ကွက်ရှိမရှိ ဌာနမှ မြန်မာ့အလင်း၊ ကြေမုံသတင်း စာတို့တွင် သတင်းစာ ကြေညာစေမည်ဖြစ်ပါသည်။

ဂရန်သက်တမ်းတိုး ဆောင်ရွက်ရာတွင် အောက်ပါစာရွက်စာတမ်းများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး ပြီး မိတ္တူတင်ပြရမည်ဖြစ်ပါသည်။

- သက်တမ်းကုန်ဆုံးတော့မည့် မြေငှားစာချုပ်ဂရန်၊ - မှတ်ပုံတင်စာချုပ်စာတမ်းများ - နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား - မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာတို့ တင်ပြနိုင်ရမည်ဖြစ်ပါသည်။

ထို့ပြင် မြေငှားဂရန်အား သက်တမ်းတိုးခွင့်ရှိသူများမှာလဲ

- မြေငှားဂရန် အမည်ပေါက် - မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ - တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းကြောင်း လက်မှတ်ရရှိသူတို့သာ သက်တမ်းတိုး လျှောက်ထားခွင့်ရှိပါသည်။

ဂရန်ပျောက်ဖြင့် သက်တမ်းတိုး လျှောက်ထားလျှင် ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာ၊ ရပ် ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာနှင့် ကိုယ်တိုင်ဝန်ခံချက်တို့ပါ ပူးတွဲ လျှောက်ထားရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း(၂) - ၁၉၉၀ခုနှစ်တွင် ထုတ်ပေးထားသော စလစ်မြေကိုအမည်ပြောင်းလို့ရပါသလား ဂရန်ဖောက်လို့ ရပါသလား။ မည်သည့်ရုံးတွင် ဆောင်ရွက်ရမည်နည်း။

စလစ်မြေဆိုသည်မှာ လူနေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ခွင့်ရှိသော မြေအမျိုးအစားပင်ဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးထားသော မြေပြေစာထွက်ရှိကာ အမည်ပေါက်ကိုယ်တိုင်အား နေထိုင်ခွင့်ချပေးထားသော မြေဖြစ်ပါသည်။

စလစ်မြေအား အမည်ပေါက် မှန်မမှန် အကွက်အမှတ် မှန်မမှန် စစ်ဆေးရုံဖြင့် မလုံလောက်ပါ သက်ဆိုင်ရာ မြေစာရင်းနှင့် အိုးအိမ်ရုံးဌာနတွင် ရုံးလက်ခံ စာရွက်စာတမ်းများနှင့် ကွဲလွဲခြင်းရှိမရှိ ဝယ်ယူသူမှ စစ်ဆေးခြင်းပြုရမည် ဖြစ်ပါသည်။ စလစ်မြေအမျိုးအစားအား အမည်ပြောင်း လျှောက်ထားခွင့် မရှိသောကြောင့် ဦးစွာစလစ်မြေမှ ပါမစ်မြေအမျိုးအစားသို့ ပြောင်းလဲ လျှောက်ထားကာ ဂရန်လျှောက်ထားရမည်ဖြစ်ပါသည်။

ပါမစ်လျှောက်ထားသည့်အခါ သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုဌာနတွင် စလစ်မူရင်း၊ စလစ်အမည်ပေါက်၏ ဓာတ်ပုံ (၃)ပုံ၊ မိသားစု ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် လျှောက်ထားမှုပြုရမည် ဖြစ်ပါသည်။ မြေချပါ မစ်ရရှိသည့်အခါ (နေထိုင်သူ အမည်စာရင်းပါ)ဓာတ်ပုံပါဝင်သော အိမ်ရာဆောက်လုပ်နေထိုင်ခွင့် မူရင်းရရှိမည် ဖြစ်ပါသည်။

ပါမစ်မြေမှ ဂရန်မြေအဖြစ် ပြောင်းလဲလျှောက်ထားပြီးသည့်အခါမှသာ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်၊ အမွေဆက်ခံခြင်း၊ လွှဲပြောင်းရောင်းချပိုင်ခွင့်တို့ ရှိမည်ဖြစ်ပါသည်။ ထို့အပြင် ပါမစ်မြေကွက်မှာ (၄၀×၆၀) ထုတ် ပေးထားပါက မြေငှားဂရန် လျှောက်ထားရာတွင် (၂၀×၆၀)သာ လျှောက်ထားခွင့် မရှိပါ။ ပါမစ်မြေ၊ စလစ် မြေများမှာ ခွဲစိတ်မြေပုံထုတ် ပေးနိုင်ခြင်းမရှိလို မြေငှားစာချုပ် ဂရန်ရရှိပြီးသည့်နောက်မှ ခွဲစိတ်ဂရန် လျှောက် ထားခြင်း ပြုနိုင်သောကြောင့် ပါမစ်မြေကွက်(၁)ကွက်လုံးအတွက် ဂရန်လျှောက်ထားခြင်း ပြုရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း(၃) - မြေကွက်အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင် သိထားရမည့်အချက်များကို ရှင်းပြပါ။

