ကမ္ဘာကြီးကိုကယ်တင်မည့် အိန္ဒိယထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး

ကမ္ဘာကြီးကိုကယ်တင်မည့် အိန္ဒိယထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး - Property News in Myanmar from iMyanmarHouse.com
16 Dec 2020 10:49 am တွင် တင်ခဲ့သည်
2453 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

[မူရင်းဆောင်းပါးရှင် SreeramChaulia ၏ Indian-made COVID vaccines will save the world ကိုဆီလျော်အောင် မြန်မာပြန်သည်။ SreeramChauliaသည် အိန္ဒိယနိုင်ငံ၊ ဟာယာနာပြည်နယ် စူနိပက် (Sonipat ) မြို့ရှိJindal School of International Affairs မှ ပါမောက္ခ၊ မဟာဌာနမှူးတစ်ဦး ဖြစ်သည်။]

အမေရိကန်မှ Pfizer နှင့် တရုတ်ပြည်၏ နိုင်ငံပိုင်ဆေးဝါးကုမ္ပဏီအုပ်စုဖြစ်သောSinopharmတို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ပြည်ပနိုင်ငံများတွင် အသုံးပြုခွင့်များရရှိလာမှုနှင့်အတူမကြာသေးမီလူ့သမိုင်း၌ လူတို့ ဝယ်လိုအားအမြင့်ဆုံးဆေးကိုထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် အဆောတလျင် ကြိုးပမ်းလာကြသည်။

ကမ္ဘာ့သတင်းမီဒီယာတို့တွင် ဖော်ပြချက်များအရကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်ကြရေးအတွက် အနောက်နိုင်ငံများမှ ပုဂ္ဂလိကုမ္ပဏီကြီးများမှ ထုတ်လုပ်သောကာကွယ်ဆေးများသည် တရုတ်နှင့် ရုရှားတို့၏ နိုင်ငံပိုင်ကုမ္ပဏီများမှ ထုတ်လုပ်သောကာကွယ်ဆေးများနှင့် ယှဉ်ပြိုင်နေကြသည်ဟု ရှုမြင်သုံးသပ်ခြင်းခံရသည်။

အဆိုပါပြိုင်ပွဲသည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကိုဆေးဝါးပြိုင်ပွဲအသွင်ဖြင့် တွေ့မြင်ရခြင်းဖြစ်ပြီးခေတ်သစ်စစ်အေးတိုက်ပွဲအသွင် ဆင်နွှဲလာကြသည်။

ယင်းသို့သော နှစ်ဘက်ပြိုင်ပွဲကြီးတွင် အားလုံးမျက်စိလျှမ်းသွားကြသည့် ပြိုင်ပွဲဝင်တစ်ဦးကားအိန္ဒိယပင်။

အိန္ဒိယတွင် ကမ္ဘာ့အကြီးမားဆုံးကာကွယ်ဆေးထုတ်လုပ်နိုင်မှု စွမ်းအားရှိနေပြီးကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေး ၆၀ ရာခိုင်နှုန်းကိုအိန္ဒိယမှ ထုတ်လုပ်ခြင်း ဖြစ်သည်။

ဟိုက်ဒရာဘက်ကဲ့သို့ မြို့ကြီးများတွင် တစ်ကမ္ဘာလုံးကာကွယ်ဆေးဝယ်လိုအား၏ ၃ ပုံ ၁ ပုံခန့်အထိထုတ်လုပ်နိုင်သည့် ဆေးဝါးအခြေခံအဆောက်အအုံများရှိနေပြီးကမ္ဘာ့ ကာကွယ်ဆေးမြို့တော်ဟူ၍ပင် နာမည်ကျော်သည်။

အိန္ဒိယမှ အခြားမြို့တစ်မြို့ဖြစ်သော ပြွန်းမြို့တွင် တည်ရှိသည့် Serum Institute of India (SII) ဆိုလျှင် တစ်နှစ်လျှင် ကာကွယ်ဆေး ၁ ဒသမ ၅ ဘီလီယံကျော် ထုတ်လုပ်နေသည့် ကုမ္ပဏီကြီး ဖြစ်သည်။

