ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
နှစ်(၃၀) မြေငှားစာချုပ်(ဂရန်)များ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့တွင် ဒီဇင်ဘာ ၄ ရက်ကပေးအပ်ခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာမှသိရသည်။
ကော်မတီဝင် (၂) ဦးမင်းသူ၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ ဌာနကြီးမှူး (မြို့/မြေ) ဦးမင်းမင်းဇော်၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန ဌာနမှူး ဦးကိုကိုဦးတို့က တပ်ကုန်းမြို့နယ်အတွင်းရှိ ဆရာစံရပ်ကွက်၊ ဘိုမင်းရောင်ရပ်ကွက်၊ မြဝတီရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ် ကွက်မှ မြေငှားစာချုပ်(ဂရန်)ချထား ပေးခြင်းခံရသူ (၂၂) ဦး တို့ထံ တစ်ဦးချင်းလက်ရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စည်နယ်မြေအတွင်းရှိ ခရီးကွာဝေးသောမြို့နယ်များမှ မြေငှားစာချုပ်(ဂရန်)လျှောက်ထားသူများ အနေ ဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆက်သွယ်ရန်မလိုဘဲ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာ အမှုတွဲများကို လက်ခံစိစစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး တပ်ကုန်းမြို့နေ မြေငှားစာချုပ်(ဂရန်) လျှောက်ထားတင်ပြထားသော ပြည်သူများထံ စတုတ္ထအကြိမ်အဖြစ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ႏွစ္(၃၀) ေျမငွားစာခ်ဳပ္(ဂရန္)မ်ား ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳတြင္ေပးအပ္
ႏွစ္(၃၀) ေျမငွားစာခ်ဳပ္(ဂရန္)မ်ား ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕တြင္ ဒီဇင္ဘာ ၄ ရက္ကေပးအပ္ခဲ့ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ လူမႈကြန္ရက္စာမ်က္ႏွာမွသိရသည္။
ေကာ္မတီဝင္ (၂) ဦးမင္းသူ၊ တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္တင့္၊ ဌာနႀကီးမႉး (ၿမိဳ႕/ေျမ) ဦးမင္းမင္းေဇာ္၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာန ဌာနမႉး ဦးကိုကိုဦးတို႔က တပ္ကုန္းၿမိဳ႕နယ္အတြင္း႐ွိ ဆရာစံရပ္ကြက္၊ ဘိုမင္းေရာင္ရပ္ကြက္၊ ျမဝတီရပ္ကြက္၊ ေအာင္ေဇယ်ရပ္ကြက္၊ ဘုရင့္ေနာင္ရပ္ ကြက္မွ ေျမငွားစာခ်ဳပ္(ဂရန္)ခ်ထား ေပးျခင္းခံရသူ (၂၂) ဦး တို႔ထံ တစ္ဦးခ်င္းလက္ေရာက္ ေပးအပ္ခဲ့ေၾကာင္းသိရသည္။
ေနျပည္ေတာ္ေကာင္စည္နယ္ေျမအတြင္း႐ွိ ခရီးကြာေဝးေသာၿမိဳ႕နယ္မ်ားမွ ေျမငွားစာခ်ဳပ္(ဂရန္)ေလွ်ာက္ထားသူမ်ား အေန ျဖင့္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ လာေရာက္ဆက္သြယ္ရန္မလိုဘဲ သက္ဆိုင္ရာၿမိဳ႕နယ္ စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားတြင္ ေျမစီမံခန္႔ခြဲမႈဆိုင္ရာ အမႈတြဲမ်ားကို လက္ခံစိစစ္ေဆာင္႐ြက္ေပးေနျခင္းျဖစ္ၿပီး တပ္ကုန္းၿမိဳ႕ေန ေျမငွားစာခ်ဳပ္(ဂရန္) ေလွ်ာက္ထားတင္ျပထားေသာ ျပည္သူမ်ားထံ စတုတၳအႀကိမ္အျဖစ္ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com