နေပြည်တော်ကောင်စီမြေ အငြိမ်စားဝန်ထမ်းအိမ်ရာလျှောက်ထားသူများအား မဲနှိုက်နေရာချထားပေးမည်

နေပြည်တော်ကောင်စီမြေ အငြိမ်စားဝန်ထမ်းအိမ်ရာလျှောက်ထားသူများအား မဲနှိုက်နေရာချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
4 Jan 2021 10:21 am တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေပြည်တော်ကောင်စီမြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး(မြို့မဈေးအနီး) အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် ဒုတိယအဆင့်ဆောက်လုပ်သည့် တိုက်၁၂၅ လုံးရှိ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်လျှောက်ထားသူများမှ ဒီဇင်ဘာလကုန်ထိ ငွေသွင်းပြီးသူများအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက် နံနက် ၉ နာရီအချိန်မှစတင်ကာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲနှိုက်နေရာချထားပေးသည့်အခမ်းအနားကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဖြစ်မှုကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရေး ငွေပေးသွင်းပြီးသည့် လျောက်ထားသူများကို ဖိတ်ကြားထားခြင်း မပြုတော့ဘဲ လျောက် ထားသူများကိုယ်စား အငြိမ်းစားဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေးဦးစီးကော်မတီက မဲနှိုက်ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

ထို့ပြင် မဲနှိုက်နေရာချထားခြင်းအခမ်းအနားကျင်းပနေမှုများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ NPTDC Webportal ဖေ့ဘွတ်ပေ့ဂျ်တွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း အငြိမ်းစား ဝန်ထမ်းအိမ်ရာများစိစစ်နေရာချထားရေးဆပ်ကော်မတီမှ သိရသည်။

အငြိမ်းစားဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေးဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ကောင်စီမြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး(မြို့မဈေးအနီး)၊ မြေဧရိယာ ၂၃၀ ဧကပေါ် တွင် လေးခန်းတွဲ၊ လေးထပ်၊ အခန်း တစ်ခန်းလျင် အိပ်ခန်း နှစ်ခန်းပါ ၆၅၀ စတုရန်းပေရှိ လူနေတိုက်ခန်း များ တည်ဆောက်လျက်ရှိနေခြင်းဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

[Zawgyi]




ထို့ပြင် မဲနှိုက်နေရာချထားခြင်းအခမ်းအနားကျင်းပနေမှုများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ NPTDC Webportal ဖေ့ဘွတ်ပေ့ဂ်ျတွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း အငြိမ်းစား ဝန်ထမ်းအိမ်ရာများစိစစ်နေရာချထားရေးဆပ်ကော်မတီမှ သိရသည်။



နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service