ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Feb 2022 10:02 am တွင် တင်ခဲ့သည်
1861 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျွန်ုပ်တို့၏ ဆရာကြီး အဘမင်းသိင်္ခ သုဝဏ္ဏမြို့ တွင်နေထိုင်ခဲ့စဉ်က ပရိတ်သတ်တစ်ဦးသည် အလှမွေးငါးကန်လေးတစ်ကန် လာ၍ လှူဖူးလေ၏။ အဘသည် ထိုငါးကန်ကလေးကို ရှေ့မျက်နှာစာတစ်နေရာတွင် ဂရုစိုက်ထားရှိသည်ကို သတိပြုမိလေ၏။ ကျွန်ုပ်နောက်တစ်ချက်သတိထားမိသည်မှာ အဘသည် သူနေထိုင်သောအိမ်ကို တစ်မျိုးပြီးတစ်မျိုး မရိုးရလေအောင်ပြင်ဆင်မွမ်းမံတတ်ခြင်းပင် ဖြစ်လေတော့၏။

အမှန်စစ်စစ်အားဖြင့်အဘသည် ဘဝတွင် ခပ်ရိုးရိုးခပ်ကြမ်းကြမ်း နေထိုင်ဖြတ်သန်းလျက်ရှိသူဖြစ်၏။ သို့ရာတွင် အိမ်ကိုမူ တသသလုပ်တတ်ခြင်း၊ ငါးကန်ကလေးအပေါ် ဂရုစိုက်ရှိတတ်ခြင်း တို့မှာမူ ကျွန်ုပ်တို့အတွက် စဉ်းစားစရာဖြစ်နေတော့၏။

အဘသည် ၁၉၉၇ ခုနှစ်တွင် မဟာဂန္ဓာရီ အဓိဌာန်သုံးနှစ်ခရီးကို ထွက်ခဲ့လေ၏။ ဒေးစွန်ပါတွင်စခန်းချသောအခါ အဘကိုယ်တိုင် အဆောင်အဦးကို ပုံစံထုတ်၍ ဆောက်စေလေ၏။ ထိုခြံဝန်းသို့ အဝင်အဝနားတွင်လည်း အလှရေကန်တစ်ကန်ကိုစီမံပြန်လေ၏။

ထို့နောက်အဘသည် မှော်ဘီသို့ အခြေချရန်ရောက်ရှိလာလေ၏။ ထိုခြံတွင်လည်း အဘသည်စိတ်တိုင်းကျအိမ်ပုံစံတစ်ဆောင်ကိုရေးဆွဲခဲ့ပြန်လေ၏။ အဘအပေါ် အလွန်အလေးအမြတ်ရှိသော အရုဏ်ဦး ဆောက်လုပ်ရေးက အဘစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်ပေးခဲ့လေ၏။ ထိုအိမ်၏ရှေ့တွင်လည်း အတန်အသင့်ကြီးမားသော၊ ရေကူး၍ ပင်ရနိုင်သောရေကန် တစ်ကန်ကို အဘသည်စီမံပြန်လေ၏။ အဘသည်အသက်(၆၀) တန်းသို့ ရောက်ခါမှ ထိုရေကန်တွင် ရေကူးတတ်သွားလေ၏။ မြေလတ်ပိုင်း မိုးနည်းရေရှားဒေသမှ ကျွန်ုပ်သည်လည်း ထိုရေကန်ကြောင့်ပင် ရေကူးတတ်သွားသောကြောင့် ကျွန်ုပ်သည်လည်း ထိုရေကန်ကြောင့်ပင် ရေကူးတတ်သွားတာကြောင့် ကျွန်ုပ်သည် အဘ၏ ထိုအိမ်နှင့် ထိုရေကန်ကို ပို၍ အမှတ်ထင်ထင် ရှိရလေတော့၏။

အဘသည် မှော်ဘီခြံတွင် အဆောက်အဦး အသစ်များကိုတစ်လုံးပြီးတစ်လုံးဆောက်လေ၏။ ထိုသို့ ဆောက်တိုင်းလည်း ရေကန်တစ်ကန်သည် တွဲလျက်ပါပြီးသားဖြစ်နေလေတော့၏။ ကျွန်ုပ်တို့သည်ထိုအချက်ကို အဘသင်ပေးထားသော မဟာဘုတ်ပညာဖြင့် ချိန်ဆကြည့်ကြလေ၏။