အိန္ဒိယကာကွယ်ဆေးများသည် ဈေးသက်သာမှုအပြင် ဘေးကင်းမှုနှင့် ထိရောက်မှုတွင်လည်းနာမည်ကောင်းများရရှိထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အတည်ပြုခြင်းခံထားရသောတရုတ်ပြည်ထုတ် ကာကွယ်ဆေးမှာ ၅ ခုသာရှိပြီးအိန္ဒိယထုတ် ကာကွယ်ဆေးမှာမူ ၄၇ မျိုးအထိရှိသည်။

ထိုအချက်မှာအရည်အသွေးထိန်းချုပ်မှု ကောင်းခြင်းအတွက် သက်သေတစ်ခုလည်း ဖြစ်သည်။

အိန္ဒိယသည် ပြည်တွင်းတွင် သန်းရာပေါင်းများစွာသော ပြည်သူများကို ကြီးမားသည့် ကာကွယ်ဆေးထိုးနှံမှု စီမံကိန်းများအောင်မြင်စွာဆောင်ရွက်နိုင်သည့် မှတ်တမ်းလည်းရှိသည်။

မိမိနိုင်ငံ၏ တီထွင်မှုနှင့် ကောင်းသတင်းပုံရိပ်အပေါ် အပြည့်အဝယုံကြည်ထားသည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးတိုက်ဖျက်ရေးတွင် လူသားအားလုံးကိုကူညီမည်ဟုကတိပြုထားသည်။

အိန္ဒိယသည် ဗြိတိန်၏ AstraZeneca ၊ အမေရိကန်၏ Novavax နှင့် ရုရှား၏ Gamaleya Research Instituteတို့ထံမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးဆေးအလုံးရေ ၁ ဒသမ ၆ ဘီလီယံဝယ်ယူမည်ဖြစ်ပြီးအဆိုပါဆေးအားလုံးကိုအိန္ဒိယတွင် ထုတ်လုပ်ရန် သဘောတူညီထားသည်။

ထို့အပြင် အိန္ဒိယကုမ္ပဏီများဖြစ်သော Bharat Biotech နှင့် Biological Eတို့ကလည်း ပြည်တွင်းတွင် သုတေသနပြုနေသောကာကွယ်ဆေးများထုတ်လုပ်ရန် စိုင်းပြင်းနေကြသည်။

အိန္ဒိယအစိုးရသည် ပြည်သူ ၁ ဒသမ ၃ ဘီလီယံမှ ကာကွယ်ဆေးထိုးရန် လိုအပ်သည့်အနည်းဆုံးရာခိုင်နှုန်းဖြစ်သော ၆၀ ရာခိုင်နှုန်းအတွက်နှင့် အခြားသောကမ္ဘာတစ်ဝန်းရှိကာကွယ်ဆေးလိုအပ်သည့် နိုင်ငံများအတွက် လုံလောက်သည့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

လိုအပ်သောလုပ်ထုံးလုပ်နည်းဆိုင်ရာခွင့်ပြုချက်များရရှိပြီးသည်နှင့် အိန္ဒိယကာကွယ်ဆေးနှင့် အိန္ဒိယထုတ် ပြည်ပကာကွယ်ဆေးများသည် ကမ္ဘာ့တိုက်ကြီးများကို ဖြတ်ကျော် ပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ကာကွယ်ဆေး ကြိုတင်မှာယူမှုများမပြုလုပ်နိုင်ဘဲ WHO ဦးဆောင်သည့် Covaxအစီအစဉ်မျိုးအပေါ် မှီခိုအားထားမျှော်လင့်နေကြရသည့် နိုင်ငံများကိုကူညီသွားမည် ဖြစ်သည်။

အိန္ဒိယသည် Covaxအစီအစဉ်သို့ ကန်ဒေါ်လာ ၁၅ သန်းလှူဒါန်းရန် ကတိပြုထားပြီး ဖြစ်သည်။

သို့သော် ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများအကြားအမျိုးသားရေးအမြင် အခြေပြုယှဉ်ပြိုင်နေမှုမျိုးလည်းအခြားကမ္ဘာ့ခေါင်းဆောင်များနည်းတူအိန္ဒိယတွင်လည်းရှိနေသည်။

အိန္ဒိယအနေဖြင့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ နိုင်ငံပေါင်းများစွာသို့ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ကာကွယ်ဆေးများတင်ပို့သွားမည် ဖြစ်သည်။