အရပ်ကတိစာချုပ် စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း - ၁၂၀ အတွင်း စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ -၂၁ အရ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် လိုပါသည်။ ရောင်းချသူမှ (၁)နှစ်အတွင်း ထုတ်ယူထားသော အရောင်းမြေပုံ / မြေရာဇဝင် - ( ၁၀၅ / ၁၀၆ )၊ မြေငှားဂရန်၊ မှတ်ပုံတင်စာချုပ် အဆက်အစပ်များ၊ ရှေ့နောက် ညာဘယ် မြေကွက်ဓာတ်ပုံ(၁)စုံ၊ အရပ်ကတိစာချုပ်၊ ရောင်းသူ ဝယ်သူ မှတ်ပုံတင်၊ အိမ်ထောင် စုစာရင်း၊ ဝယ်ယူသူမှ အိမ်ခြံမြေကို လက်ခံရရှိပြီးကြောင်း နှင့် မှန်ကန်ကြောင်း ဝန်ခံချက်၊ သတင်းစာကြေငြာ စသည်တို့အား ကာလတန်ဖိုးစီစစ်ရေးအဖွဲ့သို့ တင်ပြလျှောက်ထားရန် လိုပါသည်။

ရာဖြတ်တန်ဖိုးထွက်ရှိပါက နှစ်အလိုက်သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားအတိုင်း ဝယ်ယူသူမှ အခွန် ထမ်းဆောင်ရန် လိုအပ်ပြီး ငွေဖြူရှိလျှင်လဲ အဆင်ပြေပါသည်။ ဝယ်ယူသူသည် ဝင်ငွေခွန်အပြင် အခွန်ရုံးတွင် တံဆိပ်ခွန် (၄%) အားလဲ တွက်သင့်၍ စာချုပ်ခေါင်း ထုတ်ယူရမည့်ဖြစ်ပါသည်။ ရောင်းချသူမှလဲ အရောင်းအဝယ်ပြုသည့် မြေကွက်အတွက် အမြတ်စွန်းငွေပေါ်တွင် အမြတ်ခွန်(၁၀%) ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ကျသင့်ခွန်များ ထမ်းဆောင်ပြီးပါ စာချုပ်ခေါင်းပေါ်တွင် အရောင်းအဝယ်စာချုပ် ရိုက်နှက်ကာ မှတ်ပုံတင်ရုံးသတ်မှတ်သည့် ဝန်ဆောင်ခအားလဲ ပေးသွင်းပြီး မှတ်ပုံတင်ရုံး၌ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် လိုပါသည်။ မှတ်ပုံတင်စာချုပ်မှာ မြန်မာစာဖြင့် ရေသားရမည်ဖြစ်ပြီး မြန်မာစာဖြင့် ရေးသားခြင်း မဟုတ်ပါက နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးက ဘာသာပြန်ဆိုချက်ရှိရမည်။

စာချုပ်စာတမ်မှတ်ပုံတင်ရုံးသို့ သွားရောက်ရန် အခက်အခဲရှိသော ကျန်းမာရေး မကောင်းသူ၊ မသန်စွမ်းသူဖြစ်ပါက မှတ်ပုံတင်အရာရှိမှ ပုဒ်မ-၇၊ ပုဒ်မ-၈ နှင့်အညီ နေအိမ်သို့ သွားရောက်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆို ပေးနိုင်ပါသည်။ ပုဒ်မ-၃၂ (ဃ) အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသူများသည် တံဆိပ်ခေါင်းခွန်ဥပဒေနှင့် တည်ဆဲဥပဒေပါအခွန်အခများကို ပြည့်စုံစွာ ထမ်းဆောင်နိုင်ရမည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား မှတ်ပုံတင် စာချုပ်ချုပ်ဆိုသည်အခါ အမျိုးအစား၊ ​ပုံ​သ​ဏ္ဌာန် အရွယ်အစား၊ တည်နေရာကို တိကျစွာဖော်ပြရမည့်အပြင် မြေပုံ/မြေရာဇဝင်လဲပါရှိရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service