အဘ၏ မဟာဘုတ်တွင် အိမ်ဟူသော တနင်္ဂနွေနံသည် သိုက်ဟူသောတည်တံ့ခိုင်မြဲစေသည့်၊ အခြေခိုင်မာစေသည့်နေရာဌာနတွင်ရှိလေ၏။ ဇေယျတိုင်အားဖြင့် ဆိုပါမှု `ဝရ´ ဟူသော မြင့်မြတ်ခန်းနားခြင်း ဟူသည့် နေရာတွင်ရှိလေ၏။ ထိုကောင်းကျိုးများကို အကြောင်းပြုလျက် အဘသည် အခြားသောအရာများထက် အိမ်ဟူသောတနင်္ဂနွေနံကို ဂရုတစိုက် ဆောက်လုပ်မွမ်းမံခြင်းဖြစ်မည်ဟု ယူဆနိုင်လေ၏။

ရေကန်ကိုစဉ်းစားကြည့်သော် ရေဟူးသောဗုဒ္ဓဟူးနံသည်အဘ၏ မဟာဘုတ်တွင် ရာဇာဟူသည့် အရှိန်အဇော်ကြီးမားခြင်းဟူသည့်နေရာတွင် ရှိနေလေ၏။ ဇေယျတိုင်အားဖြင့်ဆိုပါမှု – လာဘဟူသော လာဘ်လာဘရွှင်လန်းစေသည့်နေရာတွင် ရှိနေလေ၏။ အိမ်ရှေ့တွင်ရေရှိနေခြင်းအားဖြင့် အဘအတွက် လာဘ်ဝင်အောင် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေလေတော့၏။ ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ်သွားခဲ့သည်ဟု ဆိုနိုင်ပါသောအဘသည် မြန်မာတို့အဖို့ ကလေးကစားစရာနယ်ဖြစ်နေသည့် မဟာဘုတ်တွက်ကိန်းလွယ်လွယ်လေးကို အသုံးချလျက် အခိုင်အမာတည်ဆောက်ပြသွားနိုင်သည်ဟုလည်း ဆိုနိုင်ပေတော့၏။

သို့ဖြစ်လျှင် စာရှုသူတို့အနေနှင့်လည်း မိမိတို့၏ ဘဝတွင် စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်ရှိန်များ အခြေခိုင်မာတည်တံ့စေမည့်၊ ငွေကြေးလာဘ်လာဘကောင်းစွာ ပွင့်လန်းစေမည့်အကျိုးကိုရည်မျှော်လျက် မဟာဘုတ်ပညာဖြင့် မည်သို့စီရင်ပါအံ့နည်း။

သက္ကရာဇ်ကိုတည်၍ ၇ ဖြင့်စားပါ။ ၁ကြွင်းလျှင် ၁ကြွင်းမဟာဘုတ်သမား၊ ၅ကြွင်းလျှင် ၅ ကြွင်းမဟာဘုတ်သမားဟုခေါ်ပါသည်။ အဘမင်းသိင်္ခသည် ၆ ကြွင်း မဟာဘုတ်သမားဖြစ်ပါသည်။ မိမိတို့၏ မဟာဘုတ်အကြွင်းအလိုက် အောက်ပါအတိုင်းသင့်လျော်သလို စီရင်နိုင်ကြပါစေကုန်သတည်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mm-homedecor

 

[Zawgyi]

ဆရာႀကီးမင္းသိခၤသည္ အဘယ္ေၾကာင့္ အိမ္ကိုေကာင္းေကာင္းေဆာက္ၿပီး အိမ္ေ႐ွ႕မွာ ေရကန္ထားေလ့႐ွိသနည္း