AstraZeneca ကာကွယ်ဆေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အထူးသင့်လျော်မည့် ကာကွယ်ဆေးတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုလျှင် ဈေးသက်သာမှုအပြင် အပူပိုင်းဒေသများတွင် သယ်ယူပို့ဆောင်ထိန်းသိမ်းမှုအတွက် များစွာမခက်ခဲသောကြောင့် ဖြစ်၏။ လာမည့် ဇန်နဝါရီလကုန်တွင် SII က ကာကွယ်ဆေးသန်း ၂၀၀ ထုတ်လုပ်သွားမည် ဖြစ်သည်။

SII က ၎င်းတို့ထုတ်လုပ်သည့် ကာကွယ်ဆေး၏ ထက်ဝက်ကိုဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများအတွက် ရည်မှန်းထားပြီးဈေးနှုန်းမှာဆေးတစ်လုံးအတွက် ၃ ဒေါ်လာ (မြန်မာငွေ ၃၉၀၀ ကျပ်) သာသတ်မှတ်ထားသည်။

အိန္ဒိယ၏ မြောက်ဘက်မှ အိမ်နီးချင်းဖြစ်သောဘူတန်နိုင်ငံ၏ ဝန်ကြီးချုပ် LotayTshering က ပြောရာတွင် ကာကွယ်ဆေးထုတ်လုပ်မှုတွင် ဦးဆောင်နေသည့် အိန္ဒိယသည် မိမိတို့အားလုံး၏ မျှော်လင့်ချက်တစ်ခုဖြစ်ကြောင်းပြောကြားသည်။

ကာကွယ်ဆေးများကိုမဟာဗျူဟာအရအရေးပါသည့် နိုင်ငံများအတွက် ဖြန့်ချိပေးခြင်းသည် ကပ်ဘေးကာလအတွင်း ၎င်း၏ soft power ကိုလွှမ်းခြုံနိုင်စေမည့်အချက်ဖြစ်ကြောင်းအိန္ဒိယကသဘောပေါက်ထားသည်။

အာဖရိကတိုက်တွင် SII ၏ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးသည် ဆင့် ၅၀ (မြန်မာကျပ်ငွေ ၆၀၀ ကျော်) အောက် နည်းပါးသောဈေးနှုန်းဖြင့် ရရှိနိုင်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က လူပေါင်းသိန်းနှင့်ချီသည့် အသက်များကိုကယ်တင်ပေးနိုင်ကြောင်းချီးကျူးထားသည်။

အိန္ဒိယထုတ် Covid-19 ကာကွယ်ဆေးများမှာလည်းကမ္ဘာ့ပြည်သူတို့၏ ကျန်းမာရေးကဏ္ဍကိုပြောင်းလဲပေးနိုင်မည့် game-changersများ ဖြစ်လာနိုင်သည်။

တရုတ်ပြည်သည် ၎င်း၏ ကိုဗစ်ကာကွယ်ဆေးများကိုတစ်ကမ္ဘာလုံးတွင် ဈေးကွက်ရနိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းနေ၏။ သို့သော် ကာကွယ်ဆေးအတွက် နိုင်ငံရေးတောင်းဆိုချက်များမှာထိုင်းနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများအတွက် အမျက်ထွက်ဖွယ်ရာ ဖြစ်နေသည်။

တရုတ်ပြည်ထုတ် ကာကွယ်ဆေးများသည် အိန္ဒိယထုတ် ကာကွယ်ဆေးများကဲ့သို့ အရည်အသွေးကောင်းမရှိချေ။

တရုတ်ပြည်တွင် နောက်ဆုံးအဆင့် စမ်းသပ်မှုများပင် မပြီးဆုံးသေးဘဲ ပြည်သူပေါင်း ၁ သန်းကျော်ကိုကာကွယ်ဆေးထိုးပေးခဲ့ရာဘေးကင်းမှုနှင့် ထိရောက်မှုအပိုင်းများအတွက် လက်မခံနိုင်ဖွယ်ရာများဖြစ်ခဲ့ရာရုရှား၏ Sputnik-V ကာကွယ်ဆေးအပေါ် ရတက်မအေး ဖြစ်ခဲ့ကြမှုနှင့် အလားတူနေသည်။

ကမ္ဘာကြီး၏ ကယ်တင်ရှင်ဖြစ်ရေး ပြိုင်ပွဲကြီးတွင် သိပ္ပံနည်းကျနမှုဖြင့် ယုံကြည်ခြင်းခံရသောအနောက်နိုင်ငံများမှ ကုမ္ပဏီများနှင့် ကျယ်ပြန့်သည့် မိတ်ဘက်လက်တွဲဆောင်ရွက်မှုများကိုအိန္ဒိယက ပြုလုပ်ထားခြင်းမှာလည်းတရုတ်နှင့် ရုရှားတို့ထက် ခြေတစ်လှမ်းသာနေသည်။

