Knowledge | Posted by Si Thu Aung
၂၀၂၅ _ ၂၀၂၆ ခုနှစ် တန်ဖိုးဖြတ်( ရာဖြတ်နှုန်းထား ) အသစ်ထွက်တဲ့အတွက် ဒီနူန်းသိထားမှသာလျှင် မိမိထမ်းဆောင်ရမည့်အခွန်နူန်းထားသိရှိရမှာပါ။ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။
(၁) ၄ - လအတွင်း ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ) (၂) ၁-နှစ် အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေ ပုံမြေရာဇဝင်(၁၀၅/၁၀၆)။ (၃) အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။ (၄) ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။ (၅) ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။ (၆) ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။ (၇) တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလ တန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကိုတရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်းမှတ် ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်းများစွာကို ကပ်ရပါတယ် ။
ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ( ၄ % ) ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းခွန် ကပ်ရပါတယ်။
အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်”သတ် မှတ်ဈေးအတိုင်းကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန် စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။
ငွေဖြူမရှိရင် .. သိန်း ၃၀၀၀ အောက် - ၃%
တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။
ပုံများအားလုံးကြည့်ရန်👇👇
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ဥပဒေရေးရာ