ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
403 Views

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Zarni Kyaw

လူတစ်ဦးတစ်ယောက်၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့် အငြင်းပွှားမှုများ၊ ဂုဏ်သိက္ခာပိုင်း၊ လက်ရှိထားခွင့်၊ အစရှိတဲ့ အခွင့်အရေးများကို ထိခိုက်နစ်နာစေခဲ့ရင် နစ်နာသူကိုယ်တိုင်က တရားလိုပြုလုပ်ပြီး တရားမမှု ဖွင့်လှစ်တရားစွဲဆိုခြင်း ပြုရမည်ဖြစ်ပါသည်။

အဆိုပါ တရားမမှုဖြင့် တရားရုံးမှ မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများအပေါ် ချမှတ်သော အမိန့်တစ်ရပ်အားအတည်ပြုရာတွင် တရားနိုင်မှ ဇာရီမှုဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားအပိုဒ် - ၁၈၂ / ၁၈၃ အရ မူလရုံးက ဒီကရီချမှတ်ပြီး (၃)နှစ် တွင် ဇာရီမှု လျှောက်ထားရပါမည်။

ဇာရီမှု ဖွင့်လှစ်ရာတွင် လျှောက်လွှာ၌ တရားမမှုအမှတ်၊ အမူသည်တို့၏ အမည်၊ ဒီကရီချမှတ်သော နေ့ ရက်၊ ဒီကရီကို အယူခံခြင်းရှိမရှိ၊ ဒီကရီချမှတ်ပြီးနောက် အငြင်းပွှားသည့်အကြောင်းအရာ မည်၍မည်မျှ ပေးဆပ်ပြီးဖြစ်ကြောင်း ရှင်းလင်းချက်၊ ဒီကရီအပေါ်ချမှတ်သည့် သက်သာခွင့်၊ ရရန်ရှိသောငွေ၊ မည်သည့် နည်းလမ်းဖြင့် ကူညီပေးစေလိုကြောင်း စသဖြင့်ဖော်ပြရမည်။

တရားမကျင့်ထုံးအမိန့် - ၂၁ ၊ နည်း - ၁၁ (၁) အရ ဒီကရီကို အတည်ပြုရန် လျှောက်ထားရာတွင် အယူခံဝင်ရန် အချိန်ကာလကို စောင့်ဆိုင်းရန် မလိုပါ။ တရားလိုကိုယ်တိုင်၊ ဒီကရီလွှဲပြောင်း လက်ခံထားသူနှင့် တရားနိုင်၏ တရားဝင်ကိုယ်စားလှယ်တို့မှ ဒီကရီ အတည်ပြုပေးရန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။ ဒီကရီအား လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူများမှာ တရားရှုံး၊ တရားရှုံးထံမှ တဆင့်ငှားရမ်းသူ၊ တရားရှုံး၏ ဇနီး/ခင်ပွန်း၊ အမှုအတွင်း ဥပစာကို လွှဲပြောင်းလက်ခံထားသူတို့မှ လိုက်နာရမည်ဖြစ်ပါသည်။

ဒီကရီအတည်ပြုရာတွင် ဒီကရီချမှတ်သောပစ္စည်းကို လက်ရောက်ပေးအပ်ခြင်း၊ ပစ္စည်းအား ၀ရမ်းကပ်၍ ရောင်းချခြင်း၊ တရားမထောင်ချခြင်း၊ ပစ္စည်းထိန်းခန့်အပ်ခြင်း၊ အခြားသက်သာခွင့်များဖြင့် ဆောင်ရွက်ခြင်းဖြင့် အတည်ပြုပေးနိုင်သည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်း ၀ရမ်းကပ်ရန် လျှောက်လွှာတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းစာရင်း၊ မရွှေ့ မပြောင်းနိုင်သောပစ္စည်း ဖြစ်လျှင် မြေပုံ / မြေရာဇဝင်တို့ ပါဝင်ရမည် ဖြစ်ပါသည်။ ပစ္စည်းအား ဝရမ်းကပ်သည့် အခါတွင်လဲ တရားရှုံးပိုင် ပစ္စည်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးရန် လိုပါသည်။ ဒီကရီအရပစ္စည်းအား လေလံတင် ရောင်းချရန် အမိန့်ချမှတ်လျှင်လဲ တရားရုံးမှ ရောင်းရန် ကြေငြာထုတ်မည်ဖြစ်ပါသည်။

အပြီးသတ်ချမှတ်ထားသော အမိန့်အား ဇာရီမှုဖြင့် အကောင်အထည် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အပြန် အလှန် ခုနှိမ်ရမည့် ဒီကရီတစ်ရပ်ဖြစ်ပါက အမိန့်-၂၁၊ နည်း - ၁၉(က) အရ တရားလို၊ တရားပြိုင် လျှောက် ထားခြင်းပြုနိုင်သည်။ ငွေရလိုမှုများအတွက် ချမှတ်သော ဒီကရီတွင် တရားရှုံး ပိုင်ဆိုင်သည့်ပစ္စည်းအား ရောင်းချ ခြင်း၊ တရားပြိုင်အား တရားမထောင်ချခြင်းတို့ လျှောက်ထားဆောင်ရွက်နိုင်ပါသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား မှတ်ပုံတင်စာချုပ်ချုပ်စေရန်အတွက် ချမှတ်သောဒီကရီတစ်ရပ်အား အကောင်အထည် ဖော်ဆောင် ရာတွင် တရားရှုံးမှ လက်မှတ်ရေးထိုးမှုမပြုခြင်း (သို့) လက်မှတ်ရေးထိုးရန် ပျက်ကွက်လျှင် တရားရှုံးကိုယ်စား ဘီလစ်မှ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပေးခြင်း ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service