တရုတ်နှင့် ရုရှားတို့၏ ကာကွယ်ဆေးများမှာနိုင်ငံရေးသဘောများပါဝင်နေပြီးအခြားသူထက်သာအောင် အလျင်စလိုအတည်ပြုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကတရုတ်ပြည်ထုတ် ကိုဗစ်ကာကွယ်ဆေးများကိုကမ္ဘာလုံးဆိုင်ရာအသုံးပြုရမည့်အရာ၊ နောက်ဆုံးအဖြေအဖြစ် စီမံကိန်းချလုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သို့သော် တရုတ်ပြည်တွင် ကပ်ဘေးကြီးထွက်ခွာသွားပြီးနောက်ပိုင်း နိုင်ငံတကာတွင်လည်းတရုတ်ပြည်၏ ပုံရိပ်များစွာကျဆင်းလာရာပေကျင်း၏ ကာကွယ်ဆေးသိက္ခာကိုလူတို့အလေးထားကြဦးမည်လောဟူသည်မှာသံသယဖြစ်ဖွယ်ရှိလာသည်။

“ကာကွယ်ဆေးအမျိုးသားရေးဝါဒ” (vaccine nationalism) ၏ ဆိုးကျိုးများနှင့် ပတ်သက်၍လည်းဆွေးနွေးပြောဆိုနေကြမှု များစွာရှိသည်။

နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသားများကျန်းမာရေးကိုသာအလေးထားနေကြပြီးကျန်သည့် ကမ္ဘာကြီး၏ လိုအပ်ချက်ကိုမျက်ကွယ်ပြုထားကြသည်။

သို့သော် ကာကွယ်ဆေးများစတင်ပျံ့နှံ့လာချိန်တွင် ကျွန်ုပ်တို့အနေဖြင့် ကာကွယ်ဆေးနိုင်ငံတကာဝါဒအတွက် ပြိုင်ဆိုင်မှု ပုံသဏ္ဍာန်တစ်မျိုးကိုတွေ့မြင်လာရလိမ့်မည် ဖြစ်သည်။

မှန်ကန်သည့် မဟာဗျူဟာကိုကိုင်စွဲထားသည့် အိန္ဒိယသည် ရည်မှန်းချက်အတိုင်းသာပေါက်မြောက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါကဤပြိုင်ပွဲကြီးတွင် အဝေးဆုံးအထိပြေးနိုင်လိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian-made COVID vaccines will save the world (asia.nikkei)

 

[Zawgyi]

ကမၻာၾကီးကိုကယ္တင္မည့္ အိႏိၵယထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး

[မူရင္းေဆာင္းပါးရွင္ SreeramChaulia ၏ Indian-made COVID vaccines will save the world ကိုဆီေလ်ာ္ေအာင္ ျမန္မာျပန္သည္။ SreeramChauliaသည္ အိႏိၵယႏိုင္ငံ၊ ဟာယာနာျပည္နယ္ စူနိပက္ (Sonipat ) ျမိဳ႕ရွိJindal School of International Affairs မွ ပါေမာကၡ၊ မဟာဌာနမွဴးတစ္ဦး ျဖစ္သည္။]

အေမရိကန္မွ Pfizer ႏွင့္ တရုတ္ျပည္၏ ႏိုင္ငံပိုင္ေဆးဝါးကုမၸဏီအုပ္စုျဖစ္ေသာSinopharmတို႔မွ ထုတ္လုပ္သည့္ ကာကြယ္ေဆးမ်ားသည္ ျပည္ပႏိုင္ငံမ်ားတြင္ အသံုးျပဳခြင့္မ်ားရရွိလာမႈႏွင့္အတူမၾကာေသးမီလူ႔သမိုင္း၌ လူတို႔ ဝယ္လိုအားအျမင့္ဆံုးေဆးကိုထုတ္လုပ္၊ ျဖန္႔ျဖဴးႏိုင္ရန္ အေဆာတလ်င္ ၾကိဳးပမ္းလာၾကသည္။