ကြၽႏ္ုပ္တို႔၏ ဆရာႀကီး အဘမင္းသိခၤ သုဝဏၰၿမိဳ႕ တြင္ေနထိုင္ခဲ့စဥ္က ပရိတ္သတ္တစ္ဦးသည္ အလွေမြးငါးကန္ေလးတစ္ကန္ လာ၍ လႉဖူးေလ၏။ အဘသည္ ထိုငါးကန္ကေလးကို ေ႐ွ႕မ်က္ႏွာစာတစ္ေနရာတြင္ ဂ႐ုစိုက္ထား႐ွိသည္ကို သတိျပဳမိေလ၏။ ကြၽႏ္ုပ္ေနာက္တစ္ခ်က္သတိထားမိသည္မွာ အဘသည္ သူေနထိုင္ေသာအိမ္ကို တစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ိုးရေလေအာင္ျပင္ဆင္မြမ္းမံတတ္ျခင္းပင္ ျဖစ္ေလေတာ့၏။

အမွန္စစ္စစ္အားျဖင့္အဘသည္ ဘဝတြင္ ခပ္႐ိုး႐ိုးခပ္ၾကမ္းၾကမ္း ေနထိုင္ျဖတ္သန္းလ်က္႐ွိသူျဖစ္၏။ သို႔ရာတြင္ အိမ္ကိုမူ တသသလုပ္တတ္ျခင္း၊ ငါးကန္ကေလးအေပၚ ဂ႐ုစိုက္႐ွိတတ္ျခင္း တို႔မွာမူ ကြၽႏု္ပ္တို႔အတြက္ စဥ္းစားစရာျဖစ္ေနေတာ့၏။

အဘသည္ ၁၉၉၇ ခုႏွစ္တြင္ မဟာဂႏၶာရီ အဓိဌာန္သုံးႏွစ္ခရီးကို ထြက္ခဲ့ေလ၏။ ေဒးစြန္ပါတြင္စခန္းခ်ေသာအခါ အဘကိုယ္တိုင္ အေဆာင္အဦးကို ပုံစံထုတ္၍ ေဆာက္ေစေလ၏။ ထိုျခံဝန္းသို႔ အဝင္အဝနားတြင္လည္း အလွေရကန္တစ္ကန္ကိုစီမံျပန္ေလ၏။

ထို႔ေနာက္အဘသည္ ေမွာ္ဘီသို႔ အေျခခ်ရန္ေရာက္႐ွိလာေလ၏။ ထိုျခံတြင္လည္း အဘသည္စိတ္တိုင္းက်အိမ္ပုံစံတစ္ေဆာင္ကိုေရးဆြဲခဲ့ျပန္ေလ၏။ အဘအေပၚ အလြန္အေလးအျမတ္႐ွိေသာ အ႐ုဏ္ဦး ေဆာက္လုပ္ေရးက အဘစိတ္တိုင္းက်အိမ္ကို ေဆာက္လုပ္ေပးခဲ့ေလ၏။ ထိုအိမ္၏ေ႐ွ႕တြင္လည္း အတန္အသင့္ႀကီးမားေသာ၊ ေရကူး၍ ပင္ရႏိုင္ေသာေရကန္ တစ္ကန္ကို အဘသည္စီမံျပန္ေလ၏။ အဘသည္အသက္(၆၀) တန္းသို႔ ေရာက္ခါမွ ထိုေရကန္တြင္ ေရကူးတတ္သြားေလ၏။ ေျမလတ္ပိုင္း မိုးနည္းေရ႐ွားေဒသမွ ကြၽႏု္ပ္သည္လည္း ထိုေရကန္ေၾကာင့္ပင္ ေရကူးတတ္သြားေသာေၾကာင့္ ကြၽႏ္ုပ္သည္လည္း ထိုေရကန္ေၾကာင့္ပင္ ေရကူးတတ္သြားတာေၾကာင့္ ကြၽႏ္ုပ္သည္ အဘ၏ ထိုအိမ္ႏွင့္ ထိုေရကန္ကို ပို၍ အမွတ္ထင္ထင္ ႐ွိရေလေတာ့၏။

အဘသည္ ေမွာ္ဘီျခံတြင္ အေဆာက္အဦး အသစ္မ်ားကိုတစ္လုံးၿပီးတစ္လုံးေဆာက္ေလ၏။ ထိုသို႔ ေဆာက္တိုင္းလည္း ေရကန္တစ္ကန္သည္ တြဲလ်က္ပါၿပီးသားျဖစ္ေနေလေတာ့၏။ ကြၽႏ္ုပ္တို႔သည္ထိုအခ်က္ကို အဘသင္ေပးထားေသာ မဟာဘုတ္ပညာျဖင့္ ခ်ိန္ဆၾကည့္ၾကေလ၏။