ကမၻာ့သတင္းမီဒီယာတို႔တြင္ ေဖာ္ျပခ်က္မ်ားအရကမၻာ့ေစ်းကြက္သို႔ ဝင္ေရာက္ႏိုင္ၾကေရးအတြက္ အေနာက္ႏိုင္ငံမ်ားမွ ပုဂၢလိကုမၸဏီၾကီးမ်ားမွ ထုတ္လုပ္ေသာကာကြယ္ေဆးမ်ားသည္ တရုတ္ႏွင့္ ရုရွားတို႔၏ ႏိုင္ငံပိုင္ကုမၸဏီမ်ားမွ ထုတ္လုပ္ေသာကာကြယ္ေဆးမ်ားႏွင့္ ယွဥ္ျပိိဳင္ေနၾကသည္ဟု ရႈျမင္သံုးသပ္ျခင္းခံရသည္။

အဆိုပါျပိဳင္ပြဲသည္ ေကာင္းျမတ္ျခင္းႏွင့္ ဆိုးယုတ္ျခင္းတို႔ကိုေဆးဝါးျပိဳင္ပြဲအသြင္ျဖင့္ ေတြ႔ျမင္ရျခင္းျဖစ္ျပီးေခတ္သစ္စစ္ေအးတိုက္ပြဲအသြင္ ဆင္ႏႊဲလာၾကသည္။

ယင္းသို႔ေသာ ႏွစ္ဘက္ျပိဳင္ပြဲၾကီးတြင္ အားလံုးမ်က္စိလွ်မ္းသြားၾကသည့္ ျပိဳင္ပြဲဝင္တစ္ဦးကားအိႏိၵယပင္။

အိႏိၵယတြင္ ကမၻာ့အၾကီးမားဆံုးကာကြယ္ေဆးထုတ္လုပ္ႏိုင္မႈ စြမ္းအားရွိေနျပီးကမၻာလံုးဆိုင္ရာကာကြယ္ေဆး ၆၀ ရာခိုင္ႏႈန္းကိုအိႏိၵယမွ ထုတ္လုပ္ျခင္း ျဖစ္သည္။

ဟိုက္ဒရာဘက္ကဲ့သို႔ ျမိဳ႕ၾကီးမ်ားတြင္ တစ္ကမၻာလံုးကာကြယ္ေဆးဝယ္လိုအား၏ ၃ ပံု ၁ ပံုခန္႔အထိထုတ္လုပ္ႏိုင္သည့္ ေဆးဝါးအေျခခံအေဆာက္အအံုမ်ားရွိေနျပီးကမၻာ့ ကာကြယ္ေဆးျမိဳ႕ေတာ္ဟူ၍ပင္ နာမည္ေက်ာ္သည္။

အိႏိၵယမွ အျခားျမိဳ႕တစ္ျမိဳ႕ျဖစ္ေသာ ျပြန္းျမိဳ႕တြင္ တည္ရွိသည့္ Serum Institute of India (SII) ဆိုလွ်င္ တစ္ႏွစ္လွ်င္ ကာကြယ္ေဆး ၁ ဒသမ ၅ ဘီလီယံေက်ာ္ ထုတ္လုပ္ေနသည့္ ကုမၸဏီၾကီး ျဖစ္သည္။

အိႏိၵယကာကြယ္ေဆးမ်ားသည္ ေစ်းသက္သာမႈအျပင္ ေဘးကင္းမႈႏွင့္ ထိေရာက္မႈတြင္လည္းနာမည္ေကာင္းမ်ားရရွိထားသည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ၏ အတည္ျပဳျခင္းခံထားရေသာတရုတ္ျပည္ထုတ္ ကာကြယ္ေဆးမွာ ၅ ခုသာရွိျပီးအိႏိၵယထုတ္ ကာကြယ္ေဆးမွာမူ ၄၇ မ်ဳိးအထိရွိသည္။

ထိုအခ်က္မွာအရည္အေသြးထိန္းခ်ဳပ္မႈ ေကာင္းျခင္းအတြက္ သက္ေသတစ္ခုလည္း ျဖစ္သည္။

အိႏိၵယသည္ ျပည္တြင္းတြင္ သန္းရာေပါင္းမ်ားစြာေသာ ျပည္သူမ်ားကို ၾကီးမားသည့္ ကာကြယ္ေဆးထိုးႏွံမႈ စီမံကိန္းမ်ားေအာင္ျမင္စြာေဆာင္ရြက္ႏိုင္သည့္ မွတ္တမ္းလည္းရွိသည္။

မိမိႏိုင္ငံ၏ တီထြင္မႈႏွင့္ ေကာင္းသတင္းပံုရိပ္အေပၚ အျပည့္အဝယံုၾကည္ထားသည့္ အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာမိုဒီကကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးတိုက္ဖ်က္ေရးတြင္ လူသားအားလံုးကိုကူညီမည္ဟုကတိျပဳထားသည္။

အိႏိၵယသည္ ျဗိတိန္၏ AstraZeneca ၊ အေမရိကန္၏ Novavax ႏွင့္ ရုရွား၏ Gamaleya Research Instituteတို႔ထံမွ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးေဆးအလံုးေရ ၁ ဒသမ ၆ ဘီလီယံဝယ္ယူမည္ျဖစ္ျပီးအဆိုပါေဆးအားလံုးကိုအိႏိၵယတြင္ ထုတ္လုပ္ရန္ သေဘာတူညီထားသည္။

ထို႔အျပင္ အိႏိၵယကုမၸဏီမ်ားျဖစ္ေသာ Bharat Biotech ႏွင့္ Biological Eတို႔ကလည္း ျပည္တြင္းတြင္ သုေတသနျပဳေနေသာကာကြယ္ေဆးမ်ားထုတ္္လုပ္ရန္ စိုင္းျပင္းေနၾကသည္။

အိႏိၵယအစိုးရသည္ ျပည္သူ ၁ ဒသမ ၃ ဘီလီယံမွ ကာကြယ္ေဆးထုိးရန္ လိုအပ္သည့္အနည္းဆံုးရာခိုင္ႏႈန္းျဖစ္ေသာ ၆၀ ရာခိုင္ႏႈန္းအတြက္ႏွင့္ အျခားေသာကမၻာတစ္ဝန္းရွိကာကြယ္ေဆးလိုအပ္သည့္ ႏိုင္ငံမ်ားအတြက္ လံုေလာက္သည့္ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ ရည္မွန္းထားသည္။

လိုအပ္ေသာလုပ္ထံုးလုပ္နည္းဆိုင္ရာခြင့္ျပဳခ်က္မ်ားရရွိျပီးသည္ႏွင့္ အိႏိၵယကာကြယ္ေဆးႏွင့္ အိႏိၵယထုတ္ ျပည္ပကာကြယ္ေဆးမ်ားသည္ ကမၻာ့တိုက္ၾကီးမ်ားကို ျဖတ္ေက်ာ္ ပံ့ပိုးေပးႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ား၊ အထူးသျဖင့္ ကာကြယ္ေဆး ၾကိဳတင္မွာယူမႈမ်ားမျပဳလုပ္ႏိုင္ဘဲ WHO ဦးေဆာင္သည့္ Covaxအစီအစဥ္မ်ဳိးအေပၚ မွီခိုအားထားေမွ်ာ္လင့္ေနၾကရသည့္ ႏိုင္ငံမ်ားကိုကူညီသြားမည္ ျဖစ္သည္။

အိႏိၵယသည္ Covaxအစီအစဥ္သို႔ ကန္ေဒၚလာ ၁၅ သန္းလွဴဒါန္းရန္ ကတိျပဳထားျပီး ျဖစ္သည္။

သို႔ေသာ္ ကာကြယ္ေဆးထုတ္လုပ္သည့္ႏိုင္ငံမ်ားအၾကားအမ်ဳိးသားေရးအျမင္ အေျချပဳယွဥ္ျပိဳင္ေနမႈမ်ဳိးလည္းအျခားကမၻာ့ေခါင္းေဆာင္မ်ားနည္းတူအိႏိၵယတြင္လည္းရွိေနသည္။

အိႏိၵယအေနျဖင့္ အာရွ၊ အာဖရိကႏွင့္ လက္တင္အေမရိကရွိ ႏိုင္ငံေပါင္းမ်ားစြာသို႔ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ျဖင့္ ကာကြယ္ေဆးမ်ားတင္ပို႔သြားမည္ ျဖစ္သည္။