အဘ၏ မဟာဘုတ္တြင္ အိမ္ဟူေသာ တနဂၤေႏြနံသည္ သိုက္ဟူေသာတည္တံ့ခိုင္ၿမဲေစသည့္၊ အေျခခိုင္မာေစသည့္ေနရာဌာနတြင္႐ွိေလ၏။ ေဇယ်တိုင္အားျဖင့္ ဆိုပါမႈ `ဝရ´ ဟူေသာ ျမင့္ျမတ္ခန္းနားျခင္း ဟူသည့္ ေနရာတြင္႐ွိေလ၏။ ထိုေကာင္းက်ိဳးမ်ားကို အေၾကာင္းျပဳလ်က္ အဘသည္ အျခားေသာအရာမ်ားထက္ အိမ္ဟူေသာတနဂၤေႏြနံကို ဂ႐ုတစိုက္ ေဆာက္လုပ္မြမ္းမံျခင္းျဖစ္မည္ဟု ယူဆႏိုင္ေလ၏။

ေရကန္ကိုစဥ္းစားၾကည့္ေသာ္ ေရဟူးေသာဗုဒၶဟူးနံသည္အဘ၏ မဟာဘုတ္တြင္ ရာဇာဟူသည့္ အ႐ွိန္အေဇာ္ႀကီးမားျခင္းဟူသည့္ေနရာတြင္ ႐ွိေနေလ၏။ ေဇယ်တိုင္အားျဖင့္ဆိုပါမႈ – လာဘဟူေသာ လာဘ္လာဘ႐ႊင္လန္းေစသည့္ေနရာတြင္ ႐ွိေနေလ၏။ အိမ္ေ႐ွ႕တြင္ေရ႐ွိေနျခင္းအားျဖင့္ အဘအတြက္ လာဘ္ဝင္ေအာင္ ဖိတ္ေခၚေနသကဲ့သို႔ ျဖစ္ေစေလေတာ့၏။ ေဗဒင္အရာတြင္ တစ္ဖက္ကမ္းခတ္သြားခဲ့သည္ဟု ဆိုႏိုင္ပါေသာအဘသည္ ျမန္မာတို႔အဖို႔ ကေလးကစားစရာနယ္ျဖစ္ေနသည့္ မဟာဘုတ္တြက္ကိန္းလြယ္လြယ္ေလးကို အသုံးခ်လ်က္ အခိုင္အမာတည္ေဆာက္ျပသြားႏိုင္သည္ဟုလည္း ဆိုႏိုင္ေပေတာ့၏။

သို႔ျဖစ္လွ်င္ စာ႐ႈသူတို႔အေနႏွင့္လည္း မိမိတို႔၏ ဘဝတြင္ စည္းစိမ္ဥစၥာ၊ ရာထူးဂုဏ္႐ွိန္မ်ား အေျခခိုင္မာတည္တံ့ေစမည့္၊ ေငြေၾကးလာဘ္လာဘေကာင္းစြာ ပြင့္လန္းေစမည့္အက်ိဳးကိုရည္ေမွ်ာ္လ်က္ မဟာဘုတ္ပညာျဖင့္ မည္သို႔စီရင္ပါအံ့နည္း။

သကၠရာဇ္ကိုတည္၍ ၇ ျဖင့္စားပါ။ ၁ႂကြင္းလွ်င္ ၁ႂကြင္းမဟာဘုတ္သမား၊ ၅ႂကြင္းလွ်င္ ၅ ၾကြင္းမဟာဘုတ္သမားဟုေခၚပါသည္။ အဘမင္းသိခၤသည္ ၆ ၾကြင္း မဟာဘုတ္သမားျဖစ္ပါသည္။ မိမိတို႔၏ မဟာဘုတ္အႂကြင္းအလိုက္ ေအာက္ပါအတိုင္းသင့္ေလ်ာ္သလို စီရင္ႏိုင္ၾကပါေစကုန္သတည္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mm-homedecor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service