AstraZeneca ကာကြယ္ေဆးသည္ ဖြံ႔ျဖိဳးဆဲ ႏိုင္ငံမ်ားအတြက္ အထူးသင့္ေလ်ာ္မည့္ ကာကြယ္ေဆးတစ္ခုျဖစ္သည္။ အဘယ္ေၾကာင့္ဆိုလွ်င္ ေစ်းသက္သာမႈအျပင္ အပူပိုင္းေဒသမ်ားတြင္ သယ္ယူပို႔ေဆာင္ထိန္းသိမ္းမႈအတြက္ မ်ားစြာမခက္ခဲေသာေၾကာင့္ ျဖစ္၏။ လာမည့္ ဇန္နဝါရီလကုန္တြင္ SII က ကာကြယ္ေဆးသန္း ၂၀၀ ထုတ္လုပ္သြားမည္ ျဖစ္သည္။

SII က ၎တို႔ထုတ္လုပ္သည့္ ကာကြယ္ေဆး၏ ထက္ဝက္ကိုဝင္ေငြနည္းပါးသည့္ႏိုင္ငံမ်ားႏွင့္ အလယ္အလတ္ဝင္ေငြရွိေသာ ႏိုင္ငံမ်ားအတြက္ ရည္မွန္းထားျပီးေစ်းႏႈန္းမွာေဆးတစ္လံုးအတြက္ ၃ ေဒၚလာ (ျမန္မာေငြ ၃၉၀၀ က်ပ္)သာသတ္မွတ္ထားသည္။

အိႏိၵယ၏ ေျမာက္ဘက္မွ အိမ္နီးခ်င္းျဖစ္ေသာဘူတန္ႏိုင္ငံ၏ ဝန္ၾကီးခ်ဳပ္ LotayTshering က ေျပာရာတြင္ ကာကြယ္ေဆးထုတ္လုပ္မႈတြင္ ဦးေဆာင္ေနသည့္ အိႏိၵယသည္ မိမိတို႔အားလံုး၏ ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ေၾကာင္းေျပာၾကားသည္။

ကာကြယ္ေဆးမ်ားကိုမဟာဗ်ဴဟာအရအေရးပါသည့္ ႏိုင္ငံမ်ားအတြက္ ျဖန္႔ခ်ိေပးျခင္းသည္ ကပ္ေဘးကာလအတြင္း ၎၏ soft power ကိုလႊမ္းျခံဳႏိုင္ေစမည့္အခ်က္ျဖစ္ေၾကာင္းအိႏိၵယကသေဘာေပါက္ထားသည္။

အာဖရိကတိုက္တြင္ SII ၏ ဦးေႏွာက္အေျမွးေရာင္ကာကြယ္ေဆးသည္ ဆင့္ ၅၀ (ျမန္မာက်ပ္ေငြ ၆၀၀ ေက်ာ္) ေအာက္ နည္းပါးေသာေစ်းႏႈန္းျဖင့္ ရရွိႏိုင္ျပီးကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က လူေပါင္းသိန္းႏွင့္ခ်ီသည့္ အသက္မ်ားကိုကယ္တင္ေပးႏိုင္ေၾကာင္းခ်ီးက်ဴးထားသည္။

အိႏိၵယထုတ္ Covid-19 ကာကြယ္ေဆးမ်ားမွာလည္းကမၻာ့ျပည္သူတို႔၏ က်န္းမာေရးက႑ကိုေျပာင္းလဲေပးႏိုင္မည့္ game-changersမ်ား ျဖစ္လာႏိုင္သည္။

တရုတ္ျပည္သည္ ၎၏ ကိုဗစ္ကာကြယ္ေဆးမ်ားကိုတစ္ကမၻာလံုးတြင္ ေစ်းကြက္ရႏိုင္ရန္ အင္တိုက္အားတိုက္ ၾကိဳးပမ္းေန၏။ သို႔ေသာ္ ကာကြယ္ေဆးအတြက္ ႏိုင္ငံေရးေတာင္းဆိုခ်က္မ်ားမွာထိုင္းႏွင့္ ဖိလစ္ပိုင္တို႔ကဲ့သို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအတြက္ အမ်က္ထြက္ဖြယ္ရာ ျဖစ္ေနသည္။

တရုတ္ျပည္ထုတ္ ကာကြယ္ေဆးမ်ားသည္ အိႏိၵယထုတ္ ကာကြယ္ေဆးမ်ားကဲ့သို႔ အရည္အေသြးေကာင္းမရွိေခ်။

တရုတ္ျပည္တြင္ ေနာက္ဆံုးအဆင့္ စမ္းသပ္မႈမ်ားပင္ မျပီးဆံုးေသးဘဲ ျပည္သူေပါင္း ၁ သန္းေက်ာ္ကိုကာကြယ္ေဆးထိုးေပးခဲ့ရာေဘးကင္းမႈႏွင့္ ထိေရာက္မႈအပိုင္းမ်ားအတြက္ လက္မခံႏိုင္ဖြယ္ရာမ်ားျဖစ္ခဲ့ရာရုရွား၏ Sputnik-V ကာကြယ္ေဆးအေပၚ ရတက္မေအး ျဖစ္ခဲ့ၾကမႈႏွင့္ အလားတူေနသည္။

ကမၻာၾကီး၏ ကယ္တင္ရွင္ျဖစ္ေရး ျပိိဳင္ပြဲၾကီးတြင္ သိပၸံနည္းက်နမႈျဖင့္ ယံုၾကည္ျခင္းခံရေသာအေနာက္ႏိုင္ငံမ်ားမွ ကုမၸဏီမ်ားႏွင့္ က်ယ္ျပန္႔သည့္ မိတ္ဘက္လက္တြဲေဆာင္ရြက္မႈမ်ားကိုအိႏိၵယက ျပဳလုပ္ထားျခင္းမွာလည္းတရုတ္ႏွင့္ ရုရွားတို႔ထက္ ေျခတစ္လွမ္းသာေနသည္။

တရုတ္ႏွင့္ ရုရွားတို႔၏ ကာကြယ္ေဆးမ်ားမွာႏိုင္ငံေရးသေဘာမ်ားပါဝင္ေနျပီးအျခားသူထက္သာေအာင္ အလ်င္စလိုအတည္ျပဳမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

တရုတ္သမၼတရွီက်င့္ဖ်င္ကတရုတ္ျပည္ထုတ္ ကိုဗစ္ကာကြယ္ေဆးမ်ားကိုကမၻာလံုးဆိုင္ရာအသံုးျပဳရမည့္အရာ၊ ေနာက္ဆံုးအေျဖအျဖစ္ စီမံကိန္းခ်လုပ္ေဆာင္ခဲ့ျခင္း ျဖစ္၏။

သို႔ေသာ္ တရုတ္ျပည္တြင္ ကပ္ေဘးၾကီးထြက္ခြာသြားျပီးေနာက္ပိုင္း ႏိုင္ငံတကာတြင္လည္းတရုတ္ျပည္၏ ပံုရိပ္မ်ားစြာက်ဆင္းလာရာေပက်င္း၏ ကာကြယ္ေဆးသိကၡာကိုလူတို႔အေလးထားၾကဦးမည္ေလာဟူသည္မွာသံသယျဖစ္ဖြယ္ရွိလာသည္။

“ကာကြယ္ေဆးအမ်ဳိးသားေရးဝါဒ” (vaccine nationalism) ၏ ဆိုးက်ဳိးမ်ားႏွင့္ ပတ္သက္၍လည္းေဆြးေႏြးေျပာဆိုေနၾကမႈ မ်ားစြာရွိသည္။

ႏိုင္ငံမ်ားသည္ ၎တို႔၏ ႏိုင္ငံသားမ်ားက်န္းမာေရးကိုသာအေလးထားေနၾကျပီးက်န္သည့္ ကမၻာၾကီး၏ လိုအပ္ခ်က္ကိုမ်က္ကြယ္ျပဳထားၾကသည္။

သို႔ေသာ္ ကာကြယ္ေဆးမ်ားစတင္ပ်ံ႕ႏွံ႔လာခ်ိန္တြင္ ကၽြႏု္ပ္တို႔အေနျဖင့္ ကာကြယ္ေဆးႏိုင္ငံတကာဝါဒအတြက္ ျပိဳင္ဆိုင္မႈ ပံုသ႑ာန္တစ္မ်ဳိးကိုေတြ႔ျမင္လာရလိမ့္မည္ ျဖစ္သည္။

မွန္ကန္သည့္ မဟာဗ်ဴဟာကိုကိုင္စြဲထားသည့္ အိႏိၵယသည္ ရည္မွန္းခ်က္အတိုင္းသာေပါက္ေျမာက္ေအာင္ ေဆာင္ရြက္ႏိုင္မည္ဆိုပါကဤျပိဳင္ပြဲၾကီးတြင္ အေဝးဆံုးအထိေျပးႏိုင္လိမ့္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indian-made COVID vaccines will save the world (asia.nikkei